Exit print mode Print Data A+ A- Undo all

A Man (2022)

A Man (2022)A Man (2022)

Synopsis:

A Man (2022)

~ IMDb – 7/10, RT – 100%, MyDramaList – 7.9/10 ~

ဘယ်သူဘယ်ဝါဆိုတာ အမှန်မသိရတဲ့ ယောက်ျားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းရင်းနဲ့ သူ့ရဲ့ ရှုပ်ထွေးတဲ့ဘဝအတိတ်အကြောင်းတွေကို တစ်ဆင့်ချင်း သိလာရမယ့် Mystery ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းကိုရီးယားလူမျိုးတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေ၊ ဒီလိုဖိအားကြောင့် ဖြစ်လာရတဲ့ အမှုတွေကိုလည်း ဒီရုပ်ရှင်ထဲမှာ မြင်ရမှာပါ။

ရိအဲလို့ခေါ်တဲ့အမျိုးသမီးက ယောက်ျားဖြစ်သူနဲ့ ကွာရှင်းပြီးနောက် သားအကြီးနဲ့အတူ နယ်မြို့လေးဆီ ပြောင်းလာခဲ့ပါတယ်။ စာရေးကိရိယာဆိုင်လေးဖွင့်ထားရင်းနဲ့ ဒိုင်ဆုကဲဆိုတဲ့ အမျိုးသားနဲ့ ဆုံတွေ့ခဲ့ပါတယ်။

ဒိုင်ဆုကဲက တည်းခိုခန်းကြီးပိုင်ရှင်ရဲ့ သားဖြစ်ပေမဲ့ မိသားစုဆီကနေ ထွက်လာခဲ့ပြီး တောင်ပေါ်မှာ သစ်ခုတ်လုပ်ငန်းလုပ်ရင်း ဇာတ်မြှုပ်နေတာပါ။ ကြင်နာတတ်ပြီး ရိုးသားတဲ့ ဒိုင်ဆုကဲကို ရိအဲလည်း သဘောကျသွားပြီး နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ ၄နှစ်ကြာပြီးနောက်မှာတော့ သမီးလေးတစ်ယောက်လည်းထပ်ရနေပြီး ပျော်ရွှင်တဲ့မိသားစုလေးဖြစ်နေပါပြီ။

တစ်နေ့မှာတော့ သစ်ခုတ်သွားရင်းနဲ့ ဒိုင်ဆုကဲတစ်ယောက် သစ်ပင်ပိပြီး ဆုံးပါးသွားရပါတယ်။ တစ်နှစ်ပြည့် ဈာပနအခမ်းအနားလုပ်တဲ့အခါ ဒိုင်ဆုကဲရဲ့ အစ်ကိုအရင်းလည်း ရောက်လာခဲ့ပါတယ်။ ကွယ်လွန်သူရဲ့ဓာတ်ပုံကို ကြည့်လိုက်တဲ့အခါမှာတော့ ပုံထဲကလူဟာ သူ့ညီ ဒိုင်ဆုကဲမဟုတ်တဲ့အခါ… အငြင်းပွားစရာတွေဖြစ်လာပါတယ်။ ရိအဲလည်း သူကွာရှင်းစဉ်တုန်းက အမှုအပ်ခဲ့တဲ့ ရှေ့နေကိုပဲ ထပ်ခေါ်ပြီး သူ့ယောက်ျားရဲ့ Identity အစစ်အမှန်ကို ရှာဖွေဖို့ကြိုးစားပါတယ်။

လူချင်းလဲရလောက်တဲ့အထိဖြစ်ခဲ့တဲ့ ရိအဲယောက်ျားရဲ့အတိတ်ကရော ဘာတွေများဖြစ်ခဲ့လို့လဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.25GB, 960MB
Quality – 1080p, 720p
IMDb Rating – 7/10
Format – mp4
Duration – 2H 1Min
Genre – Drama, Mystery, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by Ingyin San
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Aru otoko
Director
Kei Ishikawa
Stars
Akira Emoto, Denden, Hidekazu Mashima, Kazutoyo Koyabu, Kitarô, Masataka Kubota, Miyako Yamaguchi, Nana Seino, Sakura Ando, Satoshi Tsumabuki, Shinsuke Kato, Taiga Nakano, Yôko Maki, Yumi Kawai
Release Date
2022
Rated
Unrated
Runtime
2h 1m
Awards
10 wins & 11 nominations
Country
Japan
Popularity
3.746
Status
Released
ID IMDb.com
tt20251822
IMDB Rating
7
IMDB votes
655
ID Themoviedb.org
869886
TMDb Rating
7.136
TMDb votes
11