Exit print mode Print Data A+ A- Undo all

A Loud House Christmas (2021)

A Loud House Christmas (2021)A Loud House Christmas (2021)

Synopsis:

A Loud House Christmas (2021)

=======================

ခရစ္စမတ်အချိန်အခါလည်းနီးပြီဖြစ်လို့ Loud မိသားစုရဲ့ ခရစ္စမတ်အမွှေဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

၂၀၁၆ ခုနှစ်ကစတင်ထွက်ရှိခဲ့တဲ့ “The Loud House” animated series ကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ Loud မိသားစုကို

စိမ်းမှာမဟုတ်ပါဘူး။ မိသားစုဝင်စုစုပေါင်း ၁၃ယောက်ရှိပြီး အဖေ၊ အမေ၊ အစ်မညီမ ၁၀ယောက်နဲ့ တစ်ဦးတည်းသောသားလေး

Lincoln တို့ပဲဖြစ်ပါတယ်။

ခရစ္စမတ်အတွက် သီးသန့်ရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ Loud မိသားစုက နှစ်စဉ်နှစ်တိုင်းခရစ္စမတ်ဆိုရင် မိသားစုဝင်တွေ

အားလုံးအိမ်မှာတစ်စုတစ်စည်းနဲ့ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးကြပါတယ်။ အစဉ်အလာမပျက်ပေါ့။ ဒါပေမယ့် ဒီနှစ်ရဲ့ခရစ္စမတ်

မှာတော့ အကြောင်းအမျိုးမျိုးကြောင့်အိမ်မှာလူမစုံမယ့်အခြေအနေဖြစ်ခဲ့ရပြီး အဖေနဲ့အမေကလည်း ဒီခရစ္စမတ်ကိုတော့အိမ်မှာ

မနေဘဲ မိုင်ယာမီကိုခရီးထွက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို Lincoln ကလွဲပြီးအကုန်သဘောတူကြပေမယ့် Lincoln

ကတော့လုံးဝခါးခါးသီးသီးနဲ့ ခရစ္စမတ်ဆိုအိမ်မှာလူစုံတက်စုံရှိရမယ်ပဲဇွတ်လုပ်နေပါတော့တယ်။ ဒီလိုနဲ့ Lincoln တစ်ယောက်

အကြံတူဉာဏ်တူ သူငယ်ချင်းဖြစ်သူ Clyde နဲ့အတူ မိုင်ယာမီခရီးစဉ်ကိုဘယ်လိုပြန်အောင်ဖျက်မလဲ .. သူ့အကြံအစည်ရော အောင်

မြင်ပါ့မလား .. အိမ်မှာမောင်နှမနှစ်ယောက်လောက်ပဲရှိရင်တောင် ရန်သတ်ပြီးထိန်းမနိုင်တာ ကလေး ၁၁ယောက်တောင်ဆိုတော့

တစ်ယောက်တစ်မျိုးနဲ့ ဘယ်လောက်ဗရုတ်ကျကြမလဲ .. စတာတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် comedy film လေးတစ်ကားပဲ

ဖြစ်ပါတယ်။

(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Lai Laii မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Lai Laii, Milkeux ဖြစ်ပါတယ်။)

 

File Size –  (650MB)/(340 MB)
Quality – WEBRIP 720p/480p
Duration – 1hrs 12min
Subtitle – Myanmar Hardsub
Format – MP4
Genre : Comedy, Family
Translator – Lai Laii, Milkeux
Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Jonathan Judge
Stars
Jahzir Bruno, Lexi DiBenedetto, Wolfgang Schaeffer
Popularity
40.448
Status
Released
ID IMDb.com
tt11947282
IMDB Rating
5.0
IMDB votes
2300
ID Themoviedb.org
674610