Exit print mode Print Data A+ A- Undo all

A Town Called Panic (2009)

They came… They saw… They panicked…
A Town Called Panic (2009)A Town Called Panic (2009)

Synopsis:

ဒီ​ကား​လေးကတော့ ၂၀၀၉ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ပြင်​သစ်​စကားပြော​ stop motion animated ဇာတ်​ကားလေးဖြစ်ပါတယ်။ သမားရိုးကျ​ animation ကားမဟုတ်ဘဲ ပလတ်စတစ်အရုပ်တွေကိုအသုံးပြုထားတဲ့အပြင်ဇာတ်လမ်း​တည်ဆောက်​ရာမှာလည်း ပုံမှန်​မဟုတ်​တဲ့ non sensical​ storyline ဇာတ်အိမ်ပုံစံမျိုးဖြစ်ပြီး Physical Comedy​ လို့​ခေါ်​တဲ့ လှုပ်ရှား​မှုများများသုံးပြီး ဟာသကိုသရုပ်ဖော်ထားပါတယ်။

ဇာတ်လမ်း​အကျဥ်းကတော့

အင်ဒီးယန်း၊ ကောင်း​ဘွိုင်​နဲ့ မောင်​မြင်း​ဆိုတဲ့​ ပလတ်စတစ်​ရုပ်​ကလေးသုံးရုပ်က ကျေး​လက်​ဒေသ​က ရွာလေးတစ်ရွာမှာ အတူနေကြပါတယ်။ တစ်နေ့ မောင်​မြင်း​ရဲ့မွေးနေ့မှာ အင်​ဒီးယန်းနဲ့ ကောင်း​ဘွိုင်​တို့က မွေးနေ့​လက်​ဆောင်​မဝယ်ရသေးမှန်းသတိရပြီး အများ​နဲ့မတူတဲ့ လက်ဆောင်​တစ်ခုပေးဖို့ ရေးကြီး​သုတ်ပျာပြင်ဆင်ကြပါတယ်။ လက်ဆောင်​အဖြစ်​ ဘာဘီကျူးလုပ်တဲ့ အကင်ဖိုတစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်​လိုက်ပြီး လိုတဲ့​အုပ်ချပ်ရေ ၅၀ ကို အွန်လိုင်း​ကနေမှာယူလိုက်ပါတယ်။ ဒါပေမဲ့​ အမှားအယွင်းဖြစ်ပြီး အုတ်​ချပ်​၅၀ အစား သန်း၅၀ ရောက်​လာရာက အစပြု​ပြီး ပြဿနာ​တွေတစ်ခုပြီးတစ်ခုတက်ကာ သူငယ်ချင်း​သုံးယောက်​ တလွဲတွေဖြစ်ကြုံရတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်း​အမျိုး​အစားက Adventure/Comedy အပြင်​ Farce လို့ခေါ်​တဲ့ ဗရုတ်သုတ်ခ​ဟာသပြဇာတ်ပုံစံကိုမှ ယုတ္တိ​နည်း​မကျတဲ့ Non sensical​ ဟာသတွေကို အသုံးပြု​ထားတာကြောင့် ပုံမှန်​နဲ့မတူဘဲ ကွဲထွက်နေပါတယ်။ ဥပမာ​ မြင်း​အိမ်​နဲ့နေပြီး လူလိုရေချိုးတဲ့အခန်းမျိုးကို ယုတ္တိ​မရှိပေမဲ့​ ကြည့်လို့ကောင်းအောင် ပုံဖော်​ထားတာမျိုး၊ ခေါင်း​ပြောင်​သိပ္ပံပညာ​ရှင်​နှစ်ယောက်က ဧရာ​မပင်ဂွင်းရုပ်ကြီးဆောက်ပြီး ဧရာမ​နှင်း​လုံး​ကြီးတွေနဲ့ မဆီမဆိုင်​ ပလိန်းကြီးလိုက်ပစ်နေတာမျိုးတွေပါ။ ဒါကြောင့်​ သမားရိုးကျ Animated ရုပ်ရှင်​တွေလို ယုတ္တိ​မတန်​ဘူးလို့ မြင်​ကောင်း​မြင်​ပါလိမ့်မယ်။ ဇာတ်​အိမ်​ကရိုးရှင်းပေမဲ့ ဇာတ်​လမ်း​ကို အသေး​စိတ်​ပြင်​ဆင်တည်ဆောက်ထားလို့ ဇာတ်​အိမ်​က ပေါ့​ပါးပြီးပြေပြစ်ပါတယ်။

ခြုံ​ပြောရရင်​ stop motion ဖြစ်​တဲ့အပြင် ပလတ်စတစ်​အရုပ်​အစစ်တွေကို ပုံဖော်​ရိုက်​ကူးထားတာဖြစ်လို့ ကလေး​ကိုမှ ငယ်​ငယ်​လေးတွေ​ပဲ ကြည့်ဖို့ရိုက်ကူးထားတယ်လို့ ထင်နိုင်စရာရှိပေမဲ့ ပရိတ်သတ်​အရွယ်​အား​လုံး​ကြည့်ရှုနိုင်ပါတယ်။ ပရိသတ်​အားလုံးအတွက်တော့ မဟုတ်​ပေမဲ့ stop motion ရုပ်​ရှင်တွေကို ကြိုက်နှစ်သက်ရင်တော့ မဖြစ်​မနေကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်း​ကလည်း တစ်​နာရီ​စွန်း​စွန်း​စာပဲရှိတာကြောင့် ဥရောပ​ Animated​ ဇာတ်ကား​တွေကို​မြည်းစမ်း​လိုသူ​များလည်း​ ကြည့်ရှုသင့်တဲ့ဇာတ်ကားမျိုးပါ။

 

File size…(994 Mb)/(497 Mb)
Quality….Blu-Ray 1080p / 720p
Format…mp4
Duration….01:15:00
Genre…Animation, Adventure, Comedy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
7.521
Status
Released
ID IMDb.com
tt1433540
IMDB Rating
7.4
ID Themoviedb.org
40623
TMDb Rating
7.551
TMDb votes
175