Channel Myanmar

[18+] A Girl and A Guy (2021)

AdultAsianComedyRomance

5.7
IMDB: 5.7/10 votes

2652837

Report error

ရက်ဖ် ဆိုတဲ့ကောင်လေးဟာ မာကတ်တင်းအေဂျင်စီတစ်ခုမှာ အလုပ်လုပ်ပေမယ့် ရေရာတဲ့ ဦးတည်ချက်မရှိ၊ဘယ်အရာကိုမှ
အလေးထားဂရုစိုက်လေ့ မရှိတဲ့ပေါ့ပျက်ပျက်ကောင်လေးတစ်ယောက်ပါ။
ဖီယိုနာ ကတော့တစ်ချိန်ကျရင် နာမည်ကျော် ဒါရိုက်တာတစ်ယောက်ဖြစ်ချင်တဲ့ အိမ်မက်ကြီးကြီးမားမားကိုပွေ့ဖက်ရင်း
လောလောဆည်မှာတော့ထုတ်လုပ်ရေးပိုင်းလက်ထောက်အဖြစ်နဲ့တာဝန်ယူထားပါတယ်။

သူတို့နှစ်ယောက်ဟာ
ပတ်ဝန်းကျင်အသိုင်းအဝိုင်း အနေအထားတွေ အစစအရာရာဝေးကွာတဲ့အပြင်တစ်ယောက်နဲ့တစ်ယောက်လဲမသိကြပါဘူး။
သူတို့နှစ်ယောက်ကြားမှာတူတာဘာရှိလဲဆိုတော့ လတ်တလောမှာမှ သူတို့တစ်သက်စာရည်ရွယ်တဲ့ချစ်သူတွေက
ရက်ရက်စက်စက်လမ်းခွဲခြင်းကိုခံလိုက်ရတဲ့ စော်ပစ်ကောင်နဲ့ဘဲပစ်မလေးဖြစ်နေကြရှာတာပါပဲ။

အဲ့ဒီကနေ ဘဝပျက်မတတ်
အနာဂတ်ပျောက်မတတ်ခံစားမိကြရင်း အခြေအနေတွေကို နိုင်သလိုကောင်းမယ်ထင်သလိုပြန်လည်ထိန်းသိမ်းကြရင်းနဲ့ Tinder မှာ
တစ်ယောက်နဲ့တစ်ယောက်ဆုံဖြစ်ကြပါတယ်၊ သူတို့နှစ်ယောက်အပြင်မှာဆုံမိကြမယ့်ဆဲဆဲမှာ Covid ဖြစ်ပွားမှုနဲ့ လော့ဒေါင်းကာလရှည်
ချတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်အွန်လိုင်းပေါ်ကနေ ပိုမိုရင်းနှီးသံယောဇဉ်တွေတွယ်လာရင်းနဲ့မှ နောက်ထပ်ချစ်သူသစ်တွေ
ကိုယ်စီရှာတွေ့သွားကြတဲ့အခါ..၊

A Girl And A Guy ဟာ Rom/com အမျိုးအစားကိုမှလက်ရှိခေတ်အနေအထားနဲ့သရုပ်ဖော်ပြသွားတဲ့ဇာတ်ကားဖြစ်ပါတယ်။
ဒီတော့ ဇာတ်လမ်းအကျဉ်းထဲမှာထည့်မပြောထားပေမယ့် sex scenes တွေအများကြီးပါဝင်ပြီးတော့ တကယ်လဲကြမ်းတမ်းပါတယ်။(ကြည့်နေရင်းနဲ့
ဟာ ဒါကြီးလဲပြတာပဲလား ဆိုပြီးအံ့သြစရာတွေအထိပါပါတယ်)

ဖိလစ်ပိုင်ကားတွေဂျင်းမဟုတ်ဘူးဆိုတာတစ်ခေတ်တစ်ခါက နာမည်ကျော် Silip/Daughters of Eve တို့ Scorpio Nights တို့လို
ဇာတ်ကားတွေကြည့်ဖူးရင်သိမှာပါ။ Scorpio Nights ဆိုတာတစ်ချိန်ကလူငယ်တိုင်းကြည့်ဖူးကြမဲ့ ကိုရီးယားအပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း
Summertime (2001) ရဲ့မူရင်းပါ။

နောက်ပိုင်းတင်းကျပ်လာတဲ့ဆင်ဆာကြောင့်သာ လွတ်အောင်ရှောင်ရင်းပရိသတ်အတွက်၊ အားမရစရာတွေဖြစ်ခဲ့ပေမယ့်
အခုလို Streaming တွေကထွက်လာတဲ့တစ်ချို့ကားတွေ၊ Indie ကားတွေမှာအားရစရာတွေမြင်တွေ့ရတုန်းပါပဲ။ ဒီကားလဲအားရစရာသိပ်ကောင်းပါတယ်။

File size…(1.8 GB)/(800 MB)
Quality….WEB-DL 1080p / 720p
Format…mp4
Duration….02:10:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Alias



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

[18+] A Girl and A Guy (2021)
[18+] A Girl and A Guy (2021)
[18+] A Girl and A Guy (2021)


No downloads available

Genres



Related movies