Channel Myanmar

Results: lucifer

Lucifer(2021)SE6 8.5
Lucifer(2021)SE6 Lucifer(2021)SE6 ဇာတ်လမ်းတွဲအညွှန်း ********************************** အပိုင်းသစ်( ၁ မှ ၁၀)ထိ စ/ဆုံး မျှော်နေကြတဲ့ Lucifer Season 6 ထွက်လာပါပြီနော်... Season 5 မှာ ကောင်းကင်ဘုံနဲ့ ငရဲ တိုက်ပွဲကြီး ပြီးသွားတဲ့အချိန်မှာ ဘုရားသခင်ရဲ့နေရာကို ဆက်ခံဖို့ Lucifer က ချွင်းချက်မရှိ ဆက်ခံသူဖြစ်သွားပါပြီ။ ဒီ Season မှာတော့ ငရဲဘုရင်တစ်ယောက် ဘုရားသခင်နေရာကို ဝင်ပြီး အမွေဆက်ခံထိုက်သူ ဖြစ်နိုင်ဖို့ ကြိုးစားနေတာကိုတွေ့ရမှာပါ။ အရင်ဘုရားသခင်ရဲ့ လက်ရုံးကြီး ဘုရားသခင်ရဲ့အမျက်တော် အမန်နာဒီရယ်ကတော့ လူလောကမှာပဲ ရဲဝန်ထမ်းလုပ်ဖို့ကြိုးစားနေပြီး မေ့ဇ်နဲ့ အိဗ် အတွဲကတော့ ငရဲကိုပြန်မသွားတော့ဘဲ LA မှာပဲဆက်ရှိနေဦးမှာပါ။ ကွင်းဆက်လူသတ်သမားနဲ့ တွဲဖြစ်ခဲ့တဲ့ အချစ်တော်အယ်လာလေးအတွက် စုံထောက် ကာရိုးကော်ဘတ်ဆိုတဲ့ ဇာတ်ကောင်အသစ်လေးပါလာပါတယ်။ စုံထောက်ကြီး ကလိုဝီကတော့ စုံထောက်ပြုတ်ဖြစ်ပြီး အငြိမ်းစားဘဝမှာ တိုင်ပတ်နေပါတယ်။ ငရဲကိုရောက်သွားတဲ့ ဒန်တစ်ယောက်ကတော့ ငရဲမှာ အထူးဝန်ဆောင်မှုရပြီး သာယာနေပေမဲ့ ပြန်လာချင်နေပါတယ်။ ငရဲကျနေတုန်းဆိုတော့လေ။ ဗီလိန်တမာန်တော်တစ်ပါးလည်းပါလာပါတယ်။ သူ့ရဲ့အကြောင်းကိုတော့ ဇာတ်လမ်းမှာပဲဆက်ကြည့်လိုက်ပါတော့။ ငရဲဘုရင်က ဘုရားသခင်ဖြစ်သွားတော့လည်း အားပေးကြဦးမယ်မလား။ Total Episodes – 10 Quality :NF-WEB-DL1080P5.1CH720p File Size : ...
8.5
TMDb: 8.5/10 10070 votes
tv

Lucifer(2021)SE6

2016
Lucifer Season 4 + 5 7.4
Lucifer Season 4 + 5 Lucifer(2019) လူစီဖာ အတွဲ ၄ ကို တင်ပေးနေပါပြီ။ ဒီစီစန်ကိုတော့ နက်ဖလစ်က ရိုက်ကူးခဲ့ပြီး စုစုပေါင်း ၁၀ ပိုင်းရှိပါတယ်။ စီစန် ၃ အဆုံးမှာ လူစီဖာရဲ့ ဘဝမှန်ကို ကလိုဝီဒက်ကာက သိသွားခဲ့တာနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ဒီစီးရီးကို Fox က cancel ပြီး နက်ဖလစ်ကို ယူဖြစ်သွားတာ ဖန်တွေအတွက် ကောင်းတယ်ပြောရမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ တိုက်ခိုက်ခန်းတွေ အထူးပြုလုပ်ချက်တွေ၊ ဒိုင်ယာလော့တွေ အကုန်ပိုကောင်းလာသလို အချိတ်အဆက်တွေနဲ့ ဇာတ်ရှိန်အတက်အကျတွေကလည်း တကယ့်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်.... ဆက်ပြီးအားပေးလိုက်ကြပါဦးအပိုင်း(၁၀) ပိုင်းလုံးတင်ဆက်ပေးထားပါတယ်...   Quality –  WEB-DL 720p Duration – 50min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama, Fantasy  Translator - Littleneo Encoder –  Phyo Pyae Season 4 Complete Zip File VIP / Megaup /Yoteshin SEASON 5 Season ...
7.4
TMDb: 7.4/10 936 votes
tv

Lucifer Season 4 + 5

2016
Lucifer (2019) 7.9
Lucifer (2019) ၂၀၁၉ ထွက်India ဇာတ်ကား Lucifer နဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက Box Office မှာ အောင်မြင်မှု အတော်ရထားတဲ့ ဇာတ်ကားလေးပါ။ Original Songtrack အလန်းစားတွေလည်းပါပါတယ်။ ဇာတ်လမ်းကတော့ Kerala ဆိုတဲ့ ပြည်နယ်ဝန်ကြီးချုပ် P.K.Ramdas သေဆုံးသွားတာကစပါတယ်။ သူတို့စကားအတိုင်းပြောရမယ်ဆိုရင် အဲဒီနယ်ရဲ့ ဘုရားသခင်ပေါ့။ အဲဒီ ဘုရားသခင်မှာ သားသမီးနှစ်ယောက်ရှိတယ်။ စစ်တပ်တစ်တပ်ရှိတယ်။ သူ့ရဲ့ ဂုဏ်ကိုမြှင့်ပေးမယ့် တမာန်တော်တွေလည်းရှိတာပေါ့။ ဘုရားသခင်ရဲ့ နိုင်ငံက ကြီးလွန်းတော့ သူခိုးတွေက တမာန်တော်ဟန်ဆောင်ပြီး ဝင်လာကြတယ်။ တစ်နေ့မှာတော့ အဲဒီ ဘုရားသခင်သေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တမာန်တော်ဟန်ဆောင်နေတဲ့ သူခိုးတွေက နိုင်ငံကိုသိမ်းပိုက်ဖို့ ကြိုးစားကြပါတော့တယ်။ အဲဒီလို ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်တဲ့သူကတော့ တစ်ယောက်ပဲရှိပါတယ်။ သူ့ကို ဟိန္ဒူမှာဆို မဟီရာဝဏ၊ အစ္စလာမ်မှာဆိုရင်တော့ အစ်ဘလီ၊ ခရစ်ယာန်မှာဆိုရင် Lucifer လို့ တင်စားပြောလို့ရတဲ့ Stephen ...
movie

Lucifer (2019)

2019
Lucifer Season 1 [COMPLETE] 7.3
Lucifer Season 1 [COMPLETE] DC comic ကို အခြေခံထားပြီး လက်ရှိမှာတော့ Imdb 8.7 နဲ့ ရပ်တည်နေပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဖန်ဆင်းရှင် God ရဲ့ ကောင်းကင်တမာန် စေတန် သို့မဟုတ် The Devil သို့မဟုတ် လူစီဖာ လို့ သိကြတဲ့ ငရဲမင်းကြီးဟာ ငရဲပြည်ကို ပျင်းရိလာပြီး လော့စ်အိန်ဂျလိ ကို ခရီးထွက်လာခဲ့ပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ မိတ်ဆွေဟောင်း မိန်းကလေးအသတ်ခံရပြီး လူသတ်တရားခံကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီအမှုကို သူကူညီပေးမိတဲ့ စုံထောက်မလေးဟာ ထူးဆန်းစွာပဲ သူ့ရဲ့အစွမ်းတွေကို ခံနိုင်ရည်ရှိနေတဲ့အတွက် စိတ်ဝင်စားမိပြီး............. ဒီဇာတ်လမ်းတွဲကို ကြိုက်ရတဲ့အကြောင်းတွေက အတော်များပါတယ်။ ပထမဆုံးအနေနဲ့တော့ အမြဲတမ်း ကြောက်စရာဇာတ်ကောင်ဖြစ်နေခဲ့တဲ့ လူစီဖာ ကို ဇာတ်လိုက်အနေနဲ့ တွေ့ရမှာကိုက စိတ်လှုပ်ရှားစရာပါ။ ဒုတိယကတော့ ဒီဇာတ်လမ်းတွဲ အပိုင်း ၁ မှာ ဘာမှ ထူးခြားတဲ့စွမ်းအင် ကြီးမားတဲ့ရန်သူကို မတွေ့ရပါဘူး။ ကျတော့် အကြိုက်ဆုံး စူပါနေထရယ်စီးရီးလိုပဲ တဖြည်းဖြည်း ဆွဲခေါ်လာလိမ့်မယ်ထင်ပါတယ်။ နောက်တစ်ခုကတော့ ...
7.3
TMDb: 7.3/10 740 votes
tv

Lucifer Season 1 [COMPLETE]

2016
A Christmas Serenade (2023)
A Christmas Serenade (2023)     ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ အသစ်ထွက်ထားတဲ့ ခရစ္စမတ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Agents Of S.H.i.E.L.D ထဲကမင်းသား B.J.Britt နဲ့ Lucifer ဇာတ်လမ်းတွဲထဲက မင်းသမီး Skye Townsend တို့အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Holiday ဇာတ်ကားလေးတစ်ကားပါ အလုပ်နဲ့ ကမ္ဘာပတ်နေရပြီး အိမ်ကိုပြန်မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ အနုပညာသမားတစ်ယောက်ဖြစ်တဲ့ ဂျရာမိုင်း တစ်ယောက် ခရစ္စမတ်အကြိုမှာ အလုပ်ကိစ္စနဲ့ မွေးရပ်မြို့လေးဆီကိုပြန်လာဖြစ်ဖို့ အကြောင်းဖန်လာတာပေါ့ အရင်ရည်းစားဟောင်းဖြစ်တဲ့ ဝယ်လို ဆိုတဲ့ သူ့အဖေရဲ့ဧဝံဂေလိဘုရားကျောင်းက ဓမ္မတေးဆရာမလေးတစ်ယောက်နဲ့ ပြန်ဆုံပြီး ပြန်ပေါင်းထုပ်တဲ့အကြောင်းလေးပါ ဇာတ်ကားထဲမှာ မင်းသားရော မင်းသမီးရော သီချင်းဆိုတာ အသံတွေအရမ်းကောင်းကြပါတယ် ဇာတ်ဝင်သီချင်းလေးကတော့ အမိုက်ဆုံးပါပဲ ဒီတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်......... ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်   File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

A Christmas Serenade (2023)

Cut, Color, Murder (2022) 6.2
Cut, Color, Murder (2022) Cut, Color, Murder (2022) အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ ...
movie

Cut, Color, Murder (2022)

2022
Johnny & Clyde (2023)
Johnny & Clyde (2023) Johnny & Clyde (2023) ဒီရုပ်ရှင်က ဇာတ်အိမ်လည်းရူးခါနေသလို Megan Fox လည်းပါတာမို့ ပုရိသတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ဒီကားရဲ့ ဇာတ်လိုက်ကျော်တွေက ဂျိုကာနဲ့ဟာလေကွင်းလို အရူးအတွဲ။ သူတို့က ဂျိုကာနဲ့ ဟာလေကွင်းနဲ့ တော်တော်ကို တူတာမှ တစ်ပုံစံတည်းလိုကိုတူတာ။ ဘဲက သတ်ချင်တဲ့လူ လိုက်သတ်နေတဲ့ ဂကြောင်။ စော်က ဘဲကို အထင်ကြီးပြီး သတ်သမျှကို လိုက်အားပေးနေတဲ့ ဂကြောင်မ။ သူတို့က နားနေတာကြာပြီ။ ဒီကားအစမှာ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး လျှောက်သတ်ကြရော။ ဒီလိုသတ်ရင်း ကာစီနိုက ကားတစ်စီးကို ဓားပြတိုက်မိကြတယ်။ အဲဒီကားပေါ် ဘာမှပါမလာဘဲ ကာစီနိုတုံကင်တွေပဲ ပါလာပေမဲ့ ကားပေါ်က တစ်ကောင် လက်ထောက်ချလို့ ကာစီနိုမှာ ငွေတွေချည်း ထားထားတဲ့ အခန်းတစ်ခန်းရှိတဲ့အကြောင်း သိသွားကြတယ်။ ဒီလိုနဲ့ အဲဒီကာစီနိုကို ဓားပြတိုက်ဖို့ပြင်တယ်။ လူစုတယ်။ မထူးဘူး။ သူ့တို့လို အရူးတွေချည်းပဲ။ အဲဒီကာစီနိုကို ဦးစီးတဲ့လူက ...
movie

Johnny & Clyde (2023)

2023
Guns of Eden (2022)
Guns of Eden (2022) Guns of Eden (2022) ၂၀၂၂ ထွက် အက်ရှင်ကားလေးပါ... စစ်တပ်မှာ လေ့ကျင့်ထားပေမဲ့ ရဲတပ်ဖွဲ့ထဲကိုဝင်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ရဲမေ မီဂန်က တာဝန်ချိန်ပြင်ပမှာ ဓားပြတိုက်မှုနဲ့တွေ့ပြီး ရဲတစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်မိလိုက်ပါတယ်။ အဲဒီကိစ္စကြောင့် အလုပ်က နားပြီး စိတ်ဓာတ်ကျနေတဲ့အချိန် တွဲဖက်ဖြစ်သူက အခြားမိတ်ဆွေ နှစ်ယောက်နဲ့အတူ စိတ်ပြေလက်ပျောက် တောင်ပေါ်ကို စခန်းချသွားဖို့ခေါ်တာကို လိုက်သွားရင်း လူသတ်မှု ကျူးလွန်နေတဲ့ ရဲတစ်စုကို တွေ့ပြီး မျက်မြင်သက်သေဖြစ်သွားပါတယ်။ အကျင့်ပျက်ရဲတွေက သူတို့ လေးယောက်ကို နှုတ်ပိတ်ဖို့ ကြိုးစားတာကို လွတ်အောင်ပြေးပြီး ဘယ်လို ပြန်တိုက်ခိုက်မလဲဆိုတာကို ကြည့်ရမှာပါ။ နောက်ထပ် အဲဒီအကျင့်ပျက်ရဲတွေဆိုတာက မြေအောက်အဖွဲ့အစည်းကြီးတစ်ခုရဲ့ အဖျားစွန်းလေးတစ်ခုပဲဆိုတာကို သိသွားတဲ့အချိန်မှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Lucifer မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 720MB Quality - 1080p, 720p Format - mp4 Duration - 1H 31Min Genre - ...
movie

Guns of Eden (2022)

2022
The Devil Conspiracy (2022)
The Devil Conspiracy (2022) The Devil Conspiracy (2022) ကမ္ဘာဦးအစ ဒုတိယနေ့ အာရုဏ်ဦးမှာ ဘုရားသခင်ဟာ ကောင်းကင်ဘုံနဲ့ မြေကြီးကို ဖန်ဆင်းတော်မူခဲ့ပါတယ်။ ပြီးနောက် ကြီးမြတ်တော်မူသော နတ်သားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီနတ်သားတွေဟာ ကောင်းကင်မှာ စံပယ်ကြတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲ အရေးအပါဆုံးတစ်ခုဖြစ်ခဲ့တဲ့ လူစီဖာဟာ အဲဒီနတ်သားတွေထဲက တစ်ယောက်ပေါ့။ လူစီဖာဟာ မောနင်းစတားလို့အမည်တွင်တဲ့အထိ ကောင်းမြတ်ခြင်းတွေ ပြည့်နေသလို တစ်ချိန်တည်းမှာ မာနနဲ့အတ္တကလည်းကြီးပြန်တယ်။ ဒီတော့ လူစီဖာက ဘုရားသခင်ကို ပုန်ကန်ပြီး ကိုယ်ပိုင်အာဏာဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။ တခြားနတ်သားတွေကိုလည်း စည်းရုံးခဲ့တယ်။ ဒီနောက် မိုက်ကယ်နဲ့ တိုက်ခိုက်ခဲ့တယ်။ မိုက်ကယ်နဲ့လူစီဖာဟာ ကောင်းကင်တလင်းမှာ စီးချင်းထိုးကြတယ်။ ဒီဇာတ်လမ်းက လူစီဖာ ဘုရားသခင်ကို ပုန်ကန်လို့ မိုက်ကယ်နဲ့ လူစီဖာ စစ်ခင်းကြတဲ့အချိန်က စတယ်။ မိုက်ကယ်နဲ့ လူစီတိုက်ခိုက်ကြရင်း လူစီဖာ ကောင်းကင်ဘုံက ပြုတ်ကျလာတယ်။ ကမ္ဘာပေါ် သူပြုတ်ကျသွားတဲ့ကျင်းကြီးက ငရဲထိပေါက်တယ်။ မိုက်ကယ်က လူစီဖာကို ...
movie

The Devil Conspiracy (2022)

2022
Thor: God of Thunder (2022) 3
Thor: God of Thunder (2022) Thor: God of Thunder (2022) ဟုတ်ကဲ့ မမှားပါဘူး။ မာဗယ်ရဲ့အချစ်တော် နာမည်ကျော် ဆရာသောရ်ရဲ့ အသစ်စက်စက်ရုပ်ရှင်ပါ။ ထုံးစံအတိုင်း သောရ်နဲ့ ဆရာလိုကီတို့ရဲ့ အပြိုင်ဇာတ်ပါပဲ။ ဇာတ်လမ်းစစဖွင့်မှာတော့ လိုကီဟာ အကျဉ်းစံနေရပါတယ်။ ခဏအကြာမှာတော့ ထမင်းလာကျွေးတဲ့ကောင်ကို မလှိမ့်တပတ်လုပ်ပြီး လွတ်သွားပါတယ်။ God of Mischief ကြီး လိုကီကို ဂျက်စပဲရိုးကို လှောင်သလို သံတိုင်နောက်လှောင်ထားတာကိုး။ မလွတ်တာကမှ ဆန်းနေမှာပါ။ လိုကီဟာ လွတ်ပြီးပြီးချင်းပဲ အိုဒင်ကိုသွားသတ်ပြီး Ragnarök ကို အစပျိုးဖို့ ကြံပါတယ်။ သူ့သားတွေထဲက တစ်ကောင်ဖြစ်တဲ့ ဧရာမဝံပုလွေကြီးကို အကျဉ်းချထားတာကို လွှတ်ပေးရမှာပါ။ အဲဒီဝံပုလွေကြီးလွတ်သွားရင် အိုဒင်ကို စားပြီး လောကကိုးပါးသစ်ပင်ကို စားပြီး လောကကိုးပါးလုံးကို ဖျက်ဆီးပစ်မှာပါ။ ပြဿနာကတော့ အိုဒင်ကြီးဟာ မျက်စိတစ်ဖက်ကန်းနေပေမဲ့ စောင်ထာကျနေတဲ့ ကြေးစားလူမိုက်ရုပ်ကြီးထွက်နေပါတယ်။ အိုဒင်အသက်ငင်နေတဲ့ အချိန်မှာပဲ အတ်ဂတ်စ်ကိုပစ်ပြီး ဘယ်တွေအလည်လွန်နေမှန်းမသိတဲ့ ဆရာသောရ် ပြန်လာပါပြီ။ မီးခိုးငွေ့တွေ ...
movie

Thor: God of Thunder (2022)

2022
Wolf Hound (2022)
Wolf Hound (2022) Wolf Hound (2022) ဟုတ်ကဲ့ စစ်ကားကြိုက်သူများအတွက် ၂၀၂၂အသစ်ထွက် စစ်ကားလေးကို တင်ဆက်ပေးသွားမှာပါ။ ဇာတ်ကားကို စစဖွင့်လိုက်ချိန်မှာ နေဝန်းထဲကို လေယာဉ်သုံးစင်းပျံသွားတာကို တွေ့ရမှာပါ။ ဒီအခန်းကို ကျွန်တော် တော်တော်ရင်းနီးနေပါတယ်။ ဆက်ပျံပြနေပါတယ်။ ရင်းနီးနေပါတယ်။ ဟော သိလိုက်ပါပြီ။ ဘယ်တော့မှ ဘတ်ဂျက်မနိုင်တဲ့ ကမ္ဘာကျော် ဒါရိုက်တာကြီး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့ ဒစ်အလည်ခဲ့ဆုံး ရုပ်ရှင်မှာ တွေ့ဖူးတာပါ။ Apocaplyse Nowဆိုတဲ့ ရုပ်ရှင်မှာ ဒီလိုခပ်ဆင်ဆင်အခန်းမျိုးပါပါတယ်။ စစ်ကားချင်းလည်းတူတာဆိုတော့ Apocaplyse Nowလိုများ မာစတာ့ မာစတာပိစ်ဖြစ်သွားမလား ဆက်ကြည့်ကြည့်ပါတယ်။ အဲဒီအချိန်မှာပဲ ဇာတ်ကားနာမည်ကြီးကို နေထွက်တဲ့ဘက်မှာ စာတန်းထထိုးပါတယ်။ WOlF HOUNDတဲ့။ စာလုံးပုံစံကိုက အထင်ကြီးစရာပါပဲ။ တော်တော်ခက်ခက်ခဲခဲလုပ်ယူရမှာ။ ငယ်ငယ်က ကျားကုတ်ကျားခဲကလိဖူးတဲ့သူတွေတော့ သိကြမှာပါ။ မိုက်ခရိုဆော့ ပါဝါပွိုင့်ထဲက 3D EFFECT ရယ် SHADOW EFFCT ရယ်ကိုသုံးထားတာပါ။ လုံးဝကွက်တိချွတ်စွတ်ပါပဲ။ ပေါကားတော့မဟုတ်လောက်ပါဘူး။ အမြင်သစ်နဲ့လုပ်ထားတာပဲဖြစ်မှာပါလေဆိုပြီး ကျွန်တော်ဆက်ကြည့်ကြည့်ပါတယ်။ လေယာဉ်တွေ ပစ်ပါတယ်။ ခတ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကားဆိုတော့ နာဇီတွေနဲ့ချတာပါ။ ဘာလို့ချတယ် ဘယ်လိုချတယ်တော့ မပြောတော့ဘူးလေနော့။ အကုန်ပြောမိလို့ တစ်ယောက်မှမကြည့်တော့ရင် အလုပ်ကပြုတ်ဦးမယ်။ ဒီနားကတော့ ...
movie

Wolf Hound (2022)

2022
The Overnight (2022) 2.6
The Overnight (2022) The Overnight (2022) မြန်မာနိုင်ငံက နာမည်ကျော် စာရေးဆရာကြီးတစ်ယောက်ကို ပန်းချီဆရာတစ်ယောက်က သူ့ပန်းချီကားပြည့်စုံလားမေးတော့ ပြန်ပြောဖူးတယ်။ "ဟ မင်းဟာက ပန်းချီလေ။ ပြည့်စုံတယ် ဘယ်ရှိမလဲ။ အနုပညာဆိုတာ မပြည့်စုံဘူး။ ပြည့်စုံနေမှတော့ မင့်ဟာက အနုပညာမဟုတ်ဘဲ ဘုရားဖြစ်သွားမှာပေါ့ကွ" တဲ့။ ရုပ်ရှင်ဆိုတာလည်း အနုပညာပါပဲ။ ဘုရားမဟုတ်ပါဘူး။ ခြောက်ပြစ်တော့ ကင်းမနေပါဘူး။ တစ်ယောက်အတွက်ကောင်းတဲ့ကားက တစ်ယောက်အတွက်ကောင်းချင်မှလည်း ကောင်းမှာမလား။ နှလုံးသားနဲ့ ဆံ့သလောက် ယူလိုက်ကြတာပေါ့။ ဒီရုပ်ရှင်ဟာလည်း ဘုရားမဟုတ်တဲ့အတွက် ချွတ်ယွင်းချက်လေး တစ်ချို့ရှိပါတယ်။ အားသာချက်တစ်ချို့လည်းရှိပါတယ်။ ဇာတ်လမ်းကတော့ စတန်လေကူးဘရစ်ရဲ့ The Shining လိုလိုပါပဲ။ ကားတစ်စီးနဲ့ အတွဲတစ်တွဲ ဟိုတယ်ကြီးတစ်ခုရောက်သွားတယ်။ အဲဒီကနေ ဇာတ်တွေဆက်ရှုပ်တယ်။ ဒီမှာတော့ နတ်ဆိုးတွေ ဘာတွေပါပါတယ်။ ဇာတ်ကိုလည်း မထင်ထားတာတွေတော့ လှည့်ပါတယ်။ ကူးဘရစ်ရိုက်ခဲ့တဲ့ A Clockwork Orange စာအုပ်ကိုလည်း ထည့်သွင်းပြသသွားပါတယ်။ ကူးဘရစ် Reference တွေလည်း တော်တော်ပါပါတယ်။ ...
movie

The Overnight (2022)

2022
My Girlfriend is a Serial Killer (2019) 5.8
My Girlfriend is a Serial Killer (2019) My Girlfriend is a Serial Killer (2019) အချစ်ဆိုတာ ဒီလောကမှာ အဆန်းကြယ်ဆုံးအရာပါပဲ။ တချို့က ချောချောလေးတွေကို ချစ်ကြတယ်။ တချို့က စာကြမ်းပိုးမလေးတွေကို ချစ်ကြတယ်။ တချို့က သေးသေးလေးတွေကို ချစ်ကြတယ်။ တချို့ကကျ နားလည်ရခက်တဲ့ ကောင်မလေးတွေကို ချစ်ကြတယ်။ ပြောမကုန်ဘူးပေါ့။ လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ပြောလည်း မဆုံးပါဘူး။ ဆိုပေမဲ့ ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ဘေးခန်းက ကောင်မလေး လူသတ်တာကို မြင်ပြီး ချစ်မိတယ်တဲ့ဗျာ။ ဆန်းတော့ဆန်းသား... အဲဒီကောင်မလေးက သူ့ကိုသတ်ချင်လည်း သတ်နိုင်တာ သူသိပေမဲ့ ချစ်မိနေဆဲပါပဲ။ လောကမှာ အသန့်စင်အမွန်မြတ်ဆုံး အချစ်ထက်မြင့်တဲ့ ဆီရီရယ်တိုးနစ်အချစ်ကို ပုံဖော်ထားတဲ့ ဂျပန်ကားလေးပါပဲ။ မင်းသမီးလေးလည်း ချောပါတယ်။ ခပ်ချောချော ကောင်မလေးတွေ လူသတ်တဲ့အခါ ချစ်စိတ်အပြည့်နဲ့ ကြည့်တတ်အောင်လို့ ကြည့်ရှုမုဒိတာပွားထားသင့်တဲ့ ရုပ်ရှင်ပါပဲ။ လောကမှာ အချစ်ဟာအကြီးအကျယ်ဆုံးအရာပဲမလား။ ကောင်မလေးချောနေရင်ပေါ့ဗျာ... (အညွှန်းရေးပေးထားသူကတော့ Lucifer Morningstar ဖြစ်ပြီး ...
movie

My Girlfriend is a Serial Killer (2019)

2019
Dark Cloud (2022) 3.5
Dark Cloud (2022) Dark Cloud (2022) ခေတ်ကြီးက တိုးတက်လာပြီ။ ကျွန်တော်တို့ငယ်ငယ်ကလို ညတွေဟာ အိပ်စက်ဖို့ရာမဟုတ်တော့ဘူး။ မကုန်နိုင်တဲ့ရုပ်ရှင်တွေ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေနဲ့ ညတွေဟာ ပိုစည်းကားလာကြပြီ။ အိပ်ချိန်တွေ မမှန်ကြတော့ဘူး။ ဒီလို အိပ်ချိန်မမှန်ရာကနေ အိပ်မပျော်တဲ့ရောဂါတွေပါ ရလာတယ်။ အစမှာတော့ သိပ်မသိသာပေမဲ့ အိပ်ချိန်မမှန်တဲ့အခါ စိတ်ဓာတ်တွေကျလာမယ်။ အသားအရေတွေ မကောင်းဖြစ်လာမယ်။ ၀က်ခြံတွေပေါက်လာမယ်။ ဘာမှကိုအကောင်းမရှိပါဘူး။ ဒါကြောင့် အများသူငါအတွက်မျှော်တွေးပြီး ဆယ်မိနစ်လောက်ကြည့်ရုံနဲ့ အိပ်ပျော်သွားစေမယ့် Sci-Fi ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ အတိတ်ခဏခဏမေ့ပြီး ဘာမှမမှတ်နိုင်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် A.I အိမ်ကြီးထဲ စမ်းသပ်နေထိုင်ကြည့်တဲ့ အကြောင်းပါ။ A.I က ထကြောင်ပြီး ပြဿနာရှာရာက ခြောက်ခြားစရာတွေ ဖြစ်လာတဲ့ရုပ်ရှင်ပေါ့။ ဒါပေမဲ့ ဘာအဓိပ္ပာယ်မှလည်းရှိမနေသလို ကောင်းကွက်တစ်ကွက်မှလည်း မတွေ့ပါဘူး။ အားလုံးပဲ ဒီရုပ်ရှင်လေးကြည့်ပြီး အိပ်ပျော်နိုင်ကြပါစေ... Size - 800MB, 390MB Quality - 1080p, 720p Format - mp4 Duration ...
movie

Dark Cloud (2022)

2022
They Talk (2021) 3.8
They Talk (2021) They Talk (2022) ပရလောကဆိုတာကို တစ်ချို့ကယုံကြတယ်။ တစ်ချို့က မယုံကြဘူးပေါ့။ တစ်ချို့ကျ တစ္ဆေဆိုတာ အကြောင်းတစ်ခုခုနဲ့ဖြစ်လာတဲ့ လူ့ရဲ့ပုံရိပ်ယောင်တွေ ပဲ့တင်သံတွေလို့ ထင်ကြတယ်။ တစ်ခါတလေကျလည်း သဘာ၀ရဲ့လှည့်ကွက်ပေါ့။ သဘာ၀ထဲက လေအေးနဲ့ လေနွေးပေါင်းစပ်မိတဲ့အခါမှာတောင် တစ်ခါတလေ ထင်ယောင်ထင်မှားဖြစ်လောက်စရာတွေပေါ်တတ်တယ်။ ဟော့ကင်းကတော့ လူဆိုတာ ကွန်ပြူတာတစ်လုံးလိုပဲလို့ ဆိုတယ်။ ပျက်ပြီး ပြီးပြီပေါ့။ ဒါပေမဲ့ တကယ်ရှိရှိမရှိရှိ ယုံတဲ့လူတွေရှိနေသရွေ့ သရဲကတော့ ရှိနေဦးမှာပါပဲ။ ဒီဇာတ်လမ်းမှာ လူတစ်ယောက်ဟာ ပရလောကက အသံတွေကို ကြားနေရတယ်။ ကြုံရာကျပန်းတွေပါပဲ။ ဘာတွေလဲကို သူလည်းမသိဘူး။ သူ့လိုပဲ ကြားရတဲ့ ပရော်ဖက်ဆာတစ်ယောက်ဆီ သူအကြံသွားတောင်းတယ်။ ပရော်ဖက်ဆာကတော့ သရဲတွေက ကြုံရာကျပန်းပြောတာမဟုတ်ဘူး။ သူ့ကို သတင်းတစ်ခုခုပေးချင်တာတဲ့။ ဒီတော့ သူအဖြေရှာတယ်။ သူ့ကောင်မလေးက ဒါတွေကိုမယုံဘူး။ ဆက်မလုပ်တော့ဖို့ပြောတယ်။ ဒီလိုနဲ့ တစ်မနက်ကျ ပရော်ဖက်ဆာကြီးဆီက ဖုန်း၀င်လာပြီး သူ့ကို တစ်ခုခုလာနေပြီ သတိထားလို့ပြောတယ်။ အဲဒီညနေသူ ဖုန်းပြန်ဆက်တော့ ...
movie

They Talk (2021)

2021
Eagle Wings (2021) 3.9
Eagle Wings (2021) Eagle Wings (2021) ဒီဇာတ်ကားကို ပထမဆုံးတွေ့တုန်းက IMDb 8 ထိရထားတာလို့ ပြောရင် ခင်ဗျားတို့ ယုံမလားတော့မသိဘူး။ ဘာအကြောင်းလဲဆိုတော့ နိုင်ဂျီးရီးယားအစိုးရရဲ့ကောင်းကြောင်း အားရပါးရဖားထားတဲ့ ဇာတ်ကားဗျ။ နိုင်ဂျီးရီးယား အစိုးရရဲ့ မိဘပြည်သူတွေအပေါ် မေတ္တာထားပုံတွေ၊ ငြိမ်းချမ်းရေးကို လိုလားပုံတွေ၊ နိုင်ဂျီးရီးယားစစ်သည်တော်တွေရဲ့ ပြည်သူတွေအပေါ် မြတ်နိုးပုံတွေကို အတုံးလိုက်အတစ်လိုက် ချပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဒါတင်လားဆိုမဟုတ်ပါဘူး။ အခြေအမြစ်မရှိတဲ့ ခံယူချက်ပေါ် အစွန်းရောက်ယုံကြည်နေကြတဲ့ သောင်းကျန်းသူတွေ၊ လူရိုင်းလိုလို ဘာလိုလိုနဲ့ ပြည်သူတွေကိုသတ်၊ အိုးအိမ်တွေကို ဖျက်စီး၊ လူတွေကို ပြန်ပေးဆွဲနေတဲ့ သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးပျက်စီးရတယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် မမြင်မြင်အောင် ပြထားပါသေးတယ်။ မတော်တဆ သူပုန်တပ်ထဲရောက်သွားတဲ့ လူငယ်လေးတွေကို ဖခင်တစ်ယောက်က သားဆိုးလေးကို ခွင့်လွှတ်ပြီး အမြဲတမ်းလက်ကမ်းကြိုနေတဲ့ နိုင်ဂျီးရီးယားအစိုးရရဲ့ မေတ္တာတရားတွေကို အီဆောင့်နေအောင် မြင်ရမှာပါ။ ဇာတ်ကားက ကောင်းလားဆိုတော့ မကောင်းဘူး။ ဘုရားစူး မကောင်းတာ။ ဒါပေမဲ့ ဇာတ်ကားအကြောင်းအရာတွေက ရှယ်ရယ်ရတယ်။ ဆဲလို့ကောင်းတယ်။ နိုင်ဂျီးရီးယားအစိုးရကို ...
movie

Eagle Wings (2021)

2021
Hollow (2021) 3.2
Hollow (2021) Hollow (2021) ရုပ်ရှင်ဆိုတာ တော်တော်မှော်ဆန်တဲ့အရာပါပဲ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး သီချင်းတစ်ပုဒ်နား‌ထောင်၊ ကဗျာတစ်ပုဒ်ဖတ်ပြီး၊ ပန်းချီကားတစ်ကားကို ခံစားသင့်တယ်လို့ ဆိုတယ်။ ရုပ်ရှင်အစစ်တွေကတော့ ဒီ၃ခုလုံးကို ပေါင်းစပ်ထားတဲ့အရာတွေပါပဲ။ ကဗျာဆန်မှုကိုလည်းခံစားရတယ်။ အလှပဆုံးစီနီမာကိုလည်းခံစားရတယ်။ နောက်ခံတေးဂီတရဲ့ အရသာကိုလည်း ခံစားနိုင်တယ်။ ဒါကြောင့်ပဲ ကျွန်တော် ရုပ်ရှင်တွေကို သိပ်ချစ်ခဲ့တာပါပဲ။ တာကော့စကီးတို့ အင်ဂမာဘတ်ခ်ျမန်းတို့ အဘတ်ကီယာအိုစတမိတို့ အိုဇုတို့ရဲ့ ရုပ်ရှင်တွေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေကြတယ်။ ဝေါင်ကာ‌ဝေးတို့ Shunji Iwai တို့ ဝူဒီအယ်လန်တို့ရဲ့ ရုပ်ရှင်တွေမှာ အချစ်ရဲ့ ၀မ်းနည်းစရာကဗျာဆန်မှုကို ကျွန်တော်တို့ တွေ့ရှိကြတယ်။ ပတ်ချန်းဝုတို့ လီချန်းဒုံတို့ စတန်လေကူးဘရစ်တို့ ရုပ်ရှင်တွေမှာ လောကရဲ့တခြားမျက်နှာတွေကို မြင်ရကြတယ်။ ဖရန်စစ်ဖို့ဒ်ကော်ပိုလာတို့ မာတင်စကောဆေးစိတို့ စတီဗင်စပီးဘာ့ခ်ျတို့ကတော့ လောကအသစ်တွေ‌ဆီ ခေါ်ဆောင်သွားခဲ့တာပေါ့။ Schindler's List ထဲက နာရီလို ၊ Life Is Beautiful ထဲက ဟာသမဟုတ်တဲ့ ...
movie

Hollow (2021)

2021
4 Horsemen: Apocalypse (2022)
4 Horsemen: Apocalypse (2022) 4 Horsemen: Apocalypse (2022) ကမ္ဘာပျက်ကိန်းကားတွေ သဘာ၀ဘေးအန္တရာယ်ကားတွေ ကြိုက်ကြတယ်ဆိုတဲ့ လူတွေအတွက်ပါ။ Moonfallတို့၊ 2012တို့ဟာ တစ်ချို့အတွက် ပေါပေမဲ့ ဒီလိုကားကြိုက်တဲ့လူတွေအတွက် ကောင်းနေပြန်တာပါပဲ။ ဒီတစ်ခါ ရုပ်ရှင်ကတော့ အဲဒီရုပ်ရှင်တွေနဲ့ လုံး၀မတူပါဘူး။ ကမ္ဘာပျက်ကိန်းရဲ့ မြင်းသည်တော်လေးယောက်ဆိုတာ စူပါနေထရယ်ဖန်တွေ မစိမ်းဘူးမလား။ ဒီရုပ်ရှင်ဟာ အဲဒီ ကမ္ဘာပျက်ကိန်းရဲ့ မြင်းသည်တော်လေးယောက်ရဲ့ ကမ္ဘာပျက်မှာကို တားတဲ့ရုပ်ရှင်ပါပဲ။ ပင်တဂွန်၊ မှိုပညာရှင်(အတည်မှိုပါ)၊ မိုးလေ၀သပညာရှင်၊ မီးတောင်လေ့လာရေး ပညာရှင်၊ စစ်သားတွေ အစုံအလင်နဲ့ တားကြတာပါ။ ဒီနေရာမှာ ပြောချင်တာက ဇာတ်ကောင်တွေအားလုံးဟာ သူမတူအောင် ထူးခြားပါတယ်။ သရုပ်ဆောင်မှန်းသိသာနေအောင် ရုပ်သေကြီး‌တွေနဲ့ ဟာ ငါတို့ ဘာလုပ်မှာဆိုပြီး ကိုယ်ကြွေနေတဲ့ကောင်လေးရှေ့ အသံပေးတဲ့ ဆယ်ကျော်သက်မလေးတွေလို ခဏခဏကို သူတို့ဘာလုပ်မယ့်အကြောင်းကို ဆယ်ခါလောက်ကိုပြောနေတာပါ။ ဥပမာဆို ထမင်းစားမယ်ဆိုပါစို့။ ငါတို့ထမင်းစားမှာကွ။ ဇွန်းနဲ့ပန်းကပ်ထဲ ခပ်ပြီး ပါးစပ်ထဲထိုးထည့် သွားနဲ့ဝါးတာလေလို့ ထိုင်ပြောနေသလိုပါပဲ။ အကြောင်းအရာတော့မတူဘူးပေါ့။။ သရုပ်ဆောင်တွေဟာ ဒါတင်ပဲလားဆိုတော့ ...
movie

4 Horsemen: Apocalypse (2022)

2022

Sponsored

Genres

Archives