Channel Myanmar

Results: god of gamblers

God of Gamblers ( 2020 ) 5
God of Gamblers ( 2020 ) Game of Gambler ဆိုတဲ့နာမည်ကို မစိမ်းကြဘူးထင်ပါတယ်... ဒါပေမယ့် ဒီ ၂၀၂၀ မှာရိုက်ထားတဲ့ ကားကတော့ ဇာတ်အိမ် ဇာတ်ရိုးဆန်းနေမှာ သေချာပါတယ် ဘာလို့လဲဆိုတော့ အရင်က ကြည့်နေကြ ကားတွေမှာဆို Game of Gambler ကို လူကောင်း လူဖြောင့် လူထူးလူဆန်းအနေနဲ့ role မြှင့်ထားနေကြကနေ ဇာတ်အိမ်အချိုးအကွေ့ဆန်းဆန်းပြောင်းရိုက်ထားတာကြောင့်ပါပဲ... ဇာတ်လမ်းလေးက ထုံးစံအတိုင်း သာမန်ကောင်လေးတစ်ယောက်က Game of Gambler ကို ကယ်လိုက်ရာက စတာပေါ့... မတူတာက ကောင်လေးက လောင်းကစားကို နာကျည်းနေတဲ့ နောက်ခံရှိနေတာပဲ ဒါကြောင့် သူက ငါးဖမ်းပြီး ငါးရောင်းစားနေတဲ့ တံငှါလေးပေါ့... ဒီလိုကောင်လေးက အခြေအနေတစ်ခုကြောင့် လောင်းကစားလောကထဲ ဘယ်လိုရောက်သွားပြီး ဘယ်လိုအလှည့်အပြောင်းတွေနဲ့ရင်ဆိုင်ရမယ်ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်မြင်တွေ့ခံစားရမယ့် ကားကောင်းလေးတစ်ခုပါလို့ ညွှန်းပေးလိုက်တယ်နော်   Translated & Review By Chu Chu Encoded By LK
movie

God of Gamblers ( 2020 )

2020
God Of Gamblers ( 2018 ) 5
God Of Gamblers ( 2018 ) ဒီဇာတ်ကားလေးကတော့ 2018  က ထွက်ရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတ.် လောင်းကစားလုပ်ကြတဲ့ Gamblers ကားတွေဟာလည်း တမျိုးတစ်ဖုံစိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ကောင်းတယ်ဆိုတာ အားလုံးလည်းသိကြပြီးသားဖြစ်မှာပါ..ဒီကားလေးကိုခံစားကြည့်လိုက်ပါဦး အညွန်းကတော့ ကောင်းဖန်ကသာမာန်လူတစ်ယောက်ပါ ဒါပေမဲ့လောင်းကစားဘုရင်မော့ချင်းမင်နဲ့လောင်းကစားနည်းသင်ကြားပြီးနောက် လောင်းကစားဘုရင်အသစ်ဖြစ်သွားတယ် သို့သော်ထူးဆန်းစွာနဲ့လောင်းကစားလောကက နုတ်ထွက်သွားပြီးဘီယာဆိုင်သူဌေးဖြစ်သွားတယ် လောင်းကစားနဲ့မပတ်သတ်တော့ဘဲချစ်သူနဲ့အတူဘီယာဆိုင်ဖွင့်နေ ပြီးအေးအေးဆေးဆေးဖြစ်နေသလိုနဲ့ကွယ်ရာမှာတော့ လောင်းကစားနည်းတွေလေ့လာနေပြီးစိတ်ထဲမှာအစီစဉ်ကြီးစီစဉ်နေတယ် တစ်နေ့မှာချစ်သူရဲ့အစ်ကိုကလောင်းကစားပွဲတစ်ခုမှာ ဝင်ပါမိသွားပြီးသေရေးရှင်ရေးပွဲဝင်ပြိုင်ဖို့ရွှေဝါတံဆိပ်ရခဲ့တယ် မိသားစုအတွက်နဲ့စိတ်ထဲကအစီအစဉ်အတွက်ကောင်းဖန်က အန္တရာယ်တွေကျော်ဖြတ်ပြီးရွှေဝါလောင်းကစားမြို့ရောက်ရှိသွား ပြီးပွဲကြီးပွဲကောင်းဖြစ်တဲ့သေရေးရှင်ရေးပွဲကြီးစတင်ပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဒီကားလေးထဲမှာဆက်လက်စောင့်ကြည့်ဖို့တို်က်တွန်းလိုက်ပါရစေ....   Translated & Review By Xaio Encoded By LK
movie

God Of Gamblers ( 2018 )

The God of Cookery (1996) 7.3
The God of Cookery (1996) The God of Cookery (1996) ~ IMDb - 7.3/10, Rotten Tomatoes - 86% ~ ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie

The God of Cookery (1996)

1996
Fallen Angels (1995)
Fallen Angels (1995) IMDb - 7.6/10 , RT - 95% Bodyguards and Assassins, God of Gamblers တို့မှာ သရုပ်ဆောင်ဖူးတဲ့ Leon Laiရယ် Forever Friendsနဲ့ The Crossingတို့ရဲ့ မင်းသားTakeshi Kaneshiroတို့နဲ့အတူတူ Royal Tramp , Swordsman တို့ရဲ့ မင်းသမီး Michelle Reisတို့က ၃ယောက်သား ဒီကားကို အနှစ်အရသာရှိလှစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင်က လုပ်ကြံရေးသမား၂ယောက်ရယ် ရရာအလုပ်ကို လုပ်နေတဲ့လူရယ်၊ ထိုလူ၃ယောက်ရဲ့ သူတို့ရဲ့ ဘဝနဲ့ အချစ်ရေးအကြောင်းကို ထူးခြားစွာဖော်ပြထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ လူတွေက နေ့စဥ် ကိုယ်ကျွမ်းကျင်ရာကို လုပ်ကိုင်ရင်း အချစ်နဲ့နားခိုရာကို ရှာဖွေလေ့ရှိပါတယ်။ အချစ်ကို ပျောက်လို့လိုက်ရှာရင်း ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကိုပါ ပျောက်ဆုံးတတ်​ပြီး သူတို့၃ယောက် ဘဝကို ဘယ်လိုနေထိုင်ကြလဲဆိုတာကို ...
movie

Fallen Angels (1995)

[18+] Lover of the Last Empress (1995) 5.6
[18+] Lover of the Last Empress (1995) Lover of the Last Empress (1994) Chingmy Yau ကို တော်တော်များများ နာမည်နဲ့တွဲမသိကြရင်တောင် လူကိုရင်းနှီးပြီးသားဖြစ်နေမှာပါ။ သူဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀ကာလ ဟောင်ကောင်ရုပ်ရှင်ရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး မက်ဂီချောင်တို့ ဘရစ်ဂစ်တီလင်းတို့ကိုတော့မမီပေမဲ့ သူတို့လောက်နီးနီးနာမည်ကြီးခဲ့တဲ့သူပါပဲ။ ဟောင်ကောင်ရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ ချောင်ယွန်ဖတ်ရဲ့ God of Gamblers Returns, စတီဖင်ချောင်ရဲ့ Lawyer Lawyer နဲ့ Royal Tramp I & II, ဂျက်ကီချမ်းရဲ့ City Hunter, ဂျက်လီရဲ့ Kung Fu Cult Master, အန်ဒီလောင်ရဲ့ Casino Tycoon, အာရွန်ကော့ရဲ့ Legend of the Liquid Sword တို့လိုကားတွေလည်းရိုက်ခဲ့သလို Naked Killer တို့လို Category III ...
movie

[18+] Lover of the Last Empress (1995)

1995
Future Cops (1993) 5.9
Future Cops (1993) Future Cops (1993) ~ IMDb - 5.9/10, MyDramaList - 7.5/10 ~ ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ ...
movie

Future Cops (1993)

1993
Magic Crystal (1986) 6
Magic Crystal (1986) Magic Crystal (1986) စတီဖင်ချောင်ရဲ့ နာမည်ကျော် God Of Gamblers ကားတွေ၊ Royal Tramp ကား‌တွေ၊ Tricky Master, Tricky Brain ကားတွေရဲ့ ဒါရိုက်တာ ဝေါင်ကျင်းရဲ့ လက်ရာကားဟောင်းတစ်ကားပါ။ အပေါ်က ကားတွေကို ကြည့်ဖူးတယ်ဆိုရင် ဒီရုပ်ရှင်က ထိုနည်း‌၎င်း Inner Logic ထဲ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ဟောင်ကောင် အက်ရှင်ကားဆိုတာ မြင်သာမှာပါ။ အဓိကသရုပ်ဆောင်ကတော့ ဟော‌င်ကောင်ရဲ့ A List စာရင်း၀င်တဲ့ Andy Lau ပေါ့။ သူ့ကိုတော့ ဟောင်ကောင်ပရိတ်သတ်တွေဖြစ်ဖြစ် ဝေါင်ကာဝေးပရိတ်သတ်တွေဖြစ်ဖြစ် သိပ်မစိမ်းကြပါဘူး။ ဟောင်ကောင်ဖန် အတော်များများ သဘောကျကြတဲ့ သူပါပဲ။ ဒါရိုက်တာဖြစ်တဲ့ ၀မ်ကျင်းကိုယ်တိုင် ၀င်သရုပ်ဆောင်ထားတဲ့အပြင် ချောင်ဖန်တွေမစိမ်းတဲ့ Sharla Cheung ပါ အဆစ်ပါပါသေးတယ်။ 1986 ဆိုတော့ As tears ...
movie

Magic Crystal (1986)

1986

Genres

Archives