Exit print mode Print Data A+ A- Undo all

1922 (2017)

1922 (2017)1922 (2017)

Synopsis:

1922 (2017)
IMDb – 6.3/10_____Rotten – 91%

 

 

ကမ္ဘာကျော် သည်းထိတ်ရင်ဖို ဝထ္ထုဆရာကြီး Stephen King ရဲ့ ပြောင်မြောက်တဲ့အတွေးနဲ့ လက်ရာအရေးသားတို့ တန်ဆာဆင်ထားတဲ့သံဝေဂ ရစရာ သည်းထိတ်ရင်ဖို သရဲကား တင်ဆက်ပေးလိုက်ပါတယ်။

ဒီဇာတ်ကားကားကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခု ထင်ကျန်နေခဲ့မှာအသေချာပါပဲ။

သေချာတာကတော့ Stephen King ရဲ့ ထူးခြားဆန်းပြားတဲ့ အတွေးခေါ်တွေနဲ့ လူ့သဘာဝကို ဖေါ်ကျူးထားပုံက လက်ဖျားခါရလောက်ပါပေတယ်။

ဇာတ်လမ်းကို ဇာတ်ကောင်အနဲစုနဲ့ တည်ဆောက်ထားပြီးတော့ တစ်ယောက်ချင်းစီရဲ့ မရှိသင့်တဲ့ မာန နဲ့ တစ်ကိုယ်ကောင်းစိတ် တွေကို ရောယှက်ထားပါတယ်။

တောသဘာဝကို အခြေခံရိုက်ကူးထားပြီး တောပျော်တွေရဲ့ စိတ်ဓာတ်ကို ပုတ်ခတ်လှုပ်နှိုးထားတာပါပဲ။

ဇာတ်လမ်းလေးကို မိသားစုနှစ်စုနဲ့ လှစ်ဟပြထားပါတယ်။

ဝစ် တစ်ယောက်သူနဲ့ ခံယူချက်ချင်းမတူတဲ့ သူ့ဇနီး အလက်တီကြောင့် အကြံအိုက်နေပါတယ်။

အိမ်ထောင်ဦးစီးဖြစ်နေပေမဲ့ သူ့ရဲ့သြဇာကဘယ်လိုနည်းနဲ့မှ မညောင်းတော့ပါဘူး။

သူ့ဇနီးကလည်း ခက်ထန် တစ်ယူသန်သူတစ်ယောက်ဖြစ်နေပါတယ်

ပိုဆိုးတာက လက်ရှိလယ်တွေက သူ့အဖိုးကပေးထားတဲ့သူ့နာမည်ပေါက် လယ်တွေကြောင့်ပါပဲ။

အလက်တီ အစီစဉ်က တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ ထုံးကိုမူ ရှိသမျှလယ်တွေကို ရောင်းပြီး မြို့တက် စီးပွါးပြောင်း
လုပ်ချင်နေတာပါ။

ဝစ်ကလည်း လယ်အလုပ်ကို မပစ်နိုင်ပါဘူး။

အလက်တီကလည်း လိုက်မပြောင်းနိုင်ရင် ကွာရှင်းပြီး သားကိုခေါ်သွားမယ်တဲ့လေ။

အတော်အတ္တကြီးတဲ့မိန်းမပါပဲ။

အဲဒီမှာတင် ဝစ် မှာဗလောင်ဆူနေပါပြီ သားကိုလည်းဆုံးရှုံးရမယ် လယ်တွေလည်းဆုံးရှုံးရမယ်တဲ့လေ။

အဲဒီမှာတင် ဝစ် ရဲ့ မကောင်းတဲ့စိတ်နဲ့ကောင်းတဲ့စိတ်က လွန်ဆွဲနေပါပြီ။

 

 

မိန်းမကိုလည်း မကျေနပ်ဖြစ်လာပြီး သားနဲ့ပိုင်ဆိုင်မှု့တွေကိုလည်း ဆုံးရှုံးရမှာစိုးရိမ်လာပါပြီ။

တစ်နေ့မှာတော့ ဝစ် အတွက်မဟာအခွင့်ရေးကြီးဆိုက်ရောက်လာပါတယ်

အဲဒါကတော့ ဝစ်ရဲ့သား ဟင်နရီနဲ့ သူတို့အိမ်နဘေးက ကောင်မလေး ရှန်နွန်တို့ ချစ်ကြိုက်နေတာကိုဝစ် သိရှိသွားပါတယ်။

ဝစ်ရဲ့ မကောင်းတဲ့စိတ်ကကြီးစိုးနေပါတယ်

အဲဒီအခွင့်ရေးကို ကောင်းကောင်းကြီးအသုံးချလိုက်ပါတယ်။

သူ့သားကို သူ့အမေမြို့ပြောင်းသွားရင်ရှန်နွန်နဲ့ အပြီးပိုင် ခွဲရမှာဆိုပြီး နားသွင်းပါတော့တယ်။

ဟင်နရီကလည်း ချစ်စိတ်မွှန်နေပြီမို့ သူ့အဖေကရာဇာတ်ကို လိုက်ပါတော့တယ်။

သူတို့ရဲ့အစီစဉ်က ဘယ်လိုမှညှိနှိုင်းလို့မရတဲ့ အလက်တီကို အယုံသွင်းပြီး လက်စဖျောက်ဖို့ပါပဲ။

လက်စဖျောက်ပြီးများမကြာခင်မှာပဲ သားဖြစ်သူကလည်း ဘယ်လိုမှတားမရပဲရှန်နွန်ကို ခိုးပြေးပါတော့တယ်။

ဝစ် ဘယ်လိုမှမတက်နိုင်တော့ပါဘူး ရဲတိုင်ရင်လည်း အကုန်ဖေါ်မှာတဲ့လေ။

အဲဒီမှာပဲ ဝစ် တစ်ယောက် ဒုက္ခတွေကိုစပြီးခံစားလာရပါတယ်။

သူ သတ်ခဲ့တဲ့ သူ့မိန်းမရဲ့ ဝိဉာဉ်က စတင်ခြောက်လှန့်ပါတော့တယ်။

ဝစ် တစ်ယောက် အထီးကျန်တဲ့ ရသရော မိန်းမရဲ့ခြောက်လှန့်မှု့ကို ပါ အသည်းအသန်အန်တု ရင်ဆိုင်နေရပါတယ်။

ဆောင်းရာသီရဲ့ အသည်းခိုက်မတက် အအေးဒဏ်ကိုလည်း သေလုမတက်ခံစားနေရပါတယ်။

သူခံစားနေရတာတွေက တန်ရဲ့လား။

သူ့သားရဲ့ သူ့အပေါ်ထားတဲ့ ခေါင်းမာတဲ့စိတ်။

သူ့အမေရဲ့ တစ်ယူသန်စိတ်။

ဝစ် ရဲ့ အတ္တ အားလုံးပေါင်းလိုက်တော့ ဘာတွေဖြစ်လာမလဲ။

ဇာတ်လမ်းကျောရိုးလေးက အရမ်းကောင်းသလို နောက်ခံ Sound Effect တွေကလည်း ရသကို အကွက်လိုက် အကွင်းလိုက် ပေါ်ထွက်အောင် တီးခတ်လက်စွမ်းပြထားပါတယ်။

လယ်သမားကြီးရဲ့ သရုပ်ဆောင်ချက်ကလည်း ပီပြင်လွန်းလှပါတယ်

တကယ့်လယ်သမားအစစ်ကို ခေါ်ပြီး ရိုက်ထားသလားအောက်မေ့ရတယ် အပြောအဆိုတွေ ကိုယ်အမူရာတွေ
ပြောစရာမရှိအောင် ကောင်းလွန်းလှပါတယ်။

သရဲ တစ္ဆေ တွေကိုကြိုက်လှပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးအတွက် အခုပဲ တင်ဆက်ပေးလိုက်ပါတယ်။

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ အေးမင်းဦးပါ)

 

 

File Size : (702 MB)
Quality : WEB-DL 720p
Running Time : 1hr 42min
Format : Mp4
Genre :Crime, Drama, Horror
Subtitle : Myanmar Subtitle (Hard Sub)
Translated by Aye Min Oo
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
1922
Director
Jessica L. Randall, Zak Hilditch
Stars
Bob Frazer, Brian d'Arcy James, Bruce Blain, Dylan Schmid, Eric Keenleyside, Graeme Duffy, Kaitlyn Bernard, Molly Parker, Neal McDonough, Patrick Keating, Tanya Champoux, Thomas Jane
Release Date
20 October 2017 (USA)
Rated
TV-MA
Runtime
1h 42min
Awards
1 win & 4 nominations.
Country
USA
Popularity
22.499
Status
Released
ID IMDb.com
tt6214928
IMDB Rating
6.3
IMDB votes
50,191
ID Themoviedb.org
452507
TMDb Rating
5.9
TMDb votes
1806