Exit print mode Print Data A+ A- Undo all

A Call to Spy (2020)

Ordinary women. Extraordinary heroes.
A Call to Spy (2020)A Call to Spy (2020)

Synopsis:

A Call to Spy (2020)

===============

IMDb Rating – 5.7/10

#Unicode

A Call to Spyဟာ ရှားရှားပါးပါး
ဒုတိယကမ္ဘာစစ်အတွင်းက အမျိူးသမီးတွေရဲ့
စွမ်းဆောင်ရည်ကို အသားပေးဖော်ပြထားတဲ့
ဘိုင်အိုဂရပ်ဖီရုပ်ရှင် ရုပ်ရှင်ပါပဲ။

ဒုတိယကမ္ဘာစစ်ကနဦးမှာ ချာချီဟာ
SOEကိုဖွဲ့ပြီး နာဇီတွေကိုထောက်လှမ်းဖို့နဲ့
သတင်းပို့ဖို့ ပြင်သစ်ကို စပိုင်တွေလွှတ်ခဲ့တယ်။
နောက်ပိုင်းမှာ SOEကနေ ထောင်လှမ်းရေးအလုပ်တွေမှာ
သိသာထင်ရှားမှုပိုနည်းတဲ့ အမျိူးသမီးတွေကို
စပိုင်အဖြစ်စေလွှတ်ဖို့ အကောင်အထည်ဖော်ခဲ့တယ်။
ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီးစပိုင်ဟာ
ဗာဂျင်နီယာ ဟောပါ။ ဗာဂျင်နီယာဟောဟာ
ဗြိတိန်စပိုင်ဖြစ်ခဲ့ပေမယ့် အမေရိကန်သူတစ်ယောက်။
သံတမန်ဖြစ်လို့တဲ့အတွက် အကြိမ်ကြိမ်လျှောက်ထားခဲ့ပေမယ့်
ခြေထောက်တစ်ဖက်ပြတ်နေတဲ့ ဒုက္ခိတဖြစ်နေတာကြောင့်
ပယ်ချခံရတဲ့ သနားစရာ အမျိုးသမီးပါပဲ။
ကံကောင်းချင်တော့ အမျိုးသမီးစပိုင်ခန့်အပ်ရေးအတွက်
လူရှာနေတဲ့ SOEရဲ့ စက္ကထရီ ဗီရာအတ်ကင်နဲ့
တွေ့သွားခဲ့တယ်။ ဗီရာအတ်ကင်ကလည်း
နေရာတစ်ခုရထားပေမယ့် ဂျူးလူမျိူးဖြစ်နေလို့
ဗြိတန်မှာ နေရသိပ်အဆင်မပြေဖြစ်နေတဲ့ အမျိူးသမီး။
သူရှာခဲ့တဲ့ စပိုင်နှစ်ယောက်မှာ တစ်ယောက်က ဒုက္ခိတ
တစ်ယောက်က မွတ်စလင်။ သူ့နည်းသူ့ဟန်နဲ့
အနှိမ်ခံနေရတဲ့ အမျိုးသမီးတွေ။
သူတို့ဟာ သူတို့ရဲ့ အားနည်းချက်တွေကိုပဲ
အားသာချက်အဖြစ်အသုံးချပြီး
ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းမှာ မှတ်ကျောက်တင်ခဲ့ကြ
သူတို့နိုင်ငံအတွက်အားထုတ်ခဲ့ကြတယ်။

ဗာဂျင်နီယာဟောနေရာမှာ သရုပ်ဆောင်တဲ့
Lead Actor Sarah Megan Thomas
ကိုယ်တိုင် ဇာတ်ညွှန်းရေးထားပြီး
ဒါရိုက်တာကလည်းအမျိုးသမီးဒါရိုက်တာပဲဖြစ်တဲ့အတွက်
အမျိုးသမီးစွမ်းဆောင်ရည်ပြရုပ်ရှင်ကို
အမျိူးသမီးတွေချည်းဦး‌ဆောင်ရိုက်ထားကြတယ်ဆိုရမယ်။

A call to spyကို Audienceတွေပေးတဲ့ဘက်က
IMdb ratingကတော့ တက်လိုက်ကျလိုက်မျိုးစုံ
ဖြစ်နေပေမယ့် RTရဲ့ ဝေဖန်ရေးသမားတွေရဲ့
Ratingမှာတက်လာပြီး နာမည်ကျော်
ရုပ်ရှင်ဝေဖန်ရေးဆရာ Roger Ebertရဲ့ ‌
Ratingမှာလည်း ကောင်းနေသေးတာမို့
ခပ်ညံ့ညံ့ရုပ်ရှင်ထဲတော့မပါပါဘူး။
Biographyကားဖြစ်တဲ့အတွက်
သမိုင်းရဲ့တစ်ထောင့်တစ်နေရာကို
သိချင်တဲ့လူတွေအတွက် ‌ရွှေပါပဲ။

(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။)

#Zawgyi

A Call to Spyဟာ ရွားရွားပါးပါး
ဒုတိယကမာၻစစ္အတြင္းက အမ်ိဴးသမီးေတြရဲ႕
စြမ္းေဆာင္ရည္ကို အသားေပးေဖာ္ျပထားတဲ့
ဘိုင္အိုဂရပ္ဖီ႐ုပ္ရွင္ ႐ုပ္ရွင္ပါပဲ။

ဒုတိယကမာၻစစ္ကနဦးမွာ ခ်ာခ်ီဟာ
SOEကိုဖြဲ႕ၿပီး နာဇီေတြကိုေထာက္လွမ္းဖို႔နဲ႔
သတင္းပို႔ဖို႔ ျပင္သစ္ကို စပိုင္ေတြလႊတ္ခဲ့တယ္။
ေနာက္ပိုင္းမွာ SOEကေန ေထာင္လွမ္းေရးအလုပ္ေတြမွာ
သိသာထင္ရွားမႈပိုနည္းတဲ့ အမ်ိဴးသမီးေတြကို
စပိုင္အျဖစ္ေစလႊတ္ဖို႔ အေကာင္အထည္ေဖာ္ခဲ့တယ္။
ၿဗိတိန္ရဲ႕ ပထမဆုံး အမ်ိဳးသမီးစပိုင္ဟာ
ဗာဂ်င္နီယာ ေဟာပါ။ ဗာဂ်င္နီယာေဟာဟာ
ၿဗိတိန္စပိုင္ျဖစ္ခဲ့ေပမယ့္ အေမရိကန္သူတစ္ေယာက္။
သံတမန္ျဖစ္လို႔တဲ့အတြက္ အႀကိမ္ႀကိမ္ေလွ်ာက္ထားခဲ့ေပမယ့္
ေျခေထာက္တစ္ဖက္ျပတ္ေနတဲ့ ဒုကၡိတျဖစ္ေနတာေၾကာင့္
ပယ္ခ်ခံရတဲ့ သနားစရာ အမ်ိဳးသမီးပါပဲ။
ကံေကာင္းခ်င္ေတာ့ အမ်ိဳးသမီးစပိုင္ခန႔္အပ္ေရးအတြက္
လူရွာေနတဲ့ SOEရဲ႕ စကၠထရီ ဗီရာအတ္ကင္နဲ႔
ေတြ႕သြားခဲ့တယ္။ ဗီရာအတ္ကင္ကလည္း
ေနရာတစ္ခုရထားေပမယ့္ ဂ်ဴးလူမ်ိဴးျဖစ္ေနလို႔
ၿဗိတန္မွာ ေနရသိပ္အဆင္မေျပျဖစ္ေနတဲ့ အမ်ိဴးသမီး။
သူရွာခဲ့တဲ့ စပိုင္ႏွစ္ေယာက္မွာ တစ္ေယာက္က ဒုကၡိတ
တစ္ေယာက္က မြတ္စလင္။ သူ႔နည္းသူ႔ဟန္နဲ႔
အႏွိမ္ခံေနရတဲ့ အမ်ိဳးသမီးေတြ။
သူတို႔ဟာ သူတို႔ရဲ႕ အားနည္းခ်က္ေတြကိုပဲ
အားသာခ်က္အျဖစ္အသုံးခ်ၿပီး
ဒုတိယကမာၻစစ္ရဲ႕ သမိုင္းမွာ မွတ္ေက်ာက္တင္ခဲ့ၾက
သူတို႔ႏိုင္ငံအတြက္အားထုတ္ခဲ့ၾကတယ္။

ဗာဂ်င္နီယာေဟာေနရာမွာ သ႐ုပ္ေဆာင္တဲ့
Lead Actor Sarah Megan Thomas
ကိုယ္တိုင္ ဇာတ္ၫႊန္းေရးထားၿပီး
ဒါ႐ိုက္တာကလည္းအမ်ိဳးသမီးဒါ႐ိုက္တာပဲျဖစ္တဲ့အတြက္
အမ်ိဳးသမီးစြမ္းေဆာင္ရည္ျပ႐ုပ္ရွင္ကို
အမ်ိဴးသမီးေတြခ်ည္းဦး‌ေဆာင္႐ိုက္ထားၾကတယ္ဆိုရမယ္။

A call to spyကို Audienceေတြေပးတဲ့ဘက္က
IMdb ratingကေတာ့ တက္လိုက္က်လိုက္မ်ိဳးစုံ
ျဖစ္ေနေပမယ့္ RTရဲ႕ ေဝဖန္ေရးသမားေတြရဲ႕
Ratingမွာတက္လာၿပီး နာမည္ေက်ာ္
႐ုပ္ရွင္ေဝဖန္ေရးဆရာ Roger Ebertရဲ႕ ‌
Ratingမွာလည္း ေကာင္းေနေသးတာမို႔
ခပ္ညံ့ညံ့႐ုပ္ရွင္ထဲေတာ့မပါပါဘူး။
Biographyကားျဖစ္တဲ့အတြက္
သမိုင္းရဲ႕တစ္ေထာင့္တစ္ေနရာကို
သိခ်င္တဲ့လူေတြအတြက္ ‌ေ႐ႊပါပဲ။

(ဒီဇာတ္ကားရဲ႕ အၫႊန္းနဲ႔ဘာသာျပန္ေရးသားေပးသူကေတာ့ WiRa Aung ပဲျဖစ္ပါတယ္။)

 

Quality –  720p WebRip

Duration – 2hr 3min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Biography, Drama, Thriller

Source : 1080p.WebRip

Translator – WiRa Aung

Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Lydia Dean Pilcher
Stars
David Schaal, Laila Robins, Linus Roache, Marc Rissmann, Matt Salinger, Radhika Apte, Rossif Sutherland, Samuel Roukin, Sarah Megan Thomas, Stana Katic
Popularity
18.975
Status
Released
ID IMDb.com
tt7698468
IMDB Rating
5.7
IMDB votes
1,300
ID Themoviedb.org
589612
TMDb Rating
6.5
TMDb votes
4