Exit print mode Print Data A+ A- Undo all

96 (2018)

96 (2018)96 (2018)

Synopsis:

96 (2018)

” ငါတို့ ဘယ်ရထားမှာ လွဲခဲ့သလဲ
တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ။

ခင်ခင်ပျိုရေ …..
ငါ စောင့်ခဲ့တယ် ။ ။

#အောင်ချိမ့်

အချစ်ဆိုတာလည်း အချိန်ကို စောင့်တတ်တာမျိုး မဟုတ်ပါဘူး။
ဖူးစာဆိုတာဟာလည်း ဦးရာလူပါပဲ။
လွဲရမဲ့ ကံကြမ္မာတွေဟာ လွဲကို လွဲကြရတာပါပဲ။
မဆုံဆည်းဖြစ်ခဲ့တဲ့ ကံကြမ္မာက တစ်ပတ်လည်လို့ မဖြစ်မနေ ပြန်လည် ဆုံဆည်းရမယ် ဆိုပါစို့။
အဲဒီအချိန်တွေကို တန်ဖိုးရှိအောင် အသုံးချရမှာပေါ့။
ဖြူစင်လွန်းတဲ့အချစ်တွေက ပိုင်ရှင်အတွက် တန်ဖိုး ရှိပေမဲ့
လက်ခံသူထားတဲ့တန်ဖိုးပေါ် မူတည်ပြီး တန်ဖိုးတွေက ပြောင်းလဲလို့ နေပါတယ်။

အထက်တန်းကျောင်းသားဘဝကတည်းက အခြေတည်ခဲ့တဲ့အချစ်တစ်ခုဟာ
အကြောင်းအမျိုးမျိုးကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့ရပြီး
ကံကြမ္မာ မျက်နှာသာမပေးလို့ အနီးဆုံးမှာ ရှိနေပေမဲ့ အဝေးကြီး ဝေးခဲ့ရတဲ့အဖြစ်တွေ ….
“ငါတို့တွေ ပြန်တွေ့ရတဲ့အချိန် ငါ့မှာလည်း အကြွေးတွေနဲ့ နင့်မှာလည်း ကလေးတွေနဲ့” ဆိုတဲ့ စကားဟာ ကြားရရင် ဟာသစွက်သလို ဆိုပေမဲ့ ခံလိုက်ရတဲ့ကောင်ကတော့ ရင်အနင့်ကြီး နင့်ရသပေါ့။
အချစ်ဦးကို အိမ်ထောင်သည်အဖြစ် ပြန်တွေ့ရတဲ့အခိုက်အတန့်
တစ်ညလုံး မအိပ်ဘဲ ကိုယ် မျိုသိပ်ခဲ့ရတဲ့ အချစ်တွေကို ရင်ဖွင့်ခွင့် ရခဲ့တဲ့လူတစ်ယောက်ရဲ့ အရိုးသားဆုံး အဖြူစင်ဆုံး ဝန်ခံချက်တွေကြောင့် ဒီဇာတ်ကားကို ကြည့်တဲ့ သူတွေလည်း နင့်နေ‌အောင် ခံစားကြရမှာပါပဲ။

၉၆ ဆိုတဲ့ ၁၉၉၆ ခုနှစ်က အထက်တန်းကျောင်းသားလေး နဲ့ ကျောင်းသူလေးရဲ့
နှစ် ၃၀ ကြာမှ ဖြေရှင်းခွင့် မရခဲ့တဲ့ အကြောင်းတွေကို ဖြေရှင်းခွင့် ရခဲ့တဲ့အခါမှာ
အရာရာဟာ နောက်ကျသွားခဲ့ပြီ ဆိုပေမဲ့ မပြောဖြစ်ခဲ့တဲ့ စကားတွေကို ပြောခွင့်ရတဲ့ တစ်ညတာက အင်မတန် တန်ဖိုးရှိလှပါတယ်။
တစ်ညလုံးလုံး မအိပ်ဘဲ စကားပြောဖြစ်လောက်အောင်အထိ အတူတူ ရှိနေချိန်တွေက တန်ဖိုး ရှိနေခဲ့တဲ့ ဇာတ်လမ်းလေး။
အချစ်ဦး နဲ့ လွဲခဲ့တဲ့လူတွေ ဒီဇာတ်လမ်းကို ကြည့်ပြီး မငိုရဘူးဆိုရင် ကြိုက်သလို ပြောပါ။

အင်္ဂလိပ်မှာ 500 Days of Summer
ကိုရီးယားမှာ On your wedding day
တရုတ်မှာ My Love
ထိုင်းမှာ One Day ဆိုရင် ….

ဒီတောင်ပိုင်းကား 96 ကလည်း အဲဒီအနွယ်ဝင်ပဲ ဖြစ်ပါလိမ့်မယ်။

အညွှန်း နဲ့ ဘာသာပြန်ကတော့ August ပဲ ဖြစ်ပါတယ်။

Genre….. Romance, Drama
Quality…. 1080p | 720p
File size… 2.13GB | 1GB
Format… mp4
Duration…. 2h 30min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. August
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
96
Director
C. Prem Kumar
Stars
Aadukalam Murugadoss, Adithya Bhaskar, Bagavathi Perumal, Devadarshini, Gouri G Kishan, Janagaraj, Kavithalaya Krishnan, Trisha Krishnan, Varsha Bollamma, Vijay Sethupathi
Release Date
03 Oct 2018
Rated
N/A
Runtime
158 min
Awards
N/A
Country
India
Popularity
6.512
Status
Released
ID IMDb.com
tt7019842
IMDB Rating
8.9
IMDB votes
8,695
ID Themoviedb.org
441717
TMDb Rating
8
TMDb votes
18