Channel Myanmar

Report error

Mandalay 999
mmbusticket

ဘောလိဝုဒ်​ကား​တွေရဲ့ထုံးစံအတိုင်းပရိသတ်​မထင်​ထား​လောက်​​အောင်​လှည့်​ကွက်​​လေး​တွေကဆရာကျတတ်​ကြပါတယ်​။

ဇာတ်​​ကြောင်းဇာတ်​အိမ်​တည်​​ဆောက်​ပုံကလည်း​တောင့်​တင်းတယ်​ဆိုတာ ​ဘောလိဝုဒ်​ပရိသတ်​ကြီးလည်းသိပြီးသားပါ။

ဘောလိဝုဒ်​ကားအများစုဟာ ဟာသ/ အချစ်​ / အလွမ်း /ဇာတ်​ကြမ်း /လှည့်​ကွက်​ ​စတဲ့ ရသ​တွေထောင့်​​​စေ့​အောင် ​တည်​​ဆောက်​ထား​လေ့ရှိပါတယ်​။

ဒီကား​လေးရဲ့အညွှန်းကိုမျှ​ဝေရမယ်​ဆိုရင်​ဖြင့်​ အိန္ဒိယနိုင်​ငံရဲ့လျှို့ဝှက်​​အေးဂျင့်​အဖွဲ့တစ်​ခုဖြစ်​တဲ့ အဖွဲ့ X ​​အ​ကြောင်း​​လေးနဲ့ပဲစချင်​ပါတယ်

အဖွဲ့ X ရဲ့​ခေါင်း​ဆောင်​ ကာနယ်​ဟာဆိုရင်​ဖြင့်​အာဏာကိုအလွဲသုံးစားလုပ်​ပြီး’ရ​လေလို​လေအိုတ​စ္ဆေဆိုသလို’ကိုယ်​ကျိုးရှာ​လောဘသား​ခေါင်း​ဆောင်​တစ်​​ယောက်​ပါအဖွဲ့ X ရဲ့​ခေါင်း​ဆောင်​က​တော့ ရှရီဆိုတဲ့အရည်​အချင်းရှိ​အေးဂျင့်​ပါသူက​တော့ မတရားမှု​တွေလုပ်​​နေတဲ့​ခေါင်း​ဆောင်​ရဲ့လက်​​အောက်​က​နေလွတ်​​မြောက်​ခွင့်​ရဖို့ခက်​ခဲ​နေတဲ့သူတစ်​​ယောက်​ပါ 

သူ့သ​ဘောထားကိုသိသွားတဲ့ကာနယ်​က​နောက်​ဆုံးအ​နေနဲ့မစ်​ရှင်​တစ်​ခုလုပ်​​ပေးဖို့​တောင်းဆိုလိုက်​ပါတယ်

ဒါကိုသ​ဘောတူပြီး​နောက်​ပိုင်းဘာ​တွေဖြစ်​လာမလဲ

တစ်​ဖက်​မှာလည်းဒါရိုက်​တာပုံ​ဖော်​ပြီးရိုက်​ပြထားတဲ့ ဂေါ်ရဗ်​ ဆိုတဲ့ဝန်​ထမ်း​လေးတစ်​​ယောက်​အ​ကြောင်း​လေးလည်းပြောချင်​ပါ​သေးတယ်
သူက​တော့ ဘဝကိုအရှုပ်​အရှင်းကင်းကင်းနဲ့ရိုးသားစွာဖြတ်​သန်းချင်​တဲ့သူပါ

ကုမ္ပဏီမှာအလုပ်​ကြိုးစားတယ်

အိမ်​​ကောင်း​ကောင်းတစ်​လုံးနဲ့​နေချင်​တယ်

သာမန်​​နေထိုင်​မှုလို့ပဲဆိုရမှာပါ

မင်းသမီးကလည်းနာမည်​​ရေးပြစရာမလို​လောက်​​အောင်​ ​ဘောလိဝုဒ်​ပရိသတ်​​တွေအကြိုက်​ ဇာတ်​ကြမ်း/ အချစ်​/အလွမ်း /ဟာသ ဘက်​စုံရတဲ့သမီးတစ်​လက်​ပါ

ဒီ character ​တွေစု​ပေါင်းလိုက်​တဲ့ဇာတ်​လမ်းအသွားအလာဘယ်​လိုပီပြင်​လာမလဲဆိုတာ​တော့ ဇာတ်​ကားပြီးခါနီး​လေးမှပဲသိရမှာပါ

ဇာတ်​အိမ်​/ ဇာတ်​​ကြောင်း/ သရုပ်​​ဆောင်​/ ​နောက်​ခံသီချင်း အပြစ်​​ပြောရာမရှိ​အောင်​​ကောင်းတဲ့ ဇာတ်​ကား​လေးဖြစ်​​ပြီးဟာသ​လေး​တွေလည်းပါဝင်​ထားလို့ကြိုက်​နှစ်​သက်​ကြမယ်​လို့ ယူဆမိပါ​ကြောင်း…….

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)

 

File Size : (0.99 GB) and (430 MB)
Quality : WEB-DL 720p
Running Time : 2hr 6min
Format : Mp4
Genre :Action, Comedy, Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Pyae Xeinn Sett
Encode by Thanhtike Zaw

A Gentleman (2017)
A Gentleman (2017)
Mandalay 999


No downloads available

Genres

Related movies