Channel Myanmar

Warrior (2011)

Warrior    

PG-13 2h 20min ActionDramaSport

8.2
IMDB: 8.2/10 827,985 votes

, , , ,

, , , , , , , , ,

Top Rated Movies #161 | Nominated for 1 Oscar. Another 5 wins & 21 nominations.

USA

637186

Report error

Warrior (2011)
IMDb – 8.2/10_____Rotten – 83%

 


အရက်စွဲရာက ပြန်လည်နာလန်ထနိုင်ဖို့ ကြိုးစားနေတဲ့ Paddy Conlon (Nick Nolte) ဆီကို နှစ်ပေါင်းများစွာက ခွဲခွာသွားပြီး သူ့ကို စိတ်နာနေခဲ့တဲ့ မရိန်းတပ်သားဟောင်းဖြစ်တဲ့ Tommy Riordan(Tom Hardy) ရောက်လာပြီး

ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ သမိုင်းမှာ ဆုကြေး အမြင့်ဆုံး ဖြစ်တဲ့ “စပါတာ”ဆိုတဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးဖို့တောင်းဆိုလာပါတယ်။

Paddy တစ်ယောက် သားဖြစ်သူကို ပြိုင်ပွဲဝင်ဖို့လေ့ကျင့်ပေးရင်း နွေးထွေးတဲ့ဆက်ဆံရေး ပြန်ရဖို့ကြိုးစားပါတော့တယ်။

Paddy မှာ Tommy လိုပဲ သူ့ကို အသိအမှတ်မပြုပဲ စိတ်နာနေတဲ့ Brendan Conlon (Joel Edgerton) ဆိုတဲ့ MMA ကစားသမား ဘဝကနေ အနားယူပြီး ကျောင်းဆရာလုပ်နေတဲ့ အိမ်ထောင်သည်သားတစ်ယောက်ရှိပါတယ်။

Brendan ရဲ့ သမီးငယ်လေးအတွက် နှလုံးရောဂါကုသစရိတ်ကြောင့် သူတို့မိသားစုရဲ့ အိမ်ကို ဘဏ်ကသိမ်းဖို့ အခြေအနေတစ်ခုကြုံနေရပြီး အဲဒီပြသနာကို ဖြေရှင်းဖို့ Brendan ကလည်း “စပါတာ”ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပါတော့တယ်။

ဒီလိုအဖုအထစ်တွေရှိတဲ့ သူတို့သားအဖ သုံးယောက် “စပါတာ(MMA)” ပြိုင်ပွဲမှာ ဘယ်လိုတွေဆက်ပြီး ဖြစ်ပျက်ကြမလဲ ပြိုင်ပွဲမှာ ဘယ်သူက ဘယ်လိုအနိုင်ရသွားမလဲဆိုတာကတော့………

Mixed Martial Art(MMA) ဇာတ်ကားတစ်ကား ဖြစ်တဲ့ Warrior ဇာတ်ကားမှာ အမိုက်စား တိုက်ခိုက်ထိုးသတ်မှုတွေကို အားပါးတရ ကြည့်ကြရမှာပါ။ ဒါပေမယ့် ဒီဇာတ်ကား ရဲ့ Themes က အဲဒီထက်ပိုပါတယ်။

မိသားစု တစ်ခုကို ပြိုကွဲပျက်စီးသွားစေနိုင်တဲ့ အရက်စွဲမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ မေ့ပျောက်ဖို့ ခဲယင်းတဲ့ ကလေးဘဝရဲ့ စိတ်ဒဏ်ရာ၊ ခွင့်လွှတ်အနစ်နာခံမှု၊ ညီအကိုချင်း မေတ္တာ၊ သားသမီးအပေါ်ထားရှိတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာ တရား၊ မိသားစုအတွက် ဘာမဆို ရင်ဆိုင်တိုက်ခိုက်မယ် ဆိုတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ အားမာန် စသဖြင့် … စသဖြင့် ဖော်ညွှန်းထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

ကြည့်လို့တန်တဲ့ ဇာတ်ကားကောင်း တစ်ကားမို့ CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။

 

(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ခံစားဘာသာပြန်ထားသူကတော့ Kaung Thant Sin ပဲဖြစ်ပါတယ်….)

 

 

အရက္စြဲရာက ျပန္လည္နာလန္ထႏိုုင္ဖို႕ ႀကိဳးစားေနတဲ့ Paddy Conlon (Nick Nolte) ဆီကို ႏွစ္ေပါင္းမ်ားစြာက ခြဲခြာသြားၿပီး သူ႕ကို စိတ္နာေနခဲ႕တဲ႕ မရိန္းတပ္သားေဟာင္းျဖစ္တဲ႕ Tommy Riordan(Tom Hardy) ေရာက္လာၿပီး

ကိုယ္ခံပညာေပါင္းစံုၿပိဳင္ပြဲ သမိုင္းမွာ ဆုေၾကး အျမင္႔ဆံုး ျဖစ္တဲ႕ “စပါတာ”ဆိုတဲ႕ၿပိဳင္ပြဲကို ဝင္ၿပိဳင္ဖို႕အတြက္ ေလ့က်င့္ေပးဖို႔ေတာင္းဆိုလာပါတယ္။

Paddy တစ္ေယာက္ သားျဖစ္သူကို ၿပိဳင္ပြဲဝင္ဖို႔ေလ႔က်င္႔ေပးရင္း ေႏြးေထြးတဲ႕ဆက္ဆံေရး ျပန္ရဖို႔ႀကိဳးစားပါေတာ႔တယ္။

Paddy မွာ Tommy လိုပဲ သူ႕ကို အသိအမွတ္မျပဳပဲ စိတ္နာေနတဲ႕ Brendan Conlon (Joel Edgerton) ဆိုတဲ႕ MMA ကစားသမား ဘဝကေန အနားယူၿပီး ေက်ာင္းဆရာလုပ္ေနတဲ႕ အိမ္ေထာင္သည္သားတစ္ေယာက္ရွိပါတယ္။

Brendan ရဲ႕ သမီးငယ္ေလးအတြက္ ႏွလံုးေရာဂါကုသစရိတ္ေၾကာင္႔ သူတို႔မိသားစုရဲ႕ အိမ္ကို ဘဏ္ကသိမ္းဖို႕ အေျခအေနတစ္ခုၾကံဳေနရၿပီး အဲဒီျပသနာကို ေျဖရွင္းဖို႕ Brendan ကလည္း “စပါတာ”ျပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ပါေတာ႔တယ္။

ဒီလိုအဖုအထစ္ေတြရွိတဲ႕ သူတို႕သားအဖ သံုးေယာက္ “စပါတာ(MMA)” ၿပိဳင္ပြဲမွာ ဘယ္လိုေတြဆက္ၿပီး ျဖစ္ပ်က္ၾကမလဲ ၿပိဳင္ပြဲမွာ ဘယ္သူက ဘယ္လိုအႏိုင္ရသြားမလဲဆိုတာကေတာ႔………

Mixed Martial Art(MMA) ဇာတ္ကားတစ္ကား ျဖစ္တဲ႔ Warrior ဇာတ္ကားမွာ အမိုက္စား တိုက္ခိုက္ထိုးသတ္မႈေတြကို အားပါးတရ ၾကည္႔ၾကရမွာပါ။ ဒါေပမယ္႔ ဒီဇာတ္ကား ရဲ႕ Themes က အဲဒီထက္ပိုပါတယ္။

မိသားစု တစ္ခုကို ၿပိဳကြဲပ်က္စီးသြားေစႏိုင္တဲ႔ အရက္စြဲမႈ၊ အိမ္တြင္းအၾကမ္းဖက္မႈ၊ ေမ႔ေပ်ာက္ဖို႔ ခဲယင္းတဲ႕ ကေလးဘဝရဲ႕ စိတ္ဒဏ္ရာ၊ ခြင္႔လႊတ္အနစ္နာခံမႈ၊ ညီအကိုခ်င္း ေမတၱာ၊ သားသမီးအေပၚထားရွိတဲ႔ အေဖတစ္ေယာက္ရဲ႕ ေမတၱာ တရား၊ မိသားစုအတြက္ ဘာမဆို ရင္ဆိုင္တိုက္ခိုက္မယ္ ဆိုတဲ႔ အိမ္ေထာင္ဦးစီးတစ္ေယာက္ရဲ႕ အားမာန္ စသျဖင့္ … စသျဖင္႔ ေဖာ္ၫႊန္းထားတဲ့ဇာတ္ကားတစ္ကားပဲျဖစ္ပါတယ္။

ၾကည့္လို႕တန္တဲ႔ ဇာတ္ကားေကာင္း တစ္ကားမို႕ CM ပရိသတ္ႀကီးအတြက္တင္ဆက္ေပးလိုက္ရပါတယ္ဗ်ာ။

 

(ဒီဇာတ္ကားရဲ႕အညႊန္းနဲ႕ခံစားဘာသာၿပန္ထားသူကေတာ့ Kaung Thant Sin ပဲၿဖစ္ပါတယ္….)

 

 

File size…(1.1 GB)

Quality…BluRay 720p

Format…mp4

Duration….02:19:54

Subtitle….Myanmar Subtitle (Hardsub)

Translator…Kaung Thant Sin

Encoder….Moe Myint Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Warrior (2011)
Warrior (2011)
Warrior (2011)
Warrior (2011)
Warrior (2011)
Warrior (2011)


No downloads available

Genres



Related movies