Exit print mode Print Data A+ A- Undo all

A Girl at My Door (2014)

A Girl at My Door (2014)A Girl at My Door (2014)

Synopsis:

[Unicode]

IMDb Rating – 6.9/10

သင်က Psychological Drama တွေကိုနှစ်သက်တဲ့သူဆိုရင်တော့ ဒီကားကိုအကြိုက်တွေ့နိုင်ပါတယ်။
Lesbianတစ်ယောက်နဲ့ ၁၄နှစ်အရွယ်ကောင်မလေးရဲ့ကြားကချစ်ခြင်းမေတ္တာအကြောင်းရိုက်ကူးထားတာဖြစ်တဲ့အပြင်
ဒွိဟဖြစ်စေတဲ့ဆက်ဆံရေးကိုရိုက်ကူးထားတာကြောင့်
Low Budgetရိုက်ကူးရေးဖြစ်ခဲ့တဲ့အပြင် ပါဝင်ခဲ့နဲ့ Bae Doonaနဲ့ Kim Sae Ronတို့ ၂ယောက်လုံးက အနုပညာကြေးမယူဘဲရိုက်ကူးပေးခဲ့တဲ့ကားလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့
ရဲအရာရှိတစ်ဦးဖြစ်တဲ့”လီယောင်းနမ်”ဟာ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကြောင့် အထင်လွဲခံရပြီး ဆိုးလ်ကနေကမ်းခြေမြို့လေးဆီ ရာထူးရွှေ့ပြောင်းခံခဲ့ရပါတယ်။
မြို့ကိုရောက်တဲ့အခါ ၁၄နှစ်အရွယ် “ဒိုဟီး”ကို ပထွေးနဲ့အဘွားကအမြဲနှိပ်စက်နေတာကို စပြီးတွေ့မြင်ခဲ့ရပါတယ်။

“ဒိုဟီး”ကို ပထွေးကထပ်ပြီးနှိပ်စက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့် “ယောင်းနမ်”က နွေရာသီကျောင်းပိတ်ရက်အတွင်းမှာ သူ့အိမ်မှာလာနေဖို့ “ဒိုဟီး”ကိုခေါ်ထားခဲ့ပါတယ်။

ဘဝတစ်လျှောက်လုံး သူ့ကိုဂရုစိုက်တဲ့သူမရှိခဲ့တဲ့”ဒိုဟီး”ကို “ယောင်းနမ်”ကမိသားစုဝင်တစ်ယောက်လိုဆက်ဆံတဲ့အခါ သူ့ကိုခင်တွယ်လာပါတယ်။
ဒီလိုနဲ့ကလေးမလေးရဲ့အကြောင်းတွေကိုပိုပြီးသိလာရတဲ့အခါမှာတော့ ရိုးအတဲ့ သာမန်ကလေးမလေးမဟုတ်တာကိုသိလာရပါတယ်။

တစ်ဖက်မှာလည်း ပထွေးရဲ့လုပ်ငန်းမှာ တရားမဝင်လုပ်သားတွေကိုခိုင်းတာကြောင့်ပထွေးကိုဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရဲအရာရှိဖြစ်သူယောင်းနမ်နဲ့ အချေအတင်ဖြစ်လာပါတယ်။

သူ့အလုပ်ကိုထိခိုက်လာတဲ့အတွက် ပထွေးက”ယောင်းနမ်က ဒိုဟီးနဲ့လိင်ပိုင်းဆိုင်ရာပတ်သက်မှုရှိပါတယ်”ဆိုပြီး တိုင်ချက်ပြန်ဖွင့်တဲ့အခါမှာတော့

Lesbianတစ်ယောက်ဖြစ်တဲ့ယောင်းနမ်ကဒိုဟီးကို စိတ်သန့်သန့်နဲ့စောင့်ရှောက်ခဲ့တယ်ဆိုတာကိုဘယ်လိုသက်သေပြမှာလဲ
ဒီလိုပြစ်မှုကြောင့်ပဲနယ်ပြောင်းခံရတဲ့ယောင်းနမ်နဲ့ စိတ်ဒဏ်ရာရှိတဲ့ဒိုဟီးတို့ကြားမှာဘာတွေဆက်ဖြစ်သွားမလဲ
မထင်ထားတဲ့ထွက်ဆိုချက်တွေကြားမှာ ယောင်းနမ်တစ်ယောက် ပြစ်မှုကနေလွတ်မြောက်နိုင်မလားဆိုတာကို ဒီဇာတ်ကားမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ)

 

[Zawgyi]

IMDb Rating – 6.9/10

သင္က Psychological Drama ေတြကိုႏွစ္သက္တဲ့သူဆိုရင္ေတာ့ ဒီကားကိုအႀကိဳက္ေတြ႕ႏိုင္ပါတယ္။
Lesbianတစ္ေယာက္နဲ႔ ၁၄ႏွစ္အရြယ္ေကာင္မေလးရဲ႕ၾကားကခ်စ္ျခင္းေမတၱာအေၾကာင္း႐ိုက္ကူးထားတာျဖစ္တဲ့အျပင္
ဒြိဟျဖစ္ေစတဲ့ဆက္ဆံေရးကို႐ိုက္ကူးထားတာေၾကာင့္
Low Budget႐ိုက္ကူးေရးျဖစ္ခဲ့တဲ့အျပင္ ပါဝင္ခဲ့နဲ႔ Bae Doonaနဲ႔ Kim Sae Ronတို႔ ၂ေယာက္လုံးက အႏုပညာေၾကးမယူဘဲ႐ိုက္ကူးေပးခဲ့တဲ့ကားလည္းျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့
ရဲအရာရွိတစ္ဦးျဖစ္တဲ့”လီေယာင္းနမ္”ဟာ သူ႔ရဲ႕လိင္စိတ္တိမ္းၫႊတ္မႈေၾကာင့္ အထင္လြဲခံရၿပီး ဆိုးလ္ကေနကမ္းေျခၿမိဳ႕ေလးဆီ ရာထူးေရႊ႕ေျပာင္းခံခဲ့ရပါတယ္။
ၿမိဳ႕ကိုေရာက္တဲ့အခါ ၁၄ႏွစ္အရြယ္ “ဒိုဟီး”ကို ပေထြးနဲ႔အဘြားကအၿမဲႏွိပ္စက္ေနတာကို စၿပီးေတြ႕ျမင္ခဲ့ရပါတယ္။

“ဒိုဟီး”ကို ပေထြးကထပ္ၿပီးႏွိပ္စက္မွာကိုစိုးရိမ္တဲ့အတြက္ေၾကာင့္ “ေယာင္းနမ္”က ေႏြရာသီေက်ာင္းပိတ္ရက္အတြင္းမွာ သူ႔အိမ္မွာလာေနဖို႔ “ဒိုဟီး”ကိုေခၚထားခဲ့ပါတယ္။

ဘဝတစ္ေလွ်ာက္လုံး သူ႔ကိုဂ႐ုစိုက္တဲ့သူမရွိခဲ့တဲ့”ဒိုဟီး”ကို “ေယာင္းနမ္”ကမိသားစုဝင္တစ္ေယာက္လိုဆက္ဆံတဲ့အခါ သူ႔ကိုခင္တြယ္လာပါတယ္။
ဒီလိုနဲ႔ကေလးမေလးရဲ႕အေၾကာင္းေတြကိုပိုၿပီးသိလာရတဲ့အခါမွာေတာ့ ႐ိုးအတဲ့ သာမန္ကေလးမေလးမဟုတ္တာကိုသိလာရပါတယ္။

တစ္ဖက္မွာလည္း ပေထြးရဲ႕လုပ္ငန္းမွာ တရားမဝင္လုပ္သားေတြကိုခိုင္းတာေၾကာင့္ပေထြးကိုဖမ္းတဲ့ကိစၥနဲ႔ပတ္သက္ျပီး ရဲအရာရွိျဖစ္သူေယာင္းနမ္နဲ႔ အေခ်အတင္ျဖစ္လာပါတယ္။

သူ႔အလုပ္ကိုထိခိုက္လာတဲ့အတြက္ ပေထြးက”ေယာင္းနမ္က ဒိုဟီးနဲ႔လိင္ပိုင္းဆိုင္ရာပတ္သက္မႈရွိပါတယ္”ဆိုၿပီး တိုင္ခ်က္ျပန္ဖြင့္တဲ့အခါမွာေတာ့

Lesbianတစ္ေယာက္ျဖစ္တဲ့ေယာင္းနမ္ကဒိုဟီးကို စိတ္သန္႔သန္႔နဲ႔ေစာင့္ေရွာက္ခဲ့တယ္ဆိုတာကိုဘယ္လိုသက္ေသျပမွာလဲ
ဒီလိုျပစ္မႈေၾကာင့္ပဲနယ္ေျပာင္းခံရတဲ့ေယာင္းနမ္နဲ႔ စိတ္ဒဏ္ရာရွိတဲ့ဒိုဟီးတို႔ၾကားမွာဘာေတြဆက္ျဖစ္သြားမလဲ
မထင္ထားတဲ့ထြက္ဆိုခ်က္ေတြၾကားမွာ ေယာင္းနမ္တစ္ေယာက္ ျပစ္မႈကေနလြတ္ေျမာက္ႏိုင္မလားဆိုတာကို ဒီဇာတ္ကားမွာဆက္လက္ၾကည့္ရႈႏိုင္ပါၿပီ။

( ဘာသာျပန္ျပီး အညႊန္းေရးသားထားသူကေတာ့ Ingyin San ပါ)


Quality__720p
IMDb Rating__6.9/10
Format__mp4
Duration__01:55:00
Type__Drama
Subtitle__Myanmar Subtitle (Hardsub)
Translated by Ingyin San
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Dohee-ya
Director
July Jung
Stars
Bae Doona, Sae-byeok Song, Sae-ron Kim
Release Date
22 May 2014
Runtime
1h 59min
Country
(South Korea)
Popularity
4.075
Status
Released
ID IMDb.com
tt3661798
IMDB Rating
6.9
IMDB votes
2,423
ID Themoviedb.org
266058
TMDb Rating
7
TMDb votes
77