Wes Anderson’s Short Films Event (2023)
လွန်ခဲ့တဲ့၁၄နှစ်တုန်းက ဝက်စ်အန်ဒါဆန်ဟာ ဗြိတိန်စာရေးဆရာ Roald Dahl ရဲ့ Fantastic Mr. Fox လို့ခေါ်တဲ့ Children’s Novel တစ်ပုဒ်ကို ပြန်ရိုက်ခဲ့ဖူးတယ်။ တော်တော်လည်း ကောင်းခဲ့ပါတယ်။ Roald Dahl ဟာ Children’s Literature ခေါ် ကလေးစာပေနဲ့ နာမည်ကြီးသလို ဇာတ်လမ်းတိုတွေ ကဗျာတွေလည်းရေးခဲ့တဲ့သူဆိုလည်း မမှားဘူး။ Dahl ကို “၂၀ရာစုရဲ့ အကြီးကျယ်ဆုံး ကလေးပုံပြင်ရေးဆရာတွေထဲက တစ်ယောက်” လို့တောင် ဆိုကြတယ်။ Wes Anderson ကလည်း သူ့ကို တော်တော်သဘောကျပုံပါပဲ။ ဒီနှစ်မှာလည်း Dahl ရဲ့ ဇာတ်လမ်းတို ပုံပြင်တိုလေးတွေကိုသုံးပြီး သူလည်း ဇာတ်လမ်းတို လေးပုဒ်ရိုက်ခဲ့တယ်။ ဒီလေးပုဒ်လုံးဟာလည်း မူရင်းစာရေးဆရာကို သစ္စာရှိတဲ့အတွက်ရော၊ ပါဖောမင့်န်ကောင်းတဲ့ သရုပ်ဆောင်တွေကြောင့်ရော၊ ဒါရိုက်တာကောင်းလို့ရော ကောင်းသတင်းတွေချည်း ကြိုင်ခဲ့တယ်။ ဝက်စ်အန်ဒါဆန်ဟာ သိပ်မကြာသေးခင်ကတင် Asteroid City ထွက်ထားတာဆိုတော့ ဒီနှစ်သူ့ကားတွေ တော်တော်ဖောဖောသီသီကြည့်ရတယ်ပြောရမယ်။ ဒီလေးပုဒ်ထဲက တစ်ချို့ဇာတ်လမ်းတွေဆို ဇာတ်လမ်းတိုပေမဲ့ Asteroid City ထက်တောင် ပိုကြည့်ကောင်းပါတယ်။ ဇာတ်လမ်းတိုဆိုပေမဲ့လည်း Ralph Fiennes လို သရုပ်ဆောင်ဆရာကြီးက လေးပုဒ်လုံးမှာပါထားသလို Benedict Cumberbatch တို့၊ Ben Kingsley တို့၊ Dev Patel တို့၊ Rupert Friend တို့လိုလူတွေကိုလည်း ၂ပုဒ်ထည့်သုံးထားတယ်။ မူရင်းဇာတ်လမ်းတွေကိုက လှလှပပနဲ့ အသက်ဝင်နေပြီးသားကို Wes Anderson က ပြန်အသက်သွင်းလိုက်တယ်ဆိုတော့ ဒီဇာတ်လမ်းတွေ ဘယ်လိုလှပကြောင်း ပြောစရာလည်းမလိုတော့ပါဘူး။
The Wonderful Story of Henry Sugar (Runtime: 37 minutes)
Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
~ IMDb – 7.5/10, Rotten Tomatoes – 98% ~
ဒီဇာတ်လမ်းတိုမှာတော့ Benedict Cumberbatch, Ralph Fiennes, Dev Patel နဲ့ Ben Kingsley တို့က ဝင်သရုပ်ဆောင်ထားတယ်။ Benedict ဖန်တွေဆို သူက ဘယ်လိုကာရိုက်တာတွေနဲ့ အံဝင်ခွင်ကျ အသက်ဝင်တတ်လဲ ကောင်းကောင်းသိကြမှာပါ။ များသောအားဖြင့်လည်း Benedict က အဲဒီလိုကာရိုက်တာမျိုးတွေကိုပဲ ရွေးတာများပါတယ်။ ဒီတစ်ခါလည်း သစ္စာမဖောက်ဘူးပြောရမှာပဲ။ သူနဲ့ အံဝင်ခွင်ကျ ကွက်တိကျလွန်းတဲ့ ကာရိုက်တာကိုပဲ ထပ်ရွေးလိုက်ပါတယ်။ ဒီဇာတ်က ဒီလေးပိုင်းထဲ ကျွန်တော်တော့ အကြိုက်ဆုံးဇာတ်ပါပဲ။ အနောက်တိုင်းနဲ့ အိန္ဒိယ သမထားတဲ့ဇာတ်မျိုးပေါ့။ ဒါမျိုးတွေ အရင်ကလည်း သူရိုက်ဖူးပါတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ သူက ဆတ္တရာဂျစ်ရေးဖန်ပဲမို့လား။ ဇာတ်က မျက်လုံးမသုံးဘဲ မြင်ရတဲ့လူတစ်ယောက်ရှိတဲ့အကြောင်းကို လူတစ်ယောက်က မှတ်တမ်းစာအုပ်တစ်အုပ်ထဲ ဖတ်မိရာက ထူးခြားသွားတဲ့အကြောင်းကို စာရေးဆရာတစ်ယောက်က ပြန်ပြောတာကို နားထောင်ရတဲ့ဇာတ်မျိုး။ စားတော့စားတယ်မလား။ ပိုစားတာက ဒါကို Wes Anderson က ပြန်တင်ဆက်သွားတဲ့ပုံစံပဲ။ ကကျိုးကကြောင်နဲ့ကို တင်ဆက်သွားတာပါ။ ရယ်လည်းရယ်ရ စားလည်းစား ဒါပေမဲ့ ဒီလိုတင်ဆက်ပုံက တော်တော်လည်းကြည့်လို့ကောင်းနေပြန်တာပဲ။ အိန္ဒိယက ဂုရုတွေဘာတွေနဲ့ ပဉ္စလက်တွေဘာတွေနဲ့ နောက် ဒီအစွမ်းနဲ့ လူ့အကျိုးဆောင်သွားတဲ့ လူတွေဘာတွေနဲ့ပေါ့။ အကြောင်းအရာမိုက်တယ်… ကြည့်လို့ကောင်းတယ်… ကြည့်ရတာလည်း တော်တော်အရသာရှိတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ခင်ဗျားသာ နက္ခတ္တရောင်ခြည်တို့ သူရဇ္ဇတို့ထဲက ဂမ္ဘီရနှောတဲ့စာတွေကို ဖတ်ရတာအရသာတွေ့ဖူးတဲ့လူဆို ဒီအရသာကို သိလောက်မှာပဲ။ ဒီဇာတ်လမ်းက အဲဒီလိုပဲ။ ယုံရလည်းခက်တယ်။ အရသာလည်းရှိတယ်။ ဒီလိုဇာတ်ပဲ။ အရသာရှိရှိကြည့်ချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းတိုပါပဲ။
The Swan (Runtime: 17 minutes)
Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
~ IMDb – 6.8/10, Rotten Tomatoes – 90% ~
ငန်းရိုင်းတွေ ရေကန်တွေ မိုးမခပင်တွေ ခရိုးထက်ကခြုံတွေ
တိမ်တိုက်တွေ ရထားသံလမ်းတွေနဲ့ သိပ်လှတဲ့ကမ္ဘာကြီးပေါ့။
သူ့ရဲ့ နောက်ကျောဘက်မှာ ရက်စက်ခြင်းတွေလည်း လွင့်နေကြတယ်။
လက်မြောက်အရှုံးပေးကြသူတွေလည်းရှိတယ်။
ဘယ်တော့မှ အရှုံးမပေးခဲ့သူတွေလည်းရှိမယ်။
စစ်အတွင်းမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကာလမှာပဲဖြစ်ဖြစ်
ရေခဲမြစ်တွေဟာ အရည်ပျော်ပြီး ပြန်စီးဆင်းကြရမှာပဲ။
မလာတော့ဘူးထင်ရပေမဲ့ နွေဦးဟာ လာလိမ့်ဦးမယ်။
တစ်စစီပါပဲ… အရှုံးမပေးခဲ့ကြဘူး
The Rat Catcher (Runtime: 17 minutes)
Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
~ IMDb – 6.6/10, Rotten Tomatoes – 100% ~
တစ်စုံတရာကို ကျွမ်းကျင်ခြင်းက တစ်ခါတလေ သက်သေပြရခက်ကောင်းလည်းခက်မယ်။ မတူညီတဲ့အခြေအနေ မတူညီတဲ့အချိန်အခါမှာ လွဲချော်တတ်တယ်။ ကံဆိုးစွာနဲ့ လွဲသွားတဲ့အချိန်တစ်ခုမှာ… ဘာကောင်လဲပြဖို့ လုပ်ခဲ့တဲ့သူတစ်ယောက်အကြောင်းပေါ့။
ကြွက်ဖမ်းသမားကောင်းဆိုတာ ကြွက်တစ်ကောင်လိုတွေး ကြွက်တစ်ကောင်လိုဖြစ်ရတယ်။ သူ့ပရိသတ်တွေကတော့ မသတီခဲ့ကြဘူးပေါ့။ ဘယ်လိုပဲ မသတီစရာကောင်းနေပါစေ သူ့ပညာကိုတော့ အသိအမှတ်ပြုလိုက်ရတယ်။ ဒီဇာတ်လမ်းဟာ ကြွက်မမိခဲ့တဲ့ ကြွက်ဖမ်းသမားတစ်ယောက်ရဲ့ အကြောင်းပေါ့။ တကယ်မမိခဲ့တာလား သူ့ကိုပဲယုံကြည်လိုက်မလားကတော့ ကျွန်တော်တို့အပိုင်းပေါ့။
Poison (Runtime: 17 minutes)
Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
~ IMDb – 6.9/10, Rotten Tomatoes – 89% ~
ဗိုက်ပေါ်တက်ခွေနေတဲ့ မြွေတစ်ကောင်ကို မလှုပ်နိုင်မကိုင်နိုင် ငါတို့ကြောက်လန့်ခဲ့ကြတယ်။ ချွေးစေးတွေ အခါအခါပြန် ကြက်သီးတွေအခါခါထ ငါတို့ကြောက်လန့်ခဲ့ကြတယ်။ သေလည်းတစ်ခါ ရှင်လည်းတစ်ခိုက်ပေါ့။
ငါတို့လည်းမလှုပ်မယှက် မြွေဟာလည်း မလှုပ်မယှက်။ ကြောက်အားလန့်အားနဲ့ ငါတို့သတ္တိတွေပြန်ရတော့မှ မတ်မတ်ထရပ်လိုက်ချိန် မြွေဟာ တကယ်တမ်းမရှိတော့ဘူး။ ငါတို့ရဲ့ ဆုံးရှုံးသွားတဲ့ တစ်စုံတရာကိုလည်း ငါတို့ပြန်မရတော့ဘူး။
မှန်လားမှားလားမေးကြတဲ့အခါ မှားနေတာကလည်း မှန်ပြီး မှန်နေတာကလည်း မှန်တယ်။ တွေဝေခြင်းကသာ ငါတို့ကိုသတ်ပစ်တတ်တဲ့ အဆိပ်တွေလို့…။
(ဒီဇာတ်လမ်းတိုတွေနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 820MB / 415MB
Quality – 1080p
IMDb Rating – 7.5/10
Format – mp4
Duration – 37Min / 17Min
Genre – Short, Adventure, Comedy
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။