Exit print mode Print Data A+ A- Undo all

A Bag of Marbles (2017)

Home Is Where Family Is
A Bag of Marbles (2017)A Bag of Marbles (2017)

Synopsis:

A Bag of Marbles (2017)
IMDb – 7.3/10_______Rotten – 82%

 

လူသားတိုင်း အသက်ရှင်ခွင့်ရဖို့ ထိုက်တန်ပါတယ်

အဖေကျွန်တော့်ကို မေးတယ်
ဂျိုး..
မင်း ဂျူးလား…

ကျွန်တော်က ခပ်ပြုံးပြုံးလေးပြန်ဖြေလိုက်တယ်
မဟုတ်ပါဘူး

ဖြောင်း……..

အနားမှာရပ်နေတဲ့ ကျွန်တော့်အမေ၊
ဘေးနားမှာထိုင်နေတဲ့ အစ်ကိုအားလုံး ကြောင်သွားပြီး
အခြေနေကို နားမလည်နိုင်တဲ့အမှုရာတွေနဲ့။

ကျွန်တော်လည်း ပါးကိုလက်နဲ့အုပ်ပြီး
အံသြသွားတာရော ရုတ်ရက်ကြီးဆိုတော့ မှင်သက်သွားတယ်။
ဘာလို့လဲ..ဘာလို့..

အဖေကဒီတစ်ခေါက် ဂျူးလိုထပ်မေးတယ်
မင်းဂျူးလား
ကျွန်တော် ကြောင်တောင်တောင်နဲ့ပဲ
မဟုတ်ဘူးလို့ ထပ်ဖြေလိုက်တယ်

ဖြောင်းးး

ရုတ်တရတ် အားနဲ့လွဲပြီး ကျွန်တော့်ပါးကို ရိုက်ချပလိုက်တယ်

ဂျူးလိုမေးရင် ပြန်မဖြေနဲ့ကွလို့  အဖေ ပြောနေတယ်

အဖေ ထပ်ပြီး မေးတယ်

မင်းဂျူးမှန်းငါသိတယ်
မှန်မှန်ဖြေစမ်း

မဟုတ်ဘူး…..
စကားတောင်မဆုံးသေးဘူး

ဖြောင်း …

ခပ်မြန်မြန် ကျွန်တော့်ပါးကို ရိုက်ပလိုက်တယ်

အမေလည်း အံ့သြပြီး မျက်ရည်တွေလည်းကျနေတယ်

အစ်ကိုကလည်း ဘာတွေဖြစ်ကုန်တာလဲဆိုတဲ့မျက်နှာနဲ့ ကြည့်နေတယ်

အဖေ ထပ်မေးတယ်
မင်းဂျူးလား

ကျွန်တော်မျက်ရည်တွေကျလာပြီး
မဟုတ်ဘူး မဟုတ်ဘူး ….
အထပ်ထပ်ခါခါ ပြန်ဖြေနေခဲ့တယ်

ပြီးမှာ အဖေ ကျွန်တော့်ကိုဖက်ပြီး

သားလေး တစ်ယောက်ယောက်ဆီမှာအသတ်ခံရမှာ ကြောက်ရွှံ့နေတာထက်
ပါးအရိုက်ခံရတဲ့ နာကျင်မှုကပိုကောင်းပါတယ်

ဒီဇာတ်ကားရဲ့မှုရင်းနာမည်က Un Sac De Billes ဖြစ်ပြီး
အင်္ဂလိပ်နာမည်က A bag of marbles လို့အမည်ပေးထားပါတယ်။
ဒီရုပ်ရှင်ကို ၂၀၁၇ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ
ပဲရစ် မှာအကြိုပြသခဲ့ပြီး ဇန်နဝါရီ ၁၈ မှာတရားဝင် ပြသခဲ့ပါတယ်။
IMDb Rating 7.3, Tomatoes Rating 82% တို့ရရှိထားပါတယ်။

တစ်ကားလုံး ကြာချိန် မိနစ် ၁၁၀ ရှိပြီး Gaumont Flim Company က ဖြန့်ချီထားပါတယ်။
ဒီဇာတ်ကား က ပြင်သစ်ဘာသာ စကားပြောဇာတ်ကားဖြစ်ပြီး
ဂျူး၊အီတလီ၊ဂျာမနီနဲ့ ရှရှား ဘာသာစကားများကိုပါ အသုံးပြုထားပါတယ်။
ဒီဇာတ်ကားကို ပြင်သစ် ၊ကနေဒါ နဲ့ချက်စသမ္မနိုင်ငံ တို့ မှာရိုက်ကူးထားခဲ့ပါတယ်။
Budget ကန်ဒေါ်လာ၂၁.၄ မီလီယံနဲ့ရိုက်ကူးထားပြီး
Box office မှာယခုအချိန်အထိ ၉.၁ မီလီယံ ရရှိထားပါတယ်။

ဒီဇာတ်ကားက Joseph Joffo ရေးသားထားတဲ့ Un sac de billes ဆိုတဲ့ ဝတ္တုကို
ပြန်လည်ရိုက်ကူးထားတဲ့ဒုတိယမြောက် ဇာတ်ကားဖြစ်ပါတယ်။
ဒီစာရေးဆရာက ဒီဇာတ်ကားထဲက အဓီကဇာတ်ကောင် ဂျိုးဇက်ဖြစ်ပါတယ်။
ဒီဝတ္ထုက သူ့ငယ်ငယ်က ရုန်းကန်ခဲ့ရတဲ့ အကြောင်းရေးသားထားတဲ့
ဖြစ်ရပ်မှန်ဇာတ်လမ်လည် းဖြစ်ပါတယ်။

ဒါရိုက်တာ Christan Duguay ရိုက်ကူးထားပြီး
အဓီက သရုပ်ဆောင် ဂျိုးဇက်နေရာက သရုပ်ဆောင်တဲ့ Dorian Le Clech နဲ့
မာယူရီ နေရာက သရုပ်ဆောင်တဲ့ BatysteFleurial တို့ ဖြစ်ပါတယ်။
ဒီရုပ်ရှင်က ဂျူးရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ တော်တော်ရထားပါတယ်။
ထူးခြားတာက ဂျူးရုပ်ရှင် ပွဲတော်တွေမှာပဲ ရတာတွေ့ရပြီး
ကျန်တဲ့ ရုပ်ရှင်ဆုတွေ မတွေ့ရတာပါဘဲ။

မူရင်း ဝတ္ထု Un sac de billesကို ၁၉၇၃ ခုနှစ်မှာ
ပြင်သစ် ဂျူးလူမျိုးစာရေးဆရာ Joseph joffo က
ငယ်ဘဝအကြောင်းရေးသားပြီး ထုတ်ဝေခဲ့ပါတယ်။

ကိုယ်တွေ့ဝတ္တုအမျိုးအစားဖြစ်ပြီး
ဒီစာအုပ်က ချောချောချူချူ ထွက်လာခဲ့တာမဟုတ်ပါဘူး။
ဒီစာအုပ်ထုတ်ဖို့ စာအုပ်တိုက်များစွာက ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။
နောက်ဆုံးမှာမှာ စာအုပ်တိုက်အသစ် တစ်ခုက မြေတောင်မြှောက်ထုတ်ဝေပေးခဲ့ပါတယ်။
သို့ပေမယ့်လည်း  ဒီစာအုပ်ကို ရုပ်ရှင်အဖြစ်ရိုက်ခဲ့ပြီး ၂ နှစ်အကြာမှာ
ဒီစာအုပ်က best seller ဖြစ်လာခဲ့တာပါ။

ဒီစာအုပ်က ဒီဖြစ်ရပ်ပြီးလို့
နှစ် ၃၀ကြာမှာ စာအုပ်ထွက်လာခဲ့တာပါ။
ဒီစာအုပ်မှာ စာရွှက်ရေ ၃၈၀ရှိပါတယ်။
ဒီစာအုပ်အပေါ်မှာ တစ်ခြားစာရေးဆရာတွေက
လုံးဝဥဿုံ အမှန်မဖြစ်နိုင်ဘူးလို့ ဝေဖန်ငြင်းခုံခဲ့ကြပါတယ်
ဒီအဖြစ်အပျက်ပြီးလို့ နှစ် ၃၀ ကြာမှာ ရေးတာဆိုတော့လည်း
တချို့အရာတွေ လွဲချော်ကောင်း လွဲချော်ပါလိမ့်မယ်။

ဒီဝတ္တုကို ရိုက်ထားတဲ့ပထမဆုံး ရုပ်ရှင်က
၁၉၇၅ ခုနှစ်မှာ ဒါရိုက်တာ Jacques Doillon က ပထမဆုံး ရိုက်ကူးခဲ့ပါတယ်။
သူလည်း ပြင်သစ်စကားပြောရုပ်ရှင် ဖြစ်ခဲ့ပါတယ်။
ဒီဇာတ်ကားရိုက်ကူးထားတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေက လက်တွေ့အရမ်းဆန်တယ်
သရုပ်ဆောင်နေတယ်လို့မခံစားရဘဲ 100 Plus သောက်ရသလို
ပေါ့ရွှတ်ရွှတ်လေး။
အဲ့ဒီခေတ်အခါက သရုပ်ဆောင် trend တွေက
ကြည့်ရသလောက် အဲ့လိုမျိုးပဲ
အရမ်းဖီလင်တွေ အဆာပလာတွေ မကွန့်ဘဲ
သာမန်နေထိုင်မှုပုံစံအတိုင်း သရုပ်ဆောင်ကြတာတွေ့ရပါတယ်။
အဲ့ဒီခေတ်ရဲ့ အသက်ရှင် နေထိုင်မှုပုံစံကိုတော့ ထပ်တူနီးပါးတွေ့နိုင်ပါတယ်။
သရုပ်ဆောင် ကောင်လေးနှစ်ယောက်ဟာ ပြင်သစ်သရုပ်ဆောင်တွေဖြစ်ပြီး
အခုတော့ အသက် ၅၀ တွေကျော်ကုန်ပါပြီ။

ဒုတိယ ဇာတ်ကားကတော့ ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ အခုရုပ်ရှင်ဖြစ်ပါတယ်။
အရင်ဇာတ်ကားနဲ့ဇာတ်လမ်းရိုက်ကွက် နဲ့ သရုပ်ဆောင်ပုံခြင်းလည်းလုံးဝမတူပါဘူး။
သူတို့ဘာတွေ ဆက်ဖြစ်မလဲ
ဘယ်လိုဖြစ်မလဲနဲ့ ကြည့်ရတာ
မြင့်လိုက်တက်လိုက် တစ်ချို့နေရာတွေမှာ ပျော်လိုက်နဲ့။
သရုပ်ဆောင်တာလဲ ပိုပြီး အသက်ဝင်တယ်
ဒရမ်မာပို ဆန်သွားတာပေါ့။

ဂျိုးဇက်နေရာမှာသရုပ်ဆောင်တဲ့ ကောင်လေးက တော်တော်လေး တော်ပါတယ်
အသားဖြူဖြူ ရုပ်ကကြွက်ဖြူလိုနဲ့
အနီရောင် ဆံပင်လေးကောက်တောက်တောက် မျက်လုံးအပြာနဲ့
အဓိကဇာတ်ကောင်ဆိုတဲ့နေရာနဲ့သင့်တော့ပါတယ်။
၁၉၄၄ ခုနှစ်က အဝတ်အစားပုံစံတွေ ကားတွေ နဲ့ လူနေမှုပုံစံတွေကို
၁၉၄၄ ထဲခဏရောက်သွားသလို တွေ့ရမှာပါ။

အားလုံးမင်္ဂလာပါခင်ဗျ…..
ကျွန်တော် နာမည်ဂျိုးဇက်ပါ
ခင်တဲ့သူတွေ က ဂျိုးလို့ ခေါ်ကြပါတယ်။
ကျွန်တော်က အသက်၈ နှစ် ရှိပြီး အခုပြင်သစ်မှာနေတဲ့ ဂျူးလူမျိုးတစ်ယောက်ပါ။
အဖေရယ် အမေရယ် အစ်ကို ကြီး နှစ်ယောက်ရယ်
ကျွန်တော်နဲ့အသက်သိပ်မကွာတဲ့ အစ်ကိုတစ်ယောက်ရယ် ရှိပါတယ်။

ဟေ့ရောင် မောရစ့် လာမိတ်ဆက်လိုက်ဦး..
ကျွန်တော့်နာမည် မောရစ်ပါ ဂျိုးရဲ့အစ်ကိုပါ
ကျွန်တော်က ၁၃ နှစ်ပါ ဂျူးလူမျိုးပါပဲ။
ဒါကကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။

ကျွန်တော့်အစ်ကို က ကျွန်တော့်ကို တော်တော်ချစ်ပါတယ်… ဟီးဟီး
ကျွန်တော်တို့ ဒီအချိန်အထိ ဂျူးဆိုတဲ့ နာမည်အောက်မှာ နေလာခဲ့ပေမယ့်
ဘာမှထွေထွေထူးထူးမဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် ဂျာမန်တွေ ပြင်သစ်ကို ဝင်လာတဲ့အချိန်ကစပြီး
ဂျူး ဆိုတဲ့နာမည်က ကူးစက်ရောဂါလို
လူတွေမျက်လုံးထဲ မြင်လာကြတယ်။

ကျောင်းမှာ နေတိုင်းဆော့နေကျ သူငယ်ချင်းတွေကလည်း
ချက်ချင်းကြီး ကျွန်တော့်ကို လူထူးလူဆန်းတစ်ယောက်လို ကြည့်နေကြတယ်

အဖေကျွန်တော်တို့ ကို ဒီမြိုကနေ နိုက်ခ်မြို့ကိုပြေးခိုင်းခဲ့တယ်။

အဖေအမေမပါဘဲ ကျွန်တော့်ညီအစ်ကိုနှစ်ယောက်
ပထမဆုံး ခရီးဝေးကြီး စသွားဖူးတာပါ။
လမ်းခရီး အံသြစရာတွေ၊ လူကောင်းတွေ လူဆိုးတွေ ၊ လူပေါင်းစုံနဲ့ တွေ့ခဲ့ရတယ်။
တစ်ချို့ကလည်း လူလိမ်လို့ထင်ရပေမယ့် လူကောင်းဖြစ်နေပြန်တယ်။

ကျွန်တော်တို့တောင်ပေါ်လမ်းကလမ်းလျောက်လာကြရင်း
တစ်ဝက်လောက်မှာကျွန်တော်ဆက်လျောက်လို့ မရတော့ဘူး
အကြာကြီးလျောက်လာရလို့ ကျွန်တော့် ခြေထောက်တော်တော်နာနေတယ်

ဖိနပ်ချွတ်ကြည့်တော့
အာားလား..

ခြေထောက်ကညိုမဲနေပြီး သွေးထွက်နေပြီ
ပုပ်နံလိုလို အောက်သိုးသိုး အနံကြီးရနေတယ်။
အဲ့ဒီမှာ ကျွန်တော့်အစ်ကို က

” မင်းကိုငါကုန်းပိုးသွားမယ်လို့” ပြောပြီး
ကျွန်တော့်ကို ကျောပေါ်တက်ခိုင်းတယ်။ ပြီးတော့

” မင်းက ငါ့ညီပဲငါ့မှာလုပ်ပေးရမယ့်တာဝန်ရှိတယ်
မင်းလိုအပ်ရင် ငါမင်းကို ကမ္ဘာအဆုံးထိ ကုန်ပိုးသွားပေးနိုင်တယ်လို့” ပြောတယ်

အဲ့ဒီအချိန် ကျွန်တော့်စိတ်ထဲမှာ နွေးသွားတယ်
ပျော်သလိုလို ကြည်နူးသလိုလိုနဲ့
ခြေထောက်နာတာတောင် ခဏမေ့သွားတယ်။

ကျွန်တော်တို့ ဟိုကနေ ဒီ ဒီကနေ ဟို ထွက်လာကြရင်း
နောက်ဆုံးတော့ လှပတဲ့ ပင်လယ်ပြာပြာကြီးကို မေးတင် တည်ထားတဲ့
နိုက်ခ်ဆိုတဲ့ ကမ်းခြေမြို့လေးကို ရောက်လာကြတယ်။

မြို့ထဲမှာ ယောကျာ်းလေးတွေက စတိုင်ဘောင်းဘီနဲ့
အပေါ်ကတော့ ရှပ်အကျီ ၤ၊ဆွဲတာ ၊ကုတ် ထပ်ဝတ်ကြတယ်။
တစ်ချို့လဲ ဦးထုပ်ဆောင်ထားကြတယ်

ပြီး တစ်ဖက်က သူတို့ အမျိုးသမီးတွေကိုလက်ချင်းချိတ်ရင်းသွားလာနေကြတယ်။
မိန်းမတွေက အကျီ ၤနဲ့တစ်ဆက်တည်း ဂါဝန်လေးတွေ ကို
အရောင် နုနုလေးပေါ်မှာ အပွင့်အဖတ်တွေ ဝတ်ထားပြီး
ဦးထုပ်ပုံစံမျိုးစုံ လဲဆောင်းထားကြတယ်။

သဲသောင်ပြင်ဖြူဖြူ ၊ ပင်လယ်ပြာပြာနဲ့
မြို့ထဲမှာ အိမ်တွေ က လဲ အရောင်ဖျော့ဖျော့လေး တွေ သုတ်ထားကြတယ် ။
အားလုံးက ရယ်မောပြီး ဟိုဟိုဒီဒီ သွားလာနေကြတာ ကျွန်တော့်ကြည့်လို့ မဝဘူး
ကျွန်တော့်စိတ်ထဲ ဘယ်လိုဝမ်းသာပြီး ပျော်နေမှန်းတောင် ပြောမပြတက်ဘူး ။

အဲ့ဒီမှာ ကျွန်တော်အဖေရယ် အမေ ရယ် အစ်ကို
ကြီးတွေ ရယ် အားလုံးနဲ့ပြန်ဆုံခဲ့ကြတယ်။

အဲ့ဒီနေ့ သောင်ပြင်ဖြူဖြူလေးမှာ
အမေက အဖြူရောင် အောင်ခံ အပြာအစက်ကလေးတွေပါတဲ့ ဂါဝန်ကို ဝတ်ထားပြီး
သဲဖြူဖြူပေါ်မှာ အဝတ်ခင်းပြီး ထီးစောင်းစောင်းလေးမိုးထားတဲ့ အောက်မှာ
အဖေပေါ်မှာ အိပ်ရင်း ကျွန်တော်တို့ညီအစ်ကို တွေ ရေကစားနေကြတာကိုလှမ်းကြည့်နေတယ်။

ကျွန်တော်အမေ့ဆီပြေးသွားပြီး ဖက်ထားလိုက်တယ်
ကျွန်တော့်ကို နောက်ထပ်ထားမသွားပါနဲ့ နော်လို့ အမေ့ကို ပြောလိုက်တယ်။
အမေနဲ့အဖေက
သားမှာသားသမီးရှိရင် သိလာပါလိမ့်မယ်လို့

ကျွန်တော်သိပ်နားမလည်တဲ့စကားပြောလိုက်တယ်။
လေအေးအေးလေးတွေ နေပူပူအောက်ကနေတိုက်ခိုက်လာရင်း
အဖေအမေတို့နဲ့ အတူတူရှိတဲ့ ဒီလိုအခိုက်အတန့်လေးကို
ကျွန်တော်လုံးဝမေ့လို့ ရမှာမဟုတ်တော့ပါဘူး။

အဲ့ဒီမှာ ကျွန်တော်အလုပ်လုပ်ပြီး အမေ့အတွက်
မွေးနေ့လက်ဆောင် တယောလေးဝယ်ပေး
လိုက်တဲ့အချိန် အမေမျက်ရည်ကျလုနီးနီး…
ကျွန်တော့်ကို ကြည့်နေတယ် ။
ခပ်ဆွေးဆွေး ဂျူး တေးသွား ကို အမေတီးနေတာ နားထောင်နေရတဲ့ဒီအချိန်လေးက
အာကာသထဲမှာ ကျွန်တော်တစ်ယောက်တည်းရှိနေသလိုမျိုး အေးချမ်းပြီးအားလုံးကို
မေ့သွားတယ်။

ကျွန်တော်တို့ မိသားစုလေးကြာကြာစိတ်အေး
လက်အေးနေမီသွားကြတယ်ထင်တယ်
ဂျာမန်တွေ ဝင်လာပြီဆိုတဲ့ သတင်းထပ်ကြားရပြန်တယ်။

ကျွန်တော်တို့ ထပ်ပြီးခွဲကြရပြန်တယ်။

ကျွန်တော်တို့အတွက် လောကကြီးထဲမှာ သွားစရာနေရာ မရှိတော့ဘူးထင်ပါတယ်။

ကျွန်တော့်တို့ ညီအစ်ကို နှစ်ယောက်
ဂျာမန်စစ်သားတစ်ယောက်စီမှာ ဖမ်းခံလိုက်ရပါတယ်။

ဖမ်းခံရချိန် ကျွန်တော်စိတ်ထဲ မှာ ပလောင်ဆူနေပြီး
ကြောက်စိတ်၊ အားငယ်စိတ်၊ ဝမ်းနည်းတာတွေ
ဘာတွေ ဖြစ်နေမှန်း ကျွန်တော်လည်းမသိတော့ဘူး။

ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးထူပူနေပြီး
ကိုယ့် အသားတောင်ကို ထိနေမှန်း မသိတော့ဘူး
ဘယ်သူ့ကိုတောင်းပန်ရမလဲလည်း မသိတော့ဘူး။
မျက်ခုံးပေါ်က သေနတ်နဲ့ရိုက် ခံထားရတဲ့ဒဏ်ရာသွေးတွေကျနေတာတောင်
အရေးမစိုက်နိုင်တော့ဘူး။

ရထားနဲ့အပို့ခံရမယ့် လူတွေ ထားတဲ့အခန်းလေးထဲမှာ မျော်လင့်ချက် ဆိုတာမတွေ့
သားသတ်ရုံကို ပို့ခံရတော့မယ့် နွားလို
ဘဝကိုအားလုံးလွတ်ချလိုက်ပြီး အလျော့ပေးချင်နေတဲ့ ကျွန်တော့်ကို
ဆေးစစ်ပေးတဲ့ ဒေါက်တာဇန် ကကျွန်တော် ကျွန်တော်အကြိုက်ဆုံး ဂေါ်လီလုံးလေးပေးရင်း

“သေမင်းကမင်းကို နှစ်ခါတော့မခေါ်ပါဘူးကွာလို့” ပြောပေမယ့်လည်း
တင်းထားဖို့ အားတောင်မရှိချင်တော့ဘူး
ကြားတစ်ချက်မကြားတစ်ချက် နားထောင်ဖြစ်နေတယ်။

သေမင်းက ကျွန်တော့်တို့ကို မခေါ်ချင်သေးတော့
ကျွန်တော်တို့လွတ်လာပြီး မြို့လေးတစ်မြို့ကို ထွက်ပြေးခဲ့ကြတယ်။

အဲ့ဒီမြိုမှာ ကျွန်တော်က သတင်းစာပို့ပြီး
မောရီစ့်က စားပွဲထိုးအလုပ်ရခဲ့တယ်။

အဲ့ဒီမှာကျွန်တော့်ရဲ့ အချစ်ဦးကို စတွေ့ခဲ့တာပါပဲ။
သူကကျွန်တော့် အလုပ်လုပ်တဲ့ စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ သမီး ပါ ။
ကျွန်တော့်ထက် လူကောင်ရော အသက်ပါကြီးတယ်။
သူ့အဖေရောအစ်ကို ရောက ဂျူးကို အသေမုန်းပြီး ဂျာမန်ကို ထောက်ခံတဲ့သူတွေ ။
ဂျူးတွေကို သတ်ပစ်
သေတာ ကောင်းတယ်လို့ ကျွန်တော့်ရှေ့မှာပြောတိုင်း
ကျွန်တော် အားငယ်ပြီး တော်တော်စိတ်မကောင်းဖြစ်ပြီး
အဖေနဲ့ အမေကို အရမ်းသတိရပါတယ်။

ကျွန်တော်အရမ်းချစ်ရတဲ့ မမ နဲ့ လမ်းလျောက်ထွက်ရင်း
လေတိုက်အခါ ရွှေရောင်ဆံပင်လေးတွေ လွှင့်နေတဲ့
သူမျက်နှာကိုစိုက်ကြည့်နေရတာ
ကျွန်တော့်အတွက်တော့ နတ်သမီးတစ်ပါးပါပဲ။

ခါတိုင်းလို သတင်းစာရောက်လာတယ်
တွေ့လိုက်ရတဲ့သတင်းကြောင့်
ကျွန်တော်ချက်ချင်း စက်ဘီးဆွဲပြီး
အားရပါးရအော်တာ……………………….

ပြင်သစ်လွတ်မြောက်ပြီ….
ပြင်သစ်လွတ်မြောက်ပြီ……..

ခန္ဓာကိုယ် လေထဲမြောက်လုမတက် တစ်လမ်းလုံးအော်တာ
ဝမ်းသာတာဆိုတာလေ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။
ကျွန်တော် လူတိုင်းကို ဝမ်းသာအားရ လိုက်ပြောတာ။

ကျွန်တော် ချစ်ရတဲ့ကောင်မလေးရဲ့ အဖေနဲ့အမေကို ရိုက်နေကြတယ်
အဲ့ဒီအချိန်သူတို့ ကို ကယ်ဖို့ တစ်ချိန်လုံး ဖုံးကွယ်ထားပြီး
ပါးစပ်ကတောင် ထုတ်မပြောရဲတဲ့ စကားကိုပြောချလိုက်တယ်

ကျွန်တော်ဂျူးပါ..
ကျွန်တော် ဂျူးပါ..
ကျွန်တော်ဂျူးပါ…

ဘယ်နှစ်ကြိမ်တောင် အော်မိမှန်းမသိတော့ဘူး
တစ်ကြိမ်အော်တိုင်း သတ္တိတွေ ပိုပိုရှိလာခဲ့တယ်။
အဲ့ဒီကနေ ကျွန်တော်ချစ်ရတဲ့မမကို မှီအောင်
ပြေးလိုက်သွားခဲ့တယ်………….

နောက်ဆုံးတော့ ကျွန်တော် အကြာကြီး ထွက်ပြေးခဲ့ရတဲ့နေရာ
ကျွန်တော့်တို့ အိမ်လေးကိုပြန်ရောက်လာနိုင်ခဲ့ပြီ
အရာအားလုံးက ဘာမှမပြောင်းလဲဘူး
ဒီလေ..
ဒီမြင်ကွင်း…
လျောက်နေကြဒီလမ်းလေးတွေ…

လှေကားလက်တန်းကိုကိုင်လိုက်တာတောင်
ရင်ထဲနွေးသွားတယ် ကြည်နှုးသလိုလို
ပျော်သလိုလိုနဲ့

…ဒီခံစားချက်ကို အိမ်နဲ့
ကြာကြာခွဲသွားရတဲ့သူတွေ ပိုပြီးသိပါလိမ့်မယ်။
မနက်ခင်းရဲ့ အလင်းရောင်ဖျော့ဖျော့ မှာ
အေးချမ်းချမ်းလေညင်းနဲ့ အတူ ငါအိမ်ကိုပြန်ရောက်ပြီဆိုတဲ့ အသိကြောင့်
တစ်ကိုယ်လုံး ပူနွေးနွေးဖြစ်နေပါတယ်။

နိုင်ငံရပ်ခြားမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေရပြီး
ကိုယ့်မွေးရပ်မြေ ကိုယ့်အိမ် ကိုယ့်မိသားစုရှိရာကို
ခြေချမိလိုက်တဲ့ ခံစားချက်က တစ်ကိုယ်လုံးကျင်တက်သွားပြီး
တစ်ခြားနိုင်ငံတွေဘယ်လောက်လှလှ
ဘယ်လောက်နေလို့ကောင်းကောင်း ဒီခံစားချက်မျိုး မပေးနိုင်ပါဘူး။

သူငယ်ချင်းတွေ နဲ့ ကစားခဲ့တဲ့နေရာ
ကိုယ်သွားနေကျ နေရာတွေကို တစ်ကြိမ်ပြန်တွေ့ရတဲ့
ဒီပီတိ၊ဝမ်းသားခြင်းက ပြောမပြတတ်အောက်ပါပဲ။

ကမ္ဘာ့အကောင်းဆုံးသွားရောက်လည်ပတ်စရာ
နေရာက သင်မွေးဖွားကြီးပြင်းရာမြေပါပဲ။
အားလုံးအိမ်ပြန်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော် HLK ပါ။

File Size – 808 MB

Qty – 720p Bluray
Gern – Drama/History
Subtitle – Myanmar
Translator – Htet Lin Kyaw
Encoder – Kyaw Ye Aung


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Un sac de billes
Director
Christian Duguay
Stars
Batyste Fleurial, Bernard Campan, César Domboy, Christian Clavier, Dorian Le Clech, Elsa Zylberstein, Émile Berling, Ilian Bergala, Kev Adams, Patrick Bruel
Release Date
23 March 2018 (USA)
Rated
N/A
Runtime
1h 50min
Awards
2 win.
Country
France, Canada, Czech Republic
Budget
USD $21 400 000,00
Revenue
USD $10 898 998,00
Popularity
7.762
Status
Released
ID IMDb.com
tt5091612
IMDB Rating
7.3
IMDB votes
4,395
ID Themoviedb.org
398924
TMDb Rating
7.9
TMDb votes
570