Channel Myanmar

Results: detective dee

Detective Dee and the Phantom of Waning Moon ( 2024 ) 6
Detective Dee and the Phantom of Waning Moon ( 2024 ) ညတစ်ညမှာ ထန်တိုင်းပြည်ကြီးရဲ့မင်းသမီးလေးဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကိုမက်ခဲ့တယ်။ အိပ်မက်ကိုအဓိပ္ပါယ်ဖော်ခိုင်းလိုက်တော့ နတ်မြင်းပျံထွက်ပေါ်လာတဲ့အတွက် မင်္ဂလာနိမိတ်ကောင်းဆိုပြီးလျှောက်တင်တဲ့အတွက် မင်းသမီးကသဘောကျသွားခဲ့တယ်။ အဲဒီလိုလျှောက်တင်ခဲ့တဲ့ ဆရာမကြီးရွှမ်ကမင်းသမီးလေးရဲ့အပစားပေးတာကိုရခဲ့တယ်။ အဲဒီအချိန်မှာပဲ မိသားစုလိုက်သတ်ခံရတဲ့အမှုတစ်ကို စုံထောက်ကြီးဒီးရန်ကျယ်ကလိုက်နေခဲ့တယ်။ မိသားစုလုံး စုစုပေါင်း(၁၈)ယောက်သတ်ခံရတဲ့အမှုကို ဟာကွက်တွေအများကြီးနဲ့ ပေါ့ပေါ့တန်တန်အမှုပိတ်ခံလိုက်ရတော့။ စုံထောက်ကြီးဒီးဟာ အမိန့်ကိုဆန့်ကျင်ပြီး ဒီအမှုကိုဆက်လိုက်နေခဲ့တယ်။ သူထင်တဲ့အတိုင်းပါပဲ ဒီအမှုရဲ့နောက်ကွယ်မှာပိုပြီးကြီးတဲ့အကြံရှိနေခဲ့တယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာပတ်သက်နေတယ်ဆိုတာကိုတွေ့လိုက်ရတယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာဘယ်လိုပတ်သက်နေတာလဲ...... နောက်ကွယ်ကတရားခံကဘယ်သူများဖြစ်နေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Detective Dee and the Phantom of Waning Moon ( 2024 )

Detective Dee And Ghost Soldier Borrowed ( 2023 ) 5.9
Detective Dee And Ghost Soldier Borrowed ( 2023 ) စုံထောက်ကြီးဒီးရဲ့ ပြောမဆုံးပေါင်တောသုံးတောင် အမှုတွေထဲက ထူးဆန်းတဲ့အမှုနောက်တစ်မှုလာပါပြီ...... ဘုရင်မကြီးဝူကျယ်ထျန်းဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ ပင်းကျိုးကိုပြန်လာပြီး ဘိုးဘေးကန်တော့်ဖို့ရောက်လာတဲ့အချိန်မှာ တစ်မိသားစုလုံးသတ်ခဲ့ရတဲ့ ထူးဆန်းတဲ့လူသတ်မှုဖြစ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပင်းကျိုးက အားထားရတဲ့စုံထောက်ကြီးဖြစ်တဲ့ ဒီးရန်ကျယ်က ဒီအမှုကိုတာဝန်ယူပြီးစုံစမ်းတော့တာပေါ့။ ဒီးရန်ကျယ်ဟာ မီးခိုးကြွက်လျှောက် အမှုကိုလိုက်ရင်း တစ်နေ့မှာတော့ တစ္ဆေလိုလိုနတ်လိုလိုပေါ်လာပြီး မရဏနန်းတော်က အမှောင်စစ်သည်ပါဆိုပြီး ဒီအမှုကိုဆက်ပြီးမစုံစမ်းဖို့ ခြိမ်းခြောက်တာပေါ့။ ဒါမျိုးခြိမ်းခြောက်တာမျိုးတော့ စုံထောက်ကြီးဒီးတို့ကဘယ်မှုမလဲ...... ကဲ......စုံထောက်ကြီးဒီးကအမှုကိုဘယ်လိုဆက်ဖော်သွားလဲ အမှန်တရားကဘယ်လိုလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါဦးနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Detective Dee And Ghost Soldier Borrowed ( 2023 )

Detective Dee And Thunder Fire ( 2023 ) 6
Detective Dee And Thunder Fire ( 2023 ) ဒီတစ်ခေါက်မှာတော့ အမှုစစ်ဒီးရန်ကျယ်ရဲ့အမှုတွဲတွေထဲက နောက်ဆုံးထွက်ထားတဲ့ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်း... ဘုရင်မ အုပ်စိုးနေတဲ့ ရှန့်ယွမ်ပထမနှစ်မှာ သဘာဝဘေးအန္တရာယ်ဆိုး တွေ ကျရောက်လာတာကြောင့် တိုင်းပြည်မှာ ပြည်သူတွေရဲ့ အပြစ်တင်မှုတွေဖြစ်ပေါ်လာခဲ့တယ် ဘုရင်မဟာ ပြည်သူတွေရဲ့အပြစ်တင်သံတွေကို လျစ်လျူရှူခဲ့ပြီး နန်းတွင်း ဆရာကြီးရဲ့ အဆိုမိန့်အတိုင်းနန်းဆောင်ကို ဆောက်လုပ်ပြီး နတ်နဂါးကို ခေါ်ဆောင်ဖို့ပြုလုပ်ခဲ့ပါတယ် ဒါပေမယ့် နတ်နဂါးကြီး သက်ဝင်လှုပ်ရှားလာတဲ့အခါမှာတော့ နတ်နဂါးကြောင့် နန်းဆောင်ကြီး မီးလောင်သွားပြီး အနီးအနားကလူတွေအပြင် အမှုစစ်တွေကပါ သဘာဝလွန် ထူးဆန်းစွာ သေဆုံးလာကြတဲ့အခါ..... ဒီထူးခြားဆန်းကြယ်တဲ့ အမှုကြီးကိုဖြေရှင်းဖို ပြောင်းရွှေ့မိန့်ကျလာတဲ့ ဒီးရန်ကျယ် အတွက် ဘယ်လိုဖြေရှင်းချက်တွေပြုလုပ်လာမလဲဆိုတာကို ထုံးစံအတိုင်းဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Mon Encoded by LK
movie

Detective Dee And Thunder Fire ( 2023 )

Detective Dee and the Mysterious City ( 2020 ) 6
Detective Dee and the Mysterious City ( 2020 ) ထန်မင်းဆက်ရဲ့ဧကရီဘုရင်မ အုပ်ချုပ်တဲ့အချိန်မှာကျိုင်း‌ကောင်ကပ်ဘေးကျရောက်တာကြောင့် ဒုက္ခသည်တွေကိုကယ်ဆယ်ဖို တိုင်းပြည်ဘဏ္ဍာတိုက်ကနေ ရန်ပုံငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်၊ဒါပေမဲ့လည်း ငွေတုံးတွေဟာ သယ်ယူပိုဆောင်တဲ့လမ်းခရီးမှာတင် လုယက်ခံလိုက်ရပါတယ်... ဒါပေမဲ့ ထင်သလောက်တော့ သူခိုးဓားပြလုယက်ရုံသာမာန်အမှုလောက်တော့ မဟုတ်ခဲ့ပါဘူး၊အမှုမဖြစ်ခင်မှာ "ယင်းယန်လိပ်ပြာ"လိုခေါ်တဲ့ နှစ်ရောင်ပြန်လိပ်ပြာအုပ်စုပေါ်လာပြီး ငွေသတ္တာတွေဟာ လေထဲမှာရုတ်တရက်ပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်... ‌ဒါကြောင့် သံသယဝင်စရာပစ်မှတ်ဟာ "ယင်းယန်လိပ်ပြာ"တွေဖြစ်နေတဲ့အခါ... တကယ်ပဲ ထင်ထားသလိုဖြစ်နေမလား ဆိုရိုးရှိသလို မိစ္ဆာဝိညာဉ်ထက် လူ့မိစ္ဆာစိတ်/မကောင်းတဲ့ လောဘစိတ်ကပိုကြောက်စရာကောင်းတယ်ဆိုသလို နောက်ကွယ်ကြိုးကိုင်သူက ဘယ်သူများဖြစ်နေမလား? ရည်ရွယ်ချက်အစစ်မှန်ကရော ငွေတွေသိမ်းပိုက်နိုင်ဖိုပဲလား...? "စုံထောက်ကြီးဒီးရန်ကျယ်"ဆိုတိုင်း အမှုတစ်ခုကိုပဟေဠိဆန်ဆန် ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာတွေ့မြင်ရမှာမလို စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးရှင့်... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK
movie

Detective Dee and the Mysterious City ( 2020 )

Detective Dee and Grand Canal Dragon ( 2023 ) 5.9
Detective Dee and Grand Canal Dragon ( 2023 ) ယခုတစ်ခေါက် မှုခင်းစုံထောက်ကားတွေကြိုက်တတ်တဲ့သူတွေအတွက် စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချွေကုန့်ခုနှစ်မှာ ဝူကျဲထျန်းဟာ လုံမိန်သို့ တိုင်းခန်းလှည့်လည်ရာမှာ စီးမာချိန်ကျန်းနဲ့ မူးမတ်ရာကျော် လိုက်ပါလာခဲ့ပါတယ်။ ညအချိန် လော့ယန်က လူသောင်းချီတဲ့ လမ်းတွေပေါ်ကနေ လုံမိန်သုံး အပြေးလာကြပြီး မင်းကြီးကို လာရောက်ဖူးမြော်ကြပါတယ် အဲ့အချိန်မှာ တူးမြောင်းကြီးထဲကနေ နဂါးသဏ္ဍာန်တိရိစ္ဆာန်ကြီးက တော်ဝင်သင်္ဘောကို တိုက်ခိုက်ခဲ့ပါတယ်။ လော့ယန်မှ ပြည်သူတွေက နိမိတ်ဆိုးအဖြစ်နဲ့ ပြောဆိုနေကြတဲ့အတွက် ဝူကျဲထျန်းက ဒေါသူပုန်ထပြီး ဒီးရန်ကျယ်ကို နဂါးမင်းအမှုကို စစ်ဆေးဖို့ ပြန်လည်ဆင့်ခေါ်ခဲ့တယ်။ လော့ယန်တစ်မြို့လုံးမှာ ကောလာဟလတွေနဲ့ ပြည်သူအားလုံး ကြောက်လန့်နေကြပါတယ်။ ဒီးရန်ကျယ်တစ်ယောက် နဂါးမင်းအမှုကို ၇ ရက်အတွင်း အဖြေထွက်အောင် စုံစမ်းစစ်ဆေးဖို့ အမိန့်ကျလာတဲ့အခါမှာ အခက်အခဲတွေ အန္တရာယ်တွေကြားက အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားအဖြေရှာလိုက်ကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Detective Dee and Grand Canal Dragon ( 2023 )

Detective Dee’s Ghost Blood Hand ( 2020 ) 6
Detective Dee’s Ghost Blood Hand ( 2020 ) ဖုံလိုင်ခရိုင်မှ ခရိုင်မှူး ၃ ဦးဆက်တိုက် ထူးခြားစွာသေဆုံးသွားကြရာမှာ သက်သေရှာမရလိုက်လို့ အစိုးရတစ်ခုလုံး တုန်လှုပ်နေခဲ့တယ်။ အဲ့အချိန်မှာပဲ အမှုလိုက်ရာမှာ နာမည်ကြီးတဲ့ ဒီးရန်ကျယ်က တလီစစ်မှ ထွက်ခွါပြီး ဖုံလိုင်ခရိုင်မှာ ဒီအမှုကို စစ်ဖို့ ရောက်လာပါတယ်။ ဖုံလိုင်ခရိုင်သို့ ရောက်ရှိပြီးနောက်မှာလဲ တူညီတဲ့ သေဆုံးပုံနဲ့ နောက်ထပ် လူတွေ သေနေပါသေးတယ်။ ထို့အပြင် ထိုလူသတ်သမားက ဒီးရန်ကျယ်ရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာပါတယ်။ ဖုံလိုင်ခရိုင်က ထူးခြားတဲ့ သေဆုံးမှုတွေနဲ့ မိစ္ဆာဒဏ္ဍာရီတွေနဲ့ ပြည့်နှက်နေတဲ့ မြူဝင်္ကပါတောကြီးနဲ့ ဒီးရန်ကျယ်တစ်ယောက် လူသတ်တရားခံကို ဘယ်လို ရှာတွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK
movie

Detective Dee’s Ghost Blood Hand ( 2020 )

Detective Dee : Deep Sea Dragon Palace ( 2020 ) 5.9
Detective Dee : Deep Sea Dragon Palace ( 2020 ) သက္ကရာဇ်(၆၈၈)ခုနှစ်မှာ တထန်ပြည်ကြီးမှာ(၁၀)လကြာအောင် မိုးခေါင်ရေရှားမှုကြီးကြုံတွေ့နေရပါတယ်။ ဝူကျယ်ထျန်းကမိုးခေါ် ဆုတောင်းပွဲကျင်းပဖို့ကွေးရွှီးတိုင်းပြည်ကနဂါးပုလဲကိုဆက်သခိုင်းခဲ့ပါတယ်။ ပင်လယ်ရေကြောင်းလမ်းကနေပြီးပို့လာတဲ့အချိန်မှာ ရေသူမျိုးနွယ်တွေရုတ်တရက်ပေါ်လာပြီး အစောင့်တပ်သားတွေကို သတ်ဖြတ်ကာနဂါးပုလဲလုံးကိုလုယူသွားခဲ့ပါတယ်။ အဲဒီအချိန်မှာအချစ်ကိုဆုံးရှုံးလိုက်ရလို့အသဲကွဲနေတဲ့ စုံထောက်ကြီးဒီဟာသေရည်တွေသောက်ပြီး ဆောင်ကြာမြိုင်မှာလေလွင့်နေခဲ့ပါတယ်။ မိဖုရားကြီးကနဂါးပုလဲလုံးကိုရှာဖို့ စုံထောက်ကြီးဒီးကိုအချိန်(၃)ရက်သာပေးလိုက်တဲ့အခါ ဆုတောင်းပွဲအတွက်ကွေးရွှီးကလာတဲ့သူတော်စင်မလေးဟာ သူ့ရဲ့ချစ်ရသူလေးနဲ့ရုပ်အရမ်းတူနေတာကိုတွေ့လိုက်ရတဲ့အခါ. စုံထောက်ကြီးဒီတစ်ယောက် ရေသူမျိုးနွယ်တွေလုယက်သွားတဲ့ နဂါးပုလဲလုံးကို(၃)ရက်အတွင်းဘယ်လိုရှာဖွေမလဲ...... ရေသူမျိုးနွယ်ဆိုတာရဲ့နောက်ကွယ်ကအမှန်တရားဟာ ဘာတွေဖြစ်နေမလဲဆိုတာကိုကြည့်ရှုအားပေးလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Detective Dee : Deep Sea Dragon Palace ( 2020 )

Detective Dee and Plague of Chang’an ( 2021 ) 6
Detective Dee and Plague of Chang’an ( 2021 ) ထူးဆန်းထွေလာစုံထောက်ကြီးဒီးရဲ့မှုခင်းဇာတ်လမ်းပရိသတ်တွေအတွက် စုံထောက်ကြီးဒီးရဲ့ ချန်အန်မြို့တော်ကပ်ဘေးအမှုကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ ပန်းချီဆရာကြီးရဲ့နှစ်နှစ်ကြာအောင်ကြိုးစားအားထုတ်ထားတဲ့ လက်ရာမြောက်နံရံပန်းချီကားကို ဂုဏ်သရေရှိလူကြီးမင်းတွေလာကြည့်ကြတဲ့အချိန်မှာ ပန်းချီဆရာရဲ့လက်ထောက်လေးဟာ ထူးထူးဆန်းဆန်းသေနေတာကိုတွေ့လိုက်ကြရပါတယ်။ ငရဲဘုံအကြောင်းရေးထားတဲ့ကျမ်းထဲကအတိုင်း လူတွေဟာအဖြစ်ဆိုးနဲ့သေကြတဲ့အခါ ချန်အန်းမြို့တော်ကြီးမှာ ဒါဟာမကောင်းတဲ့သူတွေကိုကောင်းကင်ကြီးက ပြစ်ဒဏ်ခတ်ခြင်းပဲဆိုပြီး ကောလဟာလတွေပြန့်သွားပါတယ်။ စုံထောက်ကြီးဒီးတစ်ယောက် အမှုကိုလိုက်စုံစမ်းရင်းနဲ့ လူသတ်သမားထောင်ချောက်ဆင်တာကိုခံလိုက်ရပြီး တရားခံအဖြစ်နဲ့အဖမ်းခံလိုက်ရပါတယ်။ စုံထောက်ကြီးဒီးတစ်ယောက် အမှုမှန်ပေါ်အောင်ဘယ်လိုများလိုက်ရမလဲ...... ဆန်းကြယ်တဲ့လူသေမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်ကြီးရှိနေမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Detective Dee and Plague of Chang’an ( 2021 )

Detective Dee: The Four Heavenly Kings (2018) 6.4
Detective Dee: The Four Heavenly Kings (2018) Detective Dee: The Four Heavenly Kings (2018) IMDb Rating (6.4) / Rotten Tomatoes (60%) ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee - Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။ ၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး ရှင်ဘုရင်က စုံထောက်ဒီးကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို (တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့်) မိဖုရားဝူက အမျက်ရှတော်မူပါတယ်... စုံထောက်ဒီးလို ဦးနှောက်ပဲရှိပြီး ...
movie

Detective Dee: The Four Heavenly Kings (2018)

2018
1080p HEVC
Detective Dee and the Mystery of the Phantom Flame (2010) 6.6
Detective Dee and the Mystery of the Phantom Flame (2010) Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး ... တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ...
movie

Detective Dee and the Mystery of the Phantom Flame (2010)

2010
1080p HEVC
Detective Dee and The Burning Sky ( 2020 ) 6.1
Detective Dee and The Burning Sky ( 2020 ) ဒီတစ်ခါ CM ကနေမိတ်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ detective Dee ရှေးဟောင်းစုံထောက် movie လေးဖြစ်ပါတယ် အေဒီ ၆၉၆ခုနှစ် ဝူကျယ်ထျန်းအုပ်စိုးစဉ်ကာလမှာ လူရိုင်းတပ်သားတွေက ဝေ့ကျိုးမြို့ကိုတိုက်ခိုက်စဥ် အဲ့ဒီမြို့ဟာ စစ်ဘေးနှင့် ရောဂါကပ်ဘေးကိုကြုံတွေ့ရတယ်။ ဒီးရန်ကျယ်ဟာ မင်းအမိန့်ဖြင့် ဝေ့ကျိုးမြို့ကို အုပ်ချုပ်ရေးမှူးအဖြစ် ရောက်လာတုန်းအခိုက်မှာ လူသတ်သမားတိုက်ခိုက်ခံရတယ်။ ဝေ့ကျိုးမြို့ရဲ့အရင်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ တူကူစစ်ကျွမ်းဟာ အံ့ဩဖွယ် အဆိပ်သင့်ပြီးသေဆုံးနေပြီး ယင်းအမှုဟာ ဒီး‌ရန်ကျယ် ရောက်ရှိလာမှုနဲ့ ပတ်သက်နေမလား။ တပ်သား၅၀၀ သေဆုံးမှုနှင့် ငွေစ၅သိန်းပျောက်ဆုံးတဲ့ ထူးဆန်တဲ့ဖြစ်ရပ်ကို ဒီးရန်ကျယ်ကဘယ်လို ပြောင်မြောက်တဲ့နည်းလမ်းနဲ့ဖြေရှင်းမလဲ။ ဒီးရန်ကျယ်ဟာ ဤပဟေဠိဆန်တဲ့ဖြစ်ရပ်တွေကြား အမှန်တရားတွေဖော်ထုတ်နိုင်မလားဆိုတာ CMက‌နေ အားပေးစောင့်မျှော်ကြည့်ရှုကြပါရှင့် [ Reviewed By Mei Mei ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Mystery Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by ...
movie

Detective Dee and The Burning Sky ( 2020 )

Detective Dee and Dragon Hidden Lair ( 2023 ) 6.1
Detective Dee and Dragon Hidden Lair ( 2023 ) စုံထောက်ကြီးဒီး(ဒီးရန်ကျယ်) ရဲ့ စွန့်စားခန်း အမှုစစ်ဆေးရေး ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ CM က ပရိသတ်တွေအတွက် စုံထောက်ကြီးဒီးရဲ့ စွန့်စားခန်း ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ ။ ထန်မင်းဆက် အုပ်စိုးစဥ်အချိန်ကာလ အကျင့်သီလနဲ့ ပြည့်စုံတဲ့ မင်းကြီးနဲ့ ဘုရင်မကြီးတို့ကြောင့် လော့ယန်တစ်မြို့လုံး စီးပွားလာဘ်လာဘတွေ တိုးတတ်ပြီး အေးအေးချမ်းချမ်းရှိနေခဲ့ပါတယ် ။ ဒ ါပေမဲ့ တစ်နေ့မှာတော့ လော့ယန်မှာ ထူးဆန်းလှတဲ့ အမှုကိစ္စတွေက ထွက်ပေါ်လို့လာခဲ့ပါတော့တယ် ။ ၎င်းကတော့ ပြည်သူတွေရဲ့ ရေကြောင်းစောင့်ကြပ်ရေးတပ်ဖွဲ့ဟာ မြစ်လည်ခေါင်မှာ အမည်မသိ လူသတ်သမားရဲ့ သတ်ဖြတ်ခြင်းကို ခံရပြီး တစ်ဖွဲ့လုံးအသက်ရှင်ကျန်ရစ်သူမရှိ သေဆုံးသွားခဲ့တာပါ ။ ပြည်သူတွေလဲ ဒီသတ်ဖြတ်မှုကြီးကြောင့် ထိတ်လန့်တစ်ကြားဖြစ်နေပြီးတော့ တလီဘုရားကျောင်းတော်မှ စုံထောက်ကြီးဒီးနဲ့ သူ့ရဲ့ အပေါင်းအပါတွေက ဒီအမှုကို စုံစမ်းဖို့ စတင်လုပ်ကိုင်ခဲ့ကြပါတယ် ။ သဲလွန်စ တစ်ခုခြင်းစီနောက်ကိုလိုက်ရင်း ❏ စုံထောက်ကြီးဒီးနဲ့ အပေါင်းအပါတွေ ဒီအမှုကြီးကို ဘယ်လိုတွေ ဆက်လက်စုံစမ်းမှာလဲ ? ❏ အမှုစုံစမ်းနေစဥ်အတွင်းမှာ ဘယ်လိုထူးဆန်း တုန်လှုပ်ဖွယ်ရာ အကြောင်းအရာတွေကို တွေ့ရှိရမလဲ ? ❏ စုံထောက်ကြီးဒီးတစ်ယောက် အဖြစ်မှန်ကို ရှာဖွေကာ ထန်မင်းဆက်ကို ကယ်တင်နိုင်ပါ့မလားဆိုတာ ...
movie

Detective Dee and Dragon Hidden Lair ( 2023 )

Detective Dee and Nine Dragon Coffin ( 2022 ) 6.9
Detective Dee and Nine Dragon Coffin ( 2022 ) Detective Dee ပရိသတ်တွေအတွက် နောက်တစ်ကားကို CM မှတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ၆၇၆ခုနှစ်ခန့်ကာလမှာ သင်္ချိုင်းသူခိုးတစ်သိုက်ဟာ လူသားစားတဲ့အခေါင်းတလားကိုတူးဖော်ခဲ့မိပါတယ်။ ရွှေနဂါးကြီးဟာအခေါင်းအတွင်းကနေပျံထွက်လာခဲ့ပြီး ပြုစားခံထားရတဲ့အလောင်းဟာ အခေါင်းထဲကထွက်လာပြီး ဘုရင်ကြီးနဲ့ဘုရင်မကြီးကိုလုပ်ကြံဖို့ကြိုးစားခဲ့ရာ ကိုယ်ရံတော်အရာရှိလီက တားမြစ်ကယ်တင်ခဲ့ပါတယ်။ ထုံးစံအရ တရားရေးဌာနက Di Ren Jie ဟာ အမိန့်တော်အရ အမှုကိုစစ်ဆေးတော့တာပေါ့။ လူသားစားပြီးဓားလှံတွေကိုမကြောက်တဲ့အလောင်းကောင်တွေဟာ လွန်ခဲ့တဲ့နှစ်၂၀တုန်းက နယ်နှင်ဒဏ်ပေးခံခဲ့ရတဲ့ မိဖုရားကြီးဝမ်ရဲ့မျိုးဆက်ရဲ့လုပ်ရပ်ပဲဆိုတာကိုသိလိုက်ရပါတယ်။ ဒီလိုနဲ့ မီးပုံးပွဲညမှာ လူတွေစည်းကားနေတဲ့အချိန်မှာ ထူးဆန်းတဲ့ပုလွေသံနဲ့အတူ အလောင်းကောင်တွေဟာ Chang An မြို့ထဲကိုဝင်လာပါတော့တယ်။ အလုံးအရင်းနဲ့ဝင်လာတဲ့ အလောင်းကောင်တွေ လူတွေကိုကိုက်လိုက်တိုင်းတိုးလာတဲ့အလောင်းကောင်တွေကို ဆရာဒီးတို့နှိမ်နင်းနိုင်ပါ့မလား ဘယ်အချိန်အထိများတောင့်ခံနိုင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ပြီးခံစားလိုက်ပါနော်. Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK
movie

Detective Dee and Nine Dragon Coffin ( 2022 )

Detective Dee and Fire Unicorn ( 2022 ) 6.5
Detective Dee and Fire Unicorn ( 2022 ) Detective Deeရဲ့ စုံထောက်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတခါမှာစုံထောက်ကြီးဒီးရန်ကျယ် အစွမ်းပြပြီးလိုက်ရမယ့်အမှုကတော့ ဒီလိုပါ။ မီးပုံးပွဲ​တော်နေ့မှာ ပြည်သူတွေဟာဘုရင်မကြီး ဝူကျယ်ထျန်းအတွက် ဆုတောင်းမေတ္တာပို့သနေကြတာပေါ့။ အဲ့ဒီအချိန်မှာ တစ်ကိုယ်လုံးမှာမီးတောက်လောင်နေတဲ့ ထူးဆန်းတဲ့ ဦးချိုတစ်ချောင်းနဲ့ သတ္တဝါတစ်ကောင် ပေါ်ထွက်လာပါတယ်။ အဲ့ဒီသတ္တဝါရဲ့အသားကိုစားရင် ၉၆ ပါးသောရောဂါကို ပျောက်ကင်းစေနိုင်သတဲ့။ ဆိုတော့ ဘုရင်မကြီးဟာ တလီတရားရေးဌာနကို ဒီထူးဆန်းတဲ့သတ္တဝါအကြောင်းကို ခုနစ်ရက်အတွင်းအဖြေရှာဖို့ မိန့်တော်မူလိုက်ပါလေရော။ အဲ့မှာ ဇာတ်လိုက်ကျော်စုံထောက်ကြီးဒီးဟာ အမှုလိုက်ဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီသတ္တဝါကလူလား မကောင်းဆိုးဝါး လေလား။ ဘယ်ကရောက်လာတာများလဲ။ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကို ဘယ်လိုလိုက်မလဲဆိုတာနဲ့ နောက်ကွယ်က ဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ အခုပဲကြည့်လိုက်ကြရအောင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 26min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Detective Dee and Fire Unicorn ( 2022 )

Detective Dee and Deadly Fragrance ( 2022 ) 6.2
Detective Dee and Deadly Fragrance ( 2022 ) CM ကနေပြီးတော့ဒီတစ်ခါအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Detective Dee: Scent of a Killer ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Luoyang မြိုထဲမှာမတရားစွပ်စွဲပြီးခေါင်းဖြတ်ခံရတဲ့ An Yu ဆိုတဲ့မိန်းကလေးတစ်ယောက်ကသရဲအဖြစ်အနေနဲ့ လူတော်တော်များများကို လိုက်လံသတ်ဖြတ်နေတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ အဲ့အချိန်မှာ Dee Ren Jie ကိုနယ်နှင်ဒဏ်ခံရတဲ့အပြစ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး ဒီအမှုကိုလိုက်လံစုံစမ်းဖိုခွင့်ပြုလိုက်တဲ့အချိန်မှာတင် Dee Ren Jie ကိုမကျေနပ်တဲ့အုပ်စုကသတ်ပစ်ဖိုကြိုးစားပါတော့တယ်။ တချိန်တည်းမှာဘဲ Lv Zhaoyuan ဆိုတဲ့လူကတော့ ပျောက်ဆုံးသွားတဲ့ဇနီးကိုရှာဖို့ မြိုတော်ဆီလာနေရင်းလမ်းမှာလူသတ်သမားတွေကြောင့်ချောက်ကမ်းပါးကနေပြုတ်ကျသွားတဲ့ Dee Ren Jie ကိုကယ်တင်ပေးခဲ့တယ်။ကံမကောင်းစွာနဲ့ Dee Ren Jie ကအတိတ်မေ့သွားခဲ့တယ်။ ဒီလိုနဲ့အကြောင်းရင်းတိုက်ဆိုင်လာတဲ့အချိန်နှစ်ယောက်လုံးလူချင်းလဲလိုက်တဲ့အချိန်မှာတော့.... ကဲဒီတော့ဇနီးပျောက်လိုရှာနေတဲ့ Lv Zhaoyuan က ရူပ်ထွေးလှတဲ့အမှုကြီးမှာဝင်ပါသွားတဲ့အခါဘယ်လိုတွေဆက်ဖြစ်မလဲ? Dee Ren Jie ကတော့သူ့မှတ်ဉာဏ်ပြန်ပေါ်လာမလား? စတဲ့မေးခွန်းပေါင်းများစွာရဲ့ အဖြေတွေကိုသိချင်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရူလိုက်ရအောင်   Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Comedy Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Detective Dee and Deadly Fragrance ( 2022 )

Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes
Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes ဒါကတော့ CM ကနေ ငါးကားမြောက်အဖြစ် တင်ဆက်ပေးမယ့် Young Detective Dee ဇာတ်ကားပါပဲ။ အရင်ကားများကို ကြည့်ဖူးသူများကတော့ နှလုံးပီတိ ဂွမ်းဆီထိပြီး ကြည့်ရမယ့် ဇာတ်ကားပေါ့။ Dee ရဲ့ ဟန် အရရော စုံထောက်ဇာတ်လမ်း ဟန် အရရော ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်စေရမယ့် ဇာတ်ကားတွေပေါ့။မကြည့်ဖူးသေးတဲ့ သူများအတွက်တော့ CM မှာ အရင်တင်ထားတဲ့ ဇာတ်ကားတွေကို ထွက်ရှိရာခုနှစ်ကို အလိုက် ကြည့်ရှုသင့်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာကတော့ မင်းသားတွေပါပဲ။ အဓိကဇာတ်ဆောင်မင်းသား နှစ်ယောက် ရိုက်ကူးထားပါတယ်။ Mark Chao နဲ့ Andy Lau တို့ပါ။ တကယ်တမ်း Dee ဇာတ်ကောင်နဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးသွားတဲ့ မင်းသားကြီး Andy Lau ကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံးပါပဲ။ Mark Chao ...
movie

Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes

4K HEVC Web-DL
Detective Dee: Solitary Skies Killer (2020)
Detective Dee: Solitary Skies Killer (2020) Detective Dee: Solitary Skies Killer (2020) ဒီရုပ်ရှင်ကလည်း စုံထောက် တီးရန်းကျန်ရဲ့ ဇာတ်လမ်းပါပဲ။ ဒါပေမယ့် အရင်ထွက်ခဲ့တဲ့ ကားတွေနဲ့ မဆက်စပ်ပါဘူး။ မင်းသားကလည်း အသစ်ပါပဲ။ ကြည့်လို့ ကောင်းပါတယ်။ သိုင်းကားငတ်နေတဲ့သူတွေအတွက်တော့အကြိုက်ပေါ့... ဇာတ်လမ်းအကျဉ်းကတော့ ချန်းမိသားစုဟာ မင်္ဂလာဦးညမှာ သတို့သမီးဖြစ်သူက သတ်ဖြတ်တာကို ခံရပြီး သတို့သမီးကလည်း သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ အဲဒီအမှုမှာ တကယ့်တရားခံအစစ်က သေသွားတဲ့ သတို့သမီးမဟုတ်တာကို သံသယဖြစ်တဲ့ စုံစမ်းရေးမှူးတီးဟာ နောက်ကွယ်က တရားခံကို ဖော်ဖို့ ပဟေဠိတွေ အဖြေညှိရပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneoပဲဖြစ်ပါတယ်... File Size : (750 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:25:00 Genre : Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Thanhtike Zaw
movie

Detective Dee: Solitary Skies Killer (2020)

Watching the Detectives (2007) 6.2
Watching the Detectives (2007) Batman franchise နဲ့ Peaky Blinders ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Cilian Murphy ရဲ့ 2007 ထွက် Watching The Detectivesဆိုတဲ့ အချစ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နီးလ်က ဗီဒီယိုခွေအငှားဆိုင်သေးသေးလေးရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူ့တစ်ဘဝလုံးကို ဇာတ်ကားတွေကြည့်ရင်း ကုန်ဆုံးလာခဲ့သလို သူ့ရဲ့ထူးဆန်းတဲ့ဝါသနာနဲ့အမြင်ကြောင့် ဘယ်စော်နဲ့မှမမြဲတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားကြည့်မလား စော်နဲ့လည်မလားဆိုရင်တောင် ဇာတ်ကားပဲကြည့်မဲ့သူမျိုးမို့ စော်မမြဲတာလည်း မဆန်းဘူးပေါ့ဗျာ။ ဗိုင်အိုလက်ကတော့ တစ်ရက်မှာ သူ့ဆိုင်ကိုခွေလာငှားရင်း သိကျွမ်းခွင့်ရခဲ့တဲ့ ထူးခြားတဲ့မိန်းကလေးတစ်‌ယောက် ဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးမနေတတ်ဘဲ စွန့်စားခန်းတွေဖွင့်ရတာကိုနှစ်သက်ပြီး သူနဲ့ဝါသနာတစ်စက်ကလေးမှမတူတဲ့ ဗိုင်အိုလက်က သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုလည်း ဘာမှပေးမသိထားတာကြောင့် ‌နီးလ်အတွက်တော့ ပဟေဠိတစ်ပုဒ်လိုပါပဲ။ ပဟေဠိဆန်တာတွေကိုမှ စွဲလမ်းတတ်တဲ့လူ့သဘာဝအရ နီးလ်ဟာ ဗိုင်အိုလက်အပေါ်မှာ ထူးထူးခြားခြားငြိတွယ်သွားခဲ့ပါတယ်။ IMDB rating 6.2 အထိရရှိထားပြီး ငယ်ငယ်ကခွေအငှားဆိုင်မှာ ဗီဒီယိုအခွေတွေငှားပြီး အိမ်မှာကြည့်ခဲ့ရတဲ့ငယ်ဘဝကို ပြန်လွမ်းဆွတ်သွားစေမဲ့ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။   File size…(1.9 GB)/(960 Mb) Quality….Webrip ...
movie

Watching the Detectives (2007)

Di Renjie Resurrection (2022) 6.2
Di Renjie Resurrection (2022) အခုတင်ဆက်ပေးလိုက်တဲ့ Detective Dee ရဲ့အကြောင်းကိုတော့ အထူးတစ်လည်မိတ်ဆက်ပေးနေစရာမလိုဘူးထင်ပါတယ်။ ခက်ခဲနက်နဲတဲ့အမှုမျိုးမျိုးမှာ လက်စွမ်းတွေပြခဲ့တဲ့ ဆရာကြီးဒီးတစ်ယောက် ဘယ်လိုတွေလက်စွမ်းပြဦးမလဲဆိုတာ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်းလေးကတော့ဘုရင်မကြီးက Detective Dee အတွက်ကျင်းပပေးတဲ့ ရာထူးတိုးဂုဏ်ပြုပွဲမှာ ဝိဉာဉ်စစ်သည်တွေနန်းတွင်းကိုဝင်စီးတယ်ဆိုတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးဖြစ်သွားခဲ့တယ်။ အဲဒါနဲ့ စုံထောက်ကြီးဒီးတစ်ယောက်က အသေကောင်တွေ ပြန်ထလာတယ်ဆိုတဲ့ ချောင်ခရိုင်ကိုအပြေးနှင်ပြီး အမှုစုံစမ်းဖို့သွားတဲ့အချိန်မှာပဲ ခြုံခိုတိုက်ခိုက်ခံလိုက်ရပါတယ်။ စုံထောက်ကြီးဒီးသေဆုံးသွားတာကို ဘုရင်မကြီးက တိတ်တဆိတ်ပဲသဂြိုလ်ခိုင်းလိုက်ပါတယ်။ အဲဒီအချိန်မှာ စုံထောက်ကြီးဒီးနဲ့ ရုပ်ချင်းဆင်တဲ့ စုန့်ရှောင်ပိုင်ဆိုတဲ့လူဟာ သူ့ကိုယ်သူစုံထောက်ကြီးဒီးပါဆိုပြီး လိမ်စားနေပါရော။ အဲဒီလိုနဲ့ စုံထောက်ကြီးဒီးရဲ့ ရန်သူက သူ့ဆီကိုရောက်လာပါတော့တယ်။ အယောင်ဆောင်Deeတစ်ယောက် ဘယ်လိုများအန္တရာယ်တွေကိုကျော်ဖြတ်မလဲ ...... စုံထောက်ကြီးDeeကရော တကယ်သေသွားပြီလား...... အမှုရဲ့နောက်ကွယ်ကလက်မဲကြီးကဘယ်သူဖြစ်ပြီးတော့ ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ အဆုံးထိဆက်ကြည့်လိုက်ပါနော်။   Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery Runtime : 1h 13min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

Di Renjie Resurrection (2022)

Genres

Archives