Channel Myanmar

A Perfect Pairing (2022)

ComedyRomance

IMDB: /10 votes

76648

Report error

2022 ထဲကမှထွက်ထားတဲ့ A Perfect Pairing ဆိုတဲ့ Netflix ရုပ်ရှင်လေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ rom-com အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ကျွန်တော်အခုတလောကြည့်ဖြစ်သမျှထဲ အကြိုက်တွေ့မိတဲ့ဇာတ်ကားလေးပါပဲ။ ပုံမှန် Netflix movie တော်တော်များများလို ဆယ်ကျော်သက်အချစ်ကို ပုံဖော်ရိုက်ကူးထားတာမဟုတ်ဘဲ ဘဝကအချစ်ထက်အရေးကြီးလာတဲ့ သက်လတ်ပိုင်းအရွယ်ဇာတ်ကောင်နှစ်ယောက်ကြားက ပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာကို ဘဝအကြောင်းများများ၊ အချစ်အကြောင်းနည်းနည်းနဲ့ ပုံဖော်ထားပါတယ်။ သက်လတ်ပိုင်းဆိုပေမဲ့ မင်းသားရော မင်းသမီးရောက တကယ့် visual တွေချည်းမို့ ကိုကြီး enjoyer ၊ မမ enjoyer လေးတို့ ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့လိုလာက ဝိုင်တင်သွင်းဖြန့်ချိရေးကုမ္ပဏီတစ်ခုရဲ့ လက်ကားအရောင်းမြှင့်တင်ရေးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အရည်အချင်းမရှိတဲ့ အထက်လူကြီးရဲ့အပေါက်တွေကို တစ်သက်လုံးလိုက်ဖာနေခဲ့ရပေမဲ့လည်း ဝါသနာနဲ့အလုပ် တစ်ထပ်တည်းကျတယ်ဆိုတဲ့အချက်တစ်ခုတည်းနဲ့ တစ်သက်လုံး‌ဖြေတွေးသည်းခံလာခဲ့တဲ့ ထက်မြက်တဲ့ဝီးမန်း တစ်ခုလပ်အမျိုးသမီးတစ်ယောက်ပါ။ ပထမအိမ်ထောင်ကြောင့်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်လည်း “ဘဝဆက်တိုင်းမှာ အချစ်ရဲ့အဝေးမှာနေမယ်” လုပ်နေသူပေါ့။ ဒါပေမဲ့လည်း အခင်ရဆုံးလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းရဲ့ နောက်ကျောကထိုးတဲ့ဓားကြောင့် စုထားတဲ့ဒေါသတွေ ပေါက်ကွဲထွက်သွားတဲ့လိုလာဟာ အလုပ်ကထွက်လာခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု စလုပ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလိုနဲ့ ဩစတေးလျကဝိုင်လုပ်ငန်းရှင် ဟေဇယ်ဘွန်းဆီက ဝိုင်တင်သွင်းခွင့်ရရှိဖို့ ဩစတေးလျကိုရောက်လာခဲ့တဲ့လိုလာဟာ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကြောင့် မွေးမြူရေးခြံရဲ့ အောက်ခြေသိမ်းအလုပ်သမလေးဘဝရောက်သွားရပြီး အလုပ်သမားခေါင်းမက်စ်နဲ့လိုလာ့ကြားမှာ သံယောဇဉ်တွေပေါက်ဖွားလာပါတော့တယ်။ ဒီဇာတ်ကားက အစမှာရှုပ်ရှုပ်ယှက်ယှက် ကုမ္ပဏီ‌လုပ်ငန်းတွေဘာတွေနဲ့ စတင်ထားပေမဲ့လည်း ဇာတ်လမ်းကျောရိုးတစ်ခုလုံးက မွေးမြူရေးခြံမှာပဲအခြေတည်ထားတာမို့ country life ကိုသဘောကျသူတွေနဲ့ မျက်စိပသာဒဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ကားပါ။ Hannah Montana ရဲ့နောက်မှာ ဒီလို setting မျိုးနဲ့ဇာတ်ကားကောင်းတွေ သိပ်မထွက်တော့ဘဲ ဇာတ်ကားအများစုက မြို့ပြလူနေမှုဘဝမှာပဲ ဇာတ်အိမ်တည်ထားတာမို့ အပြောင်းအလဲလေးတစ်ခုတော့ ဖြစ်စေမှာပါ။ မြို့ကြီးသူလိုလာရဲ့ ကျေးလက်လူနေမှုဘဝမှာကြုံရမဲ့အလွဲတွေကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားကြည့်ပါဦးခင်ဗျာ။

File size…(1.5 GB)/(500 MB)/(780 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:43:00
Genre…Comedy, Romance
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Mariposa



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

A Perfect Pairing (2022)
A Perfect Pairing (2022)
A Perfect Pairing (2022)
A Perfect Pairing (2022)
A Perfect Pairing (2022)


No downloads available

Genres



Related movies