Channel Myanmar

The Butterfly Lovers (2017)

梁山伯与祝英台

1 Seasons 29 Episodes
Ended

The Butterfly Lovers (2017)

no data

General information

Original name梁山伯与祝英台
Created by

Synopsis of The Butterfly Lovers (2017)

 

မြ၀တီ ပေါ်ကာစက ညစဉ် ခုနှစ်နာရီလောက်မှာထုတ်လွင့်ခဲ့ဘူးတဲ့

ချစ်သူ့လိပ်ပြာဆိုတဲ့ကားလေးကို မှတ်မိကြမယ်ထင်ပါတယ်

အဖွားကြီးတွေ ကြည့်ပြီး မျက်ရည် တရှုံရှုံနဲ့ငိုလိုက် မာဝန်ချိုင်ဆိုတဲ့

လူယုတ်မာကို ဆဲလိုက် မေတ္တာပို့လိုက်နဲ့ ကြည့်ခဲ့ကြတဲ့ကားလေးပါ

အခုဒီကားလေးကို ပြန်လည်ဆန်းသစ်ပြီးတော့ မင်းသားမင်းသမီး

အသစ်တွေနဲ့ ရိုက်ကူးထားတာပါ  ပရိတ်သတ်ကြီးဒီလောက်ပြောတာတောင်

မမှတ်မိသေးဘူးဆိုရင်တော့ လျှန်စန်းပေါ် နဲ့ ကျူးရင်ထိုက် ဆိုရင်တော့ မှတ်မိသွားလောက်မယ် ထင်ပါတယ်

Butterfly lovers (Liang Shanbo and Zhu Yingtai) ဆိုတဲ့တရုတ်ဒရာမာကားလေးကတော့

ဝမ်းနည်းစရာကောင်းတဲ့ အချစ်ပုံပြင်လေးကို ပြန်လည်ပြီးရိုက်ကူးထားခြင်းဖြစ်ပါတယ်

ဒီဇာတ်ကားကိုအရင်ကလဲ ရိုက်ကူးဖူးပါတယ်၊ ဒီကားလေးကိုတော့

၂၀၁၇ ခုနှစ်မှာပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်

Liang Shanbo and Zhu Yingtai ဆိုတဲ့ ဒဏ္ဍာရီ ရိုးရာပုံပြင်လေးဟာ

နာမည်ကြီးရိုးရာပုံပြင်လေးပုဒ်ထဲကတစ်ပုဒ်အပါအဝင်ဖြစ်ပါတယ်

ကျူရင်းထိုက်ဟာ ချမ်းသာကြွယ်ဝတဲ့ကျူမိသားစုမှ

၉ ယောက်မြောက်တစ်ဦးတည်းသောသမီးဖြစ်ပါတယ်

သူဟာ ယောကျာ်းလေးလိုဟန်ဆောင်ပြီး အိမ်မှထွက်ပြေးကာ

ဟန်ကျိုးက ရှောင်းရှန်းစာသင်ကျောင်းမှာပညာသွားရောက်သင်ကြားရာမှ

စာကြမ်းပိုးလေး လျှံရှန်းပေါ်နဲ့တွေ့ဆုံခဲ့ပါတယ် သူတို့နှစ်ယောက်က

အခန်းဖော်တွေလဲဖြစ်ကာရင်းနှီးသွားကြပြီး ရင်းထိုက်ဟာ

စန်းပေါ်ကိုချစ်ခင်နှစ်သက်သွားပါတယ် ဒါပေမယ့်စာကြမ်းပိုးလေး

စန်းပေါ်ဟာ ရင်းထိုက်ကမိန်းကလေးဆိုတာမသိခဲ့ပါဘူး

၃ နှစ်ကြာပညာသင်ကြားပြီးနောက်မှာတော့ လျှံစန်းပေါ်ဟာလဲ

ရင်းထိုက်အပေါ်မေတ္တာရှိကြောင်းဖွင့်ဟခဲ့ပါတယ်၊ကျူအိမ်တော်မှ

သခင်ကြီးကျူဟာသူ့သမီးကို စာဖြင့်ပြန်ခေါ်ကာ ရင်းထိုက်အား

မာမိသားစုမှ မာဝန်ချိုင်နဲ့လက်ဆက်ပေးခဲ့ပါတယ်

ရင်းထိုက်နောက်ကိုလိုက်သွားခဲ့သော စန်းပေါ်မှာ

ရင်းထိုက်ကမိန်းကလေးဆိုတာသိသွားခဲ့ပါတယ်၊

သို့သော်လည်းသူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကတော့ မပြောင်းလဲပဲတည်ရှိခဲ့ပါတယ်

စန်းပေါ်တစ်ယောက် ရင်းထိုက်လက်ထပ်ရတော့မည်ကိုသိပြီး

ရင်းထိုက်ဆီမှပြန်လာကာ အပြင်းဖျားပြီးသေဆုံးသွားပါတော့တယ်

မာဝန်ချိုင်နဲ့လက်ထပ်မယ့်နေ့မှာ ရင်းထိုက်ကအိမ်မှခိုးထွက်လာပြီး

စန်းပေါ်ရဲ့အုတ်ဂူကိုသွားခဲ့ပါတယ် အုတ်ဂူရှေ့မှာ ရင်းထိုက်တစ်ယောက်

အုတ်ဂူကိုဖွင့်ပေးဖို့ ငိုကြွေးပြောဆိုခဲ့ပါတယ် အုတ်ဂူဟာလဲ

ရုတ်ချည်းဆိုသလိုပွင့်လာခဲ့ပါတယ်၊ရင်းထိုက် ပွင့်သွားတဲ့အုတ်ဂူထဲကိုဝင်သွားကာအုတ်ဂူကိုပြန်ပိတ်ပြီး

စန်းပေါ်နဲ့အတူသေသည့်တိုင်လက်တွဲသွားပါတော့တယ်

သူတို့နှစ်ယောက်ရဲ့ဝိညဉ်က လိပ်ပြာနှစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး

သက်ဆုံးတျုင်ပေါင်းသင်းနေထိုင်သွားကြပါတော့တယ်

ဇာတ်လမ်းလေးကတော့ ဒါပါပဲကွယ် သားလေးတို့သမီးလေးတို့ သင်ခန်းစာယူနိုင်ဖို့

ဒီဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ကွယ်

 

Qty – 720p Raw

Duration – 30min for each episode (Est)

Gern – Drama / Romance

Subtitle – Myanmar Hardsub

Translator – Yamin Thawdar Maung/ Boomy Chan/Aung Myat Shwe/Real Ynwa 

Reviewed By – Yamin Thawdar Maung

Encoder – Kyaw Ye Aung

 

 

Download

===============================

Ep 01 (OpenloadYoteshin)

Ep 02 (Openload / Yoteshin)

Ep 03 (Openload / Yoteshin)

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Year
Firt air date
Last air date2017-04-12
TypeScripted
Episode runtime40 min
Popularity0.749618
TV StatusEnded

Seasons and episodes

No data available


Videos

No data available

Comments