Exit print mode Print Data A+ A- Undo all

A Taste of Hunger (2021)

A Taste of Hunger (2021)A Taste of Hunger (2021)

Synopsis:

 

လူရယ်ဆိုပြီး ဖြစ်လာကတည်းက ဘ၀ကိုရုန်းကန်လှုပ်ရှားမှုတွေနဲ့

ဖြတ်သန်းရမှာဧကန်မုချပါပဲ။ငယ်ရွယ်စဉ်မှာ ကျောင်းတက်ဖို့စာကျက်ဖို့

ရုန်းကန်ရသလို အသက်ကြီးလာလို့လုပ်ငန်းခွင်ဝင်ရတဲ့အချိန်မှာလည်း

ကိုယ့်ဝမ်းရေးတစ်ထွာကို ဖြည့်ဖို့အတွက်ရုန်းကန်ရပါတယ်။သားသမီးတွေ

မိသားစုတွေနဲ့ဖြစ်လာတဲ့အခါမှာလည်း တစ်ကိုယ်တည်းသမားဘ၀ထက်

နှစ်ဆသုံးဆပိုမို ရုန်းကန်ကြရပါတယ်။ဒီလိုရုန်းကန်ရင်းနဲ့မှဘ၀မှာ အရေးကြီးတဲ့

အရာတွေကိုတော့ မမေ့သွားဖို့လိုအပ်ပါမယ်။အရေးအကြီးဆုံးကတော့ ကိုယ့်ကို

ချစ်တဲ့ ကိုယ့်မိသားစုကိုမမေ့သွားဖို့ပါပဲ။

အခုတင်ဆက်ပေးမဲ့ IMDb Rating 6.3 ရရှိထားတဲ့ A Taste Of Hunger ဆိုတဲ့

ဇာတ်ကားထဲမှာလည်း အထက်ပါပြောသွားတဲ့အကြောင်းအရာတွေကို

ပညာပေး အဖြစ်ကွက်ကွက်ကွင်းကွင်းမြင်အောင်တင်ဆက်ရိုက်ကူး ပေးထား

တာပဲဖြစ်ပါတယ်။ကာစတန်ဆိုတဲ့ လူတစ်ယောက်ကအချက်အပြုတ်ကို

အရမ်းဝါသနာပါပြီး သူ့အစ်ကိုရဲ့ ဆိုင်မှာ အလုပ်လုပ်နေရတဲ့သူတစ်ယောက်ပါ။

တစ်နေ့မှာတော့ ပွဲတစ်ပွဲမှာတည်ခင်းဧည့်ခံရင်းနဲ့ အလွဲလွဲအချော်ချော်တွေ

ဖြစ်ကုန်ပြီး စိတ်ဓာတ်အရမ်းကျနေတဲ့အချိန်မှာ မက်ဂီဆိုတဲ့ကောင်မလေး

တစ်ယောက်က သူရှိရာမီးဖိုချောင်ကိုဆင်းလာခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့တွေ

စကားပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးပေးတဲ့ Motivation နဲ့

တစ်ချိန်ချိန်မှာ စားသောက်ဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ပြီး စားသောက်ဆိုင်တွေ

ကြားမှာ အရမ်းအရေးကြီးတဲ့ Rating စနစ်တစ်ခုဖြစ်တဲ့ မစ်ချယ်လင်ကြယ်ပွင့်

တစ်ပွင့်ရအောင်ကြိုးစားဖို့ ခြေလှမ်းစခဲ့ပါတော့တယ်။တစ်ယောက်တည်း

ကြိုးစားဖို့မလွယ်ကူတဲ့ ဒီခရီးရှည်ကြီးမှာဘ၀လက်တွဲဖော်အဖြစ်မက်ဂီ့ကို

ရွေးချယ်ခဲ့ပြီး သူလိုချင်တဲ့မစ်ချယ်လင်ကြယ်တစ်ပွင့်ရဖို့ခရီးကို လျှောက်လှမ်း

နေရင်းအရေးကြီးဆုံးမိသားစုကို မေ့လျော့သွားတဲ့အခါမှာတော့ ဘယ်လို

စိတ်ဝင်စားစရာတွေဆက်ဖြစ်မယ်ဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့

ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်….

 

File size…1.50 GB / 696MB
Quality…Blu-Ray 1080p 5.1 CH/ 720p
Format…mp4
Duration….1h 44m
Genre ….. Drama , Romance
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
9.222
Status
Released
ID IMDb.com
tt11188560
IMDB Rating
6.3
IMDB votes
1.8K
ID Themoviedb.org
766105
TMDb Rating
6.1
TMDb votes
41