Exit print mode Print Data A+ A- Undo all

A Million Miles Away (2023)

It takes more than a dream to reach the stars.
A Million Miles Away (2023)A Million Miles Away (2023)

Synopsis:

 

ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။

အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သော

ဇွဲနဲ့ကြိုးစားမှဖြစ်နိုင်မှာပါ။

အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကို

A Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကို

ကြည့်ရမှာပါ။

 

ဟိုဆေးဟာနန်ဒက်ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့မိသားစုနဲ့အတူ

ပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ရဖို့အတွက် မက္ကဆီကိုကနေကယ်လီဖိုးနီးယားကို

ပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့လိုတိုင်းတစ်ပါးကပြောင်းရွှေ့လာကြ

သူတွေဖြစ်တဲ့ ယောက်ျားမိန်းမ လူကြီးလူငယ်ကလေး ဘယ်သူမဆို လယ်အလုပ်ကိုပဲ

လုပ်ကိုင်ကြရပါတယ်။ဒါပေမယ့် ဟိုဆေးကအရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်တဲ့အတွက်

ကျောင်းတစ်ဖက်နဲ့ လယ်အလုပ်တစ်ဖက်ဆိုရင် ပညာရေးကိုထိခိုက်စေမှာ ဖြစ်ကြောင်း

ဆရာမကပြောတဲ့အခါ သူ့မိဘတွေကသူတို့ရဲ့ အိမ်ဆောက်ချင်တဲ့ အိပ်မက်လေးကို

စတေးပြီး ဟိုဆေးရဲ့ပညာရေးကိုအပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ဟိုဆေးမှာ

ငယ်ငယ်လေးကတည်းက ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခုရှိပြီး အဲ့ဒါကတော့ အာကာသယာဉ်မှူး

ဖြစ်ပြီး အာကာသထဲကိုသွားချင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟိုဆေးအရွယ်ရောက်တဲ့အခါမှာ

အင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တွေကျပြီးသားသမီးတွေနဲ့ မိသားစုဘဝလေးကို

ပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အိပ်မက်ဖြစ်တဲ့အာကာသယာဉ်မှူးဖြစ်ဖို့ကလည်း အခုထက်ထိ

မပျောက်ကွယ်သွားပဲနဲ့ နှစ်စဉ်လျှောက်လွှာတင်နေခဲ့ပါတယ်။ ဒါပေမယ့် NASA ဆိုတာ

ဝင်ရောက်ဖို့ အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နှစ်စဉ်ပယ်ချခံနေခဲ့ရပြီး

ဟိုဆေးတစ်ယောက် မိသားစုကိစ္စတွေ အခက်အခဲတွေကြားက ဘယ်လိုစတေးမှုတွေလုပ်ရင်း

သူ့ရဲ့အိပ်မက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။

 

File size…2.38 GB / 1.03 GB
Quality…AMZN.WEB-DL 1080p 5.1 CH/ 720p
Format…mp4
Duration….2h 1m
Genre ….. Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
40.338
Status
Released
ID IMDb.com
tt21940010
IMDB Rating
7.6
IMDB votes
1.7K
ID Themoviedb.org
1002185
TMDb Rating
7.7
TMDb votes
41