Exit print mode Print Data A+ A- Undo all

A Street Cat Named Bob (2016)

A Street Cat Named Bob (2016)

Synopsis:

(ေအာက္ပါ ပံုသည္ ပိုင္ရွင္ျဖစ္သူ ဂ်ိန္း ႏွင့္ သူ၏ ေၾကာင္ ေဘာ့ တို႔ ၏ မူရင္းပံုျဖစ္သည္)

(အောက်ပါ ပုံသည် ပိုင်ရှင်ဖြစ်သူ ဂျိန်း နှင့် သူ၏ ကြောင် ဘော့ တို့ ၏ မူရင်းပုံဖြစ်သည်)

ဒီရုပ္ရွင္ကားဟာ ျဖစ္ရပ္မွန္ျဖစ္ေၾကာင္း ပထမဆံုးအေနနဲ႔ ေျပာပါရေစ ၿပီးေတာ့

ဒီဇတ္လမ္းကို ရိုက္ဖို႔ သရုပ္ေဆာင္တဲ့ ေၾကာင္ေလး ကလဲ ဇတ္လမ္းျဖစ္တည္ခဲ့တဲ့ ေၾကာင္ေလး Bob ကိုယ္တုိင္ပါပဲ

ေၾကာင္ေလး Bob ဟာ က်ေနာ္ ျမင္ဖူးသမွ် ေၾကာင္ေတြထဲမွာ အလိမၼာဆံုး ေၾကာင္ေလး တစ္ေကာင္ျဖစ္ၿပီး

အံ့ေအာထူးဆန္းဖြယ္ အျပည့္နဲ႔ပါပဲ…

တိရိစၦာန္ ဇတ္လမ္းေတြမွာ ေခြးေတြကို သင္ေပးရတာ လြယ္ၿပီး ေၾကာင္ေတြကို လိုရာအတိုင္းခိုင္းႏုိင္ဖို႔ အေတာ္ခက္ခဲပါတယ္

ေၾကာင္ေလး Bob အေနနဲ႔ ပီပီျပင္ျပင္ အားလံုးကို သရုပ္ေဆာင္သြားႏုိင္ပါတယ္…

(Nine Live 2015 လို ကားမ်ိဳးလဲ ရွိေသးလို႔ ရွာေဖြ ၾကည့္ရႈပါရန္)

ဇတ္လမ္းပံုစံကေတာ့ ေဆးစြဲၿပီး လမ္းစ ေပ်ာက္ေနတဲ့ ဂ်ိန္း ဟာ ငယ္ရြယ္ေပမယ့္

သူ႔ ဘ၀ က မူးယစ္သားေကာင္ျဖစ္ေနၿပီး မူးယစ္ေဆးမွာ နစ္မြန္းေနပါတယ္

ဒါကို ကယ္တင္ဖို႔ မူးယစ္ေဆး ျဖတ္ဖို႔ ကူညီေပးတဲ့ ဌာန မွ ဗယ္လ္ က ဂ်ိန္း ကို ျပန္လည္ထူေထာင္ဖို႔ ႀကိဳးစားခဲ့ပါတယ္…

ဂ်ိန္း သည္ အလြန္းဆိုး၀ါး လြန္းတဲ့ အတြက္ ဖခင္ ျဖစ္သူ ကိုယ္တုိင္ အဖက္မလုပ္ေတာ့ပဲ အိမ္မွ ႏွင္ခ်ထားတာျဖစ္ၿပီး

၀မ္းေရးအတြက္ လမ္းေဘးတြင္ ဂစ္တာတီး သီခ်င္းဆိုရင္း အလွဴခံေနရသူ ျဖစ္ပါတယ္…

ညအိပ္စရာဆိုလဲ ေတြ႔ရာေနရာအိပ္ အလွဴခံမရတဲ့ေန႔ေတြဆိုရင္ အမိႈက္ပံုးမ်ားမွ အစားကၽြင္းက်န္မ်ားရွာေဖြစားေသာက္ရသည္ အထိ

ဘ၀ က ဆိုး၀ါးလြန္းပါတယ္….

တစ္ရက္မွာေတာ့ ဂ်ိန္း ေဆးျဖတ္ဖို႔ အတြက္ ဗယ္လ္ မွ အခန္းေသးေသးေလး တစ္ခု လူမႈ ကယ္ဆယ္ေရးအဖြဲ႔မွ

ေတာင္းဆိုေပးခဲ့ၿပီး တည္တည္ၿငိမ္ၿငိမ္ ေနထုိင္ ေဆးျဖတ္ႏုိင္ရန္ ေဆာင္ရြတ္ေပးခဲ့ပါတယ္…

တစ္ေန႔မွာေတာ့ သူ႕ အိမ္ထဲ ေနာက္ေဖး မီးဖိုေခ်ာင္မွ တဆင့္ မဖိတ္ေခၚပဲ ၀င္ေရာက္လာတဲ့ ဧည့္သယ္ေလး

တစ္ေယာက္ ေရာက္ရွိလာပါေတာ့တယ္ သူကေတာ့ ေၾကာင္၀ါေလး Bob ပဲ ျဖစ္ပါတယ္…

Bob ေရာက္လာကတည္းက ဂ်ိန္း ဟာ မူးယစ္ေဆး၀ါး ဘက္ကို စိတ္မ၀င္စား သူ႔အခ်ိန္အားလံုးကို Bob အတြက္

ျမဳတ္ႏွံထားလုိက္ပါေတာ့တယ္…..  က်ေနာ္တို႔ ေၾကာင္ေလးေတြကို ခ်စ္တာထက္ သူပိုခ်စ္ႏုိင္ခဲ့ပါတယ္…

ဒါေပမယ့္ ကံၾကမၼာရဲ႕ အလွည့္အေျပာင္းေတြက ဂ်ိန္း နဲ႔ Bob တို႔ ၂ ဦးကို ဘယ္လို ဒုကၡေတြ ေ၀ဒနာေတြ ေပးမလဲ

ေပ်ာ္ရႊင္ေစရမလဲ ဆိုတာေတာ့ အညႊန္းေလးကို ဖတ္တာရပ္ၿပီး ၾကည့္ရႈလုိက္ၾကပါစို႔…..

ဒီရုပ္ရွင္ကားကို ဘာသာျပန္ေပးထားသူကေတာ့ Tariq L Walker ျဖစ္ၿပီး အညႊန္းကိုေတာ့ က်ေနာ္ Thit San Khant မွ

ေရးေပးထားပါတယ္…

 

UNICODE

ဒီရုပ်ရှင်ကားဟာ ဖြစ်ရပ်မှန်ဖြစ်ကြောင်း ပထမဆုံးအနေနဲ့ ပြောပါရစေ ပြီးတော့

ဒီဇတ်လမ်းကို ရိုက်ဖို့ သရုပ်ဆောင်တဲ့ ကြောင်လေး ကလဲ ဇတ်လမ်းဖြစ်တည်ခဲ့တဲ့ ကြောင်လေး Bob ကိုယ်တိုင်ပါပဲ

ကြောင်လေး Bob ဟာ ကျနော် မြင်ဖူးသမျှ ကြောင်တွေထဲမှာ အလိမ္မာဆုံး ကြောင်လေး တစ်ကောင်ဖြစ်ပြီး

အံ့အောထူးဆန်းဖွယ် အပြည့်နဲ့ပါပဲ…

တိရိစ္ဆာန် ဇတ်လမ်းတွေမှာ ခွေးတွေကို သင်ပေးရတာ လွယ်ပြီး ကြောင်တွေကို လိုရာအတိုင်းခိုင်းနိုင်ဖို့ အတော်ခက်ခဲပါတယ်

ကြောင်လေး Bob အနေနဲ့ ပီပီပြင်ပြင် အားလုံးကို သရုပ်ဆောင်သွားနိုင်ပါတယ်…

(Nine Live 2015 လို ကားမျိုးလဲ ရှိသေးလို့ ရှာဖွေ ကြည့်ရှုပါရန်)

ဇတ်လမ်းပုံစံကတော့ ဆေးစွဲပြီး လမ်းစ ပျောက်နေတဲ့ ဂျိန်း ဟာ ငယ်ရွယ်ပေမယ့်

သူ့ ဘ၀ က မူးယစ်သားကောင်ဖြစ်နေပြီး မူးယစ်ဆေးမှာ နစ်မွန်းနေပါတယ်

ဒါကို ကယ်တင်ဖို့ မူးယစ်ဆေး ဖြတ်ဖို့ ကူညီပေးတဲ့ ဌာန မှ ဗယ်လ် က ဂျိန်း ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်…

ဂျိန်း သည် အလွန်းဆိုးဝါး လွန်းတဲ့ အတွက် ဖခင် ဖြစ်သူ ကိုယ်တိုင် အဖက်မလုပ်တော့ပဲ အိမ်မှ နှင်ချထားတာဖြစ်ပြီး

ဝမ်းရေးအတွက် လမ်းဘေးတွင် ဂစ်တာတီး သီချင်းဆိုရင်း အလှူခံနေရသူ ဖြစ်ပါတယ်…

ညအိပ်စရာဆိုလဲ တွေ့ရာနေရာအိပ် အလှူခံမရတဲ့နေ့တွေဆိုရင် အမှိုက်ပုံးများမှ အစားကျွင်းကျန်များရှာဖွေစားသောက်ရသည် အထိ

ဘ၀ က ဆိုးဝါးလွန်းပါတယ်….

တစ်ရက်မှာတော့ ဂျိန်း ဆေးဖြတ်ဖို့ အတွက် ဗယ်လ် မှ အခန်းသေးသေးလေး တစ်ခု လူမှု ကယ်ဆယ်ရေးအဖွဲ့မှ

တောင်းဆိုပေးခဲ့ပြီး တည်တည်ငြိမ်ငြိမ် နေထိုင် ဆေးဖြတ်နိုင်ရန် ဆောင်ရွတ်ပေးခဲ့ပါတယ်…

တစ်နေ့မှာတော့ သူ့ အိမ်ထဲ နောက်ဖေး မီးဖိုချောင်မှ တဆင့် မဖိတ်ခေါ်ပဲ ဝင်ရောက်လာတဲ့ ဧည့်သယ်လေး

တစ်ယောက် ရောက်ရှိလာပါတော့တယ် သူကတော့ ကြောင်ဝါလေး Bob ပဲ ဖြစ်ပါတယ်…

Bob ရောက်လာကတည်းက ဂျိန်း ဟာ မူးယစ်ဆေးဝါး ဘက်ကို စိတ်မဝင်စား သူ့အချိန်အားလုံးကို Bob အတွက်

မြုတ်နှံထားလိုက်ပါတော့တယ်…..  ကျနော်တို့ ကြောင်လေးတွေကို ချစ်တာထက် သူပိုချစ်နိုင်ခဲ့ပါတယ်…

ဒါပေမယ့် ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေက ဂျိန်း နဲ့ Bob တို့ ၂ ဦးကို ဘယ်လို ဒုက္ခတွေ ဝေဒနာတွေ ပေးမလဲ

ပျော်ရွှင်စေရမလဲ ဆိုတာတော့ အညွှန်းလေးကို ဖတ်တာရပ်ပြီး ကြည့်ရှုလိုက်ကြပါစို့…..

ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီး အညွှန်းကိုတော့ ကျနော် Thit San Khant မှ

ရေးပေးထားပါတယ်…



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
A Street Cat Named Bob
Director
Roger Spottiswoode
Stars
Bob the Cat, Joanne Froggatt, Luke Treadaway, Ruta Gedmintas
Release Date
18 Nov 2016
Rated
UNRATED
Runtime
103 min
Awards
N/A
Country
UK
ID IMDb.com
tt3606888
IMDB Rating
7.3
IMDB votes
1,510