Exit print mode Print Data A+ A- Undo all

22 Chaser (2018)

22 Chaser (2018)22 Chaser (2018)

Synopsis:

အမေရိကန်ရှိ ကားကရိန်းဆွဲသူများဘဝကို ရိုက်ကူးတင်ပြထားသော

ဘဝသရုပ်ဖော်ဇာတ်ကားတစ်ကားဖြစ် သည်။

ဇာတ်အိမ်ကို အမေရိကန် မြို့လေးတစ်မြို့တွင်ဖွဲ့တည်ထားပြီး

အဓိကဇာတ်ကောင်ဖြစ်သူ ဆွဲကားမောင်း သမား ဘင် မှာ

အေဗရီဆိုသည့်ဇနီးနှင့် ဇက်ဆိုသည့် သားလေးတစ်ဦးရှိသည်။

ဘင်သည် အထက်တန်းအထိ ကျောင်းနေခဲ့သူဖြစ်၍ အလုပ်လုပ်ရာတွင်

စည်းကမ်းနှင့်အညီလုပ်ဆောင်တတ်သူဖြစ်ရာ သူ့ကိုဆွဲကားမောင်းသူ

အချင်းချင်းက ဘိုင်လော(By law)ဟုလည်းခေါ်ကြသည်။

အထက်တန်းကျောင်းသား ကျောင်းသူဘဝ အိမ်ထောင် ကျသူများလည်းဖြစ်

ကလေးတစ်ယောက်လည်းစောစီးစွာရ ယောက္ခမအိမ်မှလည်းခွဲထွက်၍

တစ်မြို့တစ်ရွာ ပြောင်းရွှေ့ကာ နေထိုင်ကြရသဖြင့် သူတို့မိသားစုသည်ဆင်းရဲသည်

ဆင်းရဲချို့တဲ့စွာ နေထိုင်ကြရသည်။

ဘင်မှာလည်း စည်း ကမ်းတကျကားဆွဲသူဖြစ်၍ အခြားသူတွေလောက်

ငွေကြေးမရရှိပဲ ဘဝကိုခက်ခဲကြပ်တည်းစွာ ရုန်းကန်နေထိုင် ကြရသည်။

ဇနီးဖြစ်သူ အေဗရီမှာလည်း ကော်ဖီဆိုင်တစ်ဆိုင်တွင် ဝင်ရောက်လုပ်ကိုင်ရင်း

ခက်ခဲသောရက်များ တွင် မြို့ထဲရှိ အစားအသောက်လှူဒါန်းသည့်စင်တာ(Food Bank)

လိုနေရာမျိုးတွင် သွားရောက်တန်းစီ၍ ဆန်၊ ပဲ၊ အာလူး တို့ကို

ယူငင်စားသောက်ရသည့်ရက်များလည်းလည်းရှိသည်။

ထိုသို့ကြပ်တည်းဆင်းရဲစွာ နေထိုင်နေရာမှ ဘင်အလုပ်လုပ်သော

ကားဆွဲသည့်လုပ်ငန်းအလုပ်ရှင်မှ ရဲများထံမှ ကားဆွဲသည့်

ကန်ထရိုက်လေလံအောင်မြင် သဖြင့် ဘင်တို့လိုကားမောင်းသူများမှ

လေလံကြေးများအစုစပ်ပုံစံ အချိုးကျထည့်ဝင်မှ ကားပေးမောင်းမည်ဆို သောအခါ…..

သားဖြစ်သူ ဇက်မှာလည်း သူများစက်ဘီး ကပ်စီးသည့်ကိစ္စဖြင့်

ခဏခဏရန်ဖြစ်ပေါက်ပြဲ၍ ပြန်လာ နေသဖြင့် မွေးနေ့တွင်

ဒေါ်လာ ၃၀၀ တန်စက်ဘီးဝယ်ပေးမည်ဟု ဂတိပေးထားသည့်အခါ….

လူငယ်အိမ်ထောင် သည်မိသားစုမှ ဆင်းရဲဒုက္ခများကို

ခါးစည်းရင်ဆိုင်ကျော်ဖြတ်ရပုံများကို ခံစားမှုရသစုံစွာဖြင့် ရိုက်ကူးတင်ပြထား သည့်

ဘဝသရုပ်ဖော် ဇာတ်ကားတစ်ကားဖြစ်သည်…

 

File Size : (877 MB) & ( 243 MB)

Quality : BluRay 720p

Running Time :1hr 30 min

Format : Mp4

Genre : Crime , Drama

Subtitle : Myanmar Subtitle (Hard Sub)

Translated by Tar Tee Poe

Encoded by Moe Myint Lwin

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
22 Chaser
Director
Rafal Sokolowski
Stars
Aaron Ashmore, Brian J. Smith, John Corbett, Kaniehtiio Horn, Lisa Codrington, Raoul Max Trujillo, Rob Archer, Sharon Canovas, Shaun Benson, Thom Allison
Release Date
01 Jul 2018
Rated
N/A
Runtime
90 min
Awards
N/A
Country
Canada
Popularity
4.734
Status
Released
ID IMDb.com
tt5130442
IMDB Rating
5.2
IMDB votes
149
ID Themoviedb.org
531647
TMDb Rating
6.8
TMDb votes
6