Channel Myanmar

Results: Johnny English

Johnny English Strikes Again (2018) 6.2
Johnny English Strikes Again (2018) IMDb Rating (6.2) ထုံးစံအတိုင်း အင်္ဂလန်ပြည်ကြီး ဒုက္ခရောက်ပြီဆို ဂျွန်နီအင်္ဂလစ်ရှ်ဝင်ကယ်ရပြန်ပါဦးမယ်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တစ်ခုလုံးက အေးဂျင့်တွေရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ယောက်က ဖွင့်ချသွားတဲ့အတွက် ဝန်ကြီးချုပ် အခက်ကြုံလာရပါတယ်။ လက်ရှိအေးဂျင့်တွေရဲ့ အချက်အလက်တွေ ပေါ်သွားပြီဖြစ်လို့ ထောက်လှမ်းရေးအဖွဲ့ကြီးအနေနဲ့ ရွေးစရာမရှိတော့ပြန်ပဲ ခေတ်ဟောင်းက အေးဂျင့်ဟောင်းကြီး ဂျွန်နီကို ခေါ်သုံးရပြန်ပါတော့တယ်။ မစ္စတာ အင်္ဂလစ်ရှ်တစ်ယောက် ရုပ်တည်ကြီးနဲ့ ဘယ်လိုတွေ ဖောက်ပြီး တလွဲတွေလုပ်ပြမလဲဆိုတာ....။ Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (2.8 GB)/(1 GB) / (500 MB) Quality…BluRay 4K EHVC/1080p HEVC /720p Format…mkv/mp4 Duration….01:28:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo
movie

Johnny English Strikes Again (2018)

2018
4K HEVC
Johnny English Reborn (2011) 6.3
Johnny English Reborn (2011) IMDb Rating (6.3) ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။ Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Johnny English Reborn (2011)

1080p HEVC
Johnny English (2003) 6.2
Johnny English (2003) IMDb Rating (6.2) မင်းသားကြီး Rowan Atkinson ကို မစ္စတာဘင်းအဖြစ် လူသိများကြသလို ဂျွန်နီအင်းဂလစ်ရှ်အဖြစ်လဲ မှတ်မှတ်သားသားရှိကြမှာပါ... " အမှားဆိုတာ ငါ့အဘိဓာန်မှာ မရှိဘူး" ပြောတတ်တဲ့ ဂျွန်နီအင်းဂလစ်ရှ်ဆိုတာ အမြဲတမ်းတလွဲတွေပဲ လုပ်တတ်တဲ့ အင်္ဂလန်နိုင်ငံကိုကယ်တင်နေကျ သူရဲကောင်းအေးဂျင့်တစ်ယောက်ပါပဲ။ ဒီကားကတော့ အင်းဂလစ်ရှ်ရဲ့ စပိုင်အေးဂျင့်ဘဝစတင်ဖြစ်ပေါ်လာပုံပါ။ MI5 တို့ MI6 တို့ MI7 တို့ဆိုတာ အင်္ဂလန်ပြည်ရဲ့ လျှို့ဝှက်အေးဂျင့်ဌာနတွေပေါ့...ဒီဌာနမှာ အင်းဂလစ်ရှ်ရယ် သူဘာမှားမှားသူ့ဖက်က အမြဲနေတဲ့ သူ့တပည့်ကျော် ဘော့ရယ်က တောက်တိုမယ်ရ လုပ်ရတာပါ... တစ်နေ့တော့ အတော်ဆုံးအေးဂျင့်ဝမ်းဆိုတဲ့လူ သေသွားပါတယ်...သေပုံက အင်းဂလစ်ရှ်သေချာရှာဖွေပေးလိုက်တဲ့ ရေငုတ်သင်္ဘောကုတ်က အမှားကြီးဖြစ်နေလို့ အေဂျင့်ဝမ်းခမျာ ရေငုတ်သင်္ဘောထဲ ဝင်မရဘဲ သေသွားတာပါ..ဒါ့အပြင် ကျန်တဲ့အေးဂျင့်တွေလဲ အလုံခြုံဆုံးဆိုတဲ့ MI7 ဌာနချုပ်မှာ ဗုံးပေါက်လို့ အကုန်ကိစ္စချောသွားပါတယ်။ ဒါကြောင့်မလို့ လျှို့ဝှက်အေးဂျင့်ဌာနမှာ အသက်ရှင်ကျန်ရစ်တာဆိုလို့ တောက်တိုမယ်ရ အင်းဂလစ်ရှ်ရယ် သူ့တပည့်ကျော်ဘော့ရယ်ပဲ ရှိပါတော့တယ်။ဒီလိုချိန်ခါမှာ ဝန်ကြီးချုပ်က အေးဂျင့်ဝမ်းကိုင်တွယ်နေတဲ့ကိစ္စတွေကို ဆက်လက်စုံစမ်းဖို့  ဖိအားပေးလာတဲ့အခါမှာတော့ ...
movie

Johnny English (2003)

2003
1080p HEVC
Man Vs Bee (2022) 10
Man Vs Bee (2022) Man Vs Bee (2022) Complete Limited Series   IQ 178 ရှိတဲ့ စူပါဂျီးနီးယပ်စ်တစ်ယောက်ဖြစ်တဲ့ ရို၀န်အတ်ကင်ဆန်ရဲ့ တစ်ကျော့ပြန် ဇာတ်လမ်းတွဲအသစ်ကို Netflix ကနေ အစအဆုံး တစ်သုတ်တည်း ထုတ်လုပ်တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းတွဲကို ရိုဝန်အတ်ကင်ဆန်ရဲ့ Johnny English Strikes Again ကားကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကပဲ ရိုက်ထားတာပါ။   ရုပ်ရှင်အကြိုက်တွေ အမျိုးမျိုးကွဲကြပေမဲ့ တစ်ခေတ်တစ်ခါတုန်းက Legend တစ်ယောက်ဖြစ်တဲ့ ချာလီချက်ပလင်ကို မကြိုက်တဲ့သူမရှိသလို သူ့နောက်တစ်ခေတ်မှာလည်း တွမ်အန်န်ဂျယ်ရီကို မကြိုက်တဲ့သူမရှိပါဘူး။ အဲဒီလိုမျိုး ကျွန်‌တော်တို့ မျက်မှောက်ခေတ်ရဲ့ ဟာသ Legend ကြီးကတော့ မစ္စတာဘင်းန်ပါပဲ။ အဲဒီဇာတ်လမ်းတွဲကို မကြိုက်တဲ့သူမရှိတာ သေချာပါတယ်။   ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲ၊ လူနဲ့ပျား အကြိတ်အနယ်ဆော်ကြတဲ့ဇာတ်ပါပဲ။ ခင်ဗျားအိမ်ထဲ ငှက်တစ်ကောင်ဖြစ်ဖြစ် ပျားတစ်ကောင်ဖြစ်ဖြစ် ၀င်ပြီး ပြန်ထွက်မရဖြစ်နေတာကြုံဖူးမှာပေါ့။ အ၀တ်နဲ့ရိုက်ထုတ်လိုက် မောင်းထုတ်လိုက် လုပ်ပေမဲ့ အေဘေးက မထွက်တာလည်း ...
10
TMDb: 10/10 1 votes
tv

Man Vs Bee (2022)

2022
OSS 117: From Africa with Love (2021) 5.9
OSS 117: From Africa with Love (2021) OSS 117: From Africa With Love (2021) *********************************** IMDb-5.9/10 CM ပရိတ်သတ်ကြီးတွေကို ဒီတစ်ခါမှာတော့ ပြင်သစ်စုံထောက်ဇာတ်လမ်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ တကယ်လို့ ပရိတ်သတ်ကြီးတွေကJames Bonds ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တယ်၊ နောက်ပြီး Johnny English လိုဟာသဆန်ဆန် စုံထောက်အေးဂျင့်ကားမျိုးကို သဘောကျတတ်တယ်ဆိုရင် ဒီကားလေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။ ဒီဇာတ်လမ်းလေးထဲမှာတော့ ဇာတ်လိုက်စုံထောက်ကျော်ရဲ့ လျှို့ဝှက်နံပါတ်က OSS 117 ပါတဲ့။ ဇာတ်လမ်းအစမှာတင် စုံထောက်ကျော် OSS 117 ကို အရေးကြီးတဲ့ လျှို့ဝှက်မစ်ရှင်တစ်ခုကိုဆောင်ရွက်ဖို့ အာဖရိကတိုက်ကို စေလွှတ်လိုက်ပါတယ်။ သိကြတဲ့အတိုင်းအာဖရိကဆိုတာ သားရဲတိရစ္ဆာန်တွေပြည့်နှက်နေပြီး မတူညီတဲ့လူမျိုးစုတွေနေထိုင်ရာနေရာဖြစ်တာမို့ တော်ရုံအေးဂျင့်စုံထောက်တွေ လက်ဖျားခါလောက်တဲ့ နေရာဆိုလည်းမမှားပါဘူး စုံထောက်ကျော်ဇာတ်လိုက်ကြီးကတော့ အာဖရိကကို မရောက်စဖူးရောက်သွားပြီး လျှို့ဝှက်မစ်ရှင်ကိုဆောင်ရွက်နေချိန်မှာပဲ ထင်မထားလောက်တဲ့ ကိစ္စတွေဆက်တိုက်ဆိုသလိုဖြစ်လာပါတော့တယ်။ ပိုအရေးကြီးတဲ့အချက်က ဒီမစ်ရှင်သာကျဆုံးသွားခဲ့ရင် အာဖရိကတိုက်ရဲ့အနာဂတ်ကိုပါထိခိုက်နိုင်သလို ပြင်သစ်နဲ့အာဖရိကတို့ရဲ့ နှစ်ပြည်ထောင်ချစ်ကြည်ရေးကိုပါ ပြိုလဲသွားစေနိုင်မှာဖြစ်လို့ OSS 117 တစ်ယောက်ဘယ်လိုဆက်ပြီးဖြေရှင်းသွားမလဲ.... အာဖရိကမှာ ဘယ်လိုအသက်ဘေးတွေနဲ့ကြုံရပြီး ဘယ်လိုလက်နက်ဆန်းတွေနဲ့ရန်သူတွေကိုချေမှုန်းနိုင်မလဲဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်... ပုံမှန်ကြည့်နေကျစုံထောက်ကားတွေလို ရိုးအီနေတဲ့ဇာတ်လမ်းမျိုးမဟုတ်ဘဲ ဟာသဆန်ဆန်ကြည့်ရမယ့်အပြင် ဘယ်လိုအလွဲတွေလုပ်ရင်း ဒုက္ခရောက်လေမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတာမို့လို့ အခုပဲကြည့်ကြည့်လိုက်ဖို့ ညွှန်းပါရစေ။ ဒီဇာတ်လမ်း​လေးထဲမှာ​တော့ - ပြင်သစ်မင်းသားကြီးJean Dujardin ...
movie

OSS 117: From Africa with Love (2021)

2021
Sentinelle (2021) 4.8
Sentinelle (2021) Sentinelle (2021) ဒီတစ်ခါတော့ အမျိုးသမီး ဂျွန်ဝစ်ခ် အကြောင်းပေါ့ဗျာ။ မင်းသမီးကတော့ 007 Quantum of Solace, Hitman, Johnny English 3 စတဲ့အမိုက်စားကားတွေမှာပါခဲ့ဖူးတဲ့ ပြင်သစ်မင်းသမီး Olga Kurylenko က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ကလယ်ရာ ဟာ ကင်းစောင့်စစ်ဆင်ရေးမှာ တာဝန်ကျတဲ့ အထူးတပ်သားတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကစစ်ဆင်ရေးမှာ အဖြစ်ဆိုးကြီးတစ်ခုကြောင့် စိတ်ဒဏ်ရာရခဲ့ပြီး အမေနဲ့ညီမ ရှိတဲ့ မိမိနေထိုင်ရာပြင်သစ်ကို ရွှေ့ပြောင်းခံခဲ့ရပါတယ်။ ညီမဖြစ်သူ တာနီယာနဲ့အတူ ကလပ်တက်ခဲ့ပြီး နောက်တစ်နေ့မှာ တာနီယာဟာအဓမ္မပြုကျင့်ခံခဲ့ရတာကို စိတ်ပျက်ဝမ်းနည်းစွာသိလိုက်ရပါတယ်။ နိုက်ကလပ်ရဲ့လုံခြုံရေးဗီဒီယိုကတစ်ဆင့် သူ့ညီမတာနီယာဟာ ရုရှားအမျိုးသားတစ်ယောက်နဲ့ နောက်ဆုံးထွက်သွားခဲ့တာတွေ့လိုက်ရပြီး ထိုအမျိုးသားရဲ့ဖခင်ဟာ အရှိန်အဝါကြီးတဲ့ နည်းပညာရှင်တစ်ယောက်ဖြစ်နေလို့ ဥပဒေရစုံစမ်းစစ်ဆေးဖို့အခက်တွေ့နေတဲ့အခါ ကလယ်ရာဟာ ဥပဒေဘောင်ကထွက်ပြီး လက်စားချေဖို့ အမျိုးသမီးဂျွန်ဝစ်ခ် လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အရင်ခေတ်တုန်းက ဂျက်မ လို့ ခေါ်တဲ့ အမျိုးသမီး အက်ရှင်ကားကောင်း ကြိုက်နှစ်သက်သူများ အကြိုက်တွေ့ကြဦးမှာပါ။ မင်းသမီးတွေရဲ့ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ရဲ့အလှတရားကို ခံစားရမယ့် အခန်းတွေလည်း ပါဦးမှာဆိုတော့ကာ ..... ဘာများစောင့်နေဦးမလဲ .... ပရိသတ်ကြီးရယ် File size…1.1 GB and 570MB Quality….WEB-rip 1080p ...
movie

Sentinelle (2021)

2021

Genres

Archives