Exit print mode Print Data A+ A- Undo all

ABCD 2: Any Body Can Dance 2 (2015)

ABCD 2: Any Body Can Dance 2 (2015)ABCD 2: Any Body Can Dance 2 (2015)

Synopsis:

ABCD 2 (2015)
“လက်စ်ဗီးဂတ်စ် အိပ်မက်ကမ္ဘာ ဆီသို့”

ဒစ်စနေးက ထုတ်လုပ်တဲ့ ဟင်ဒီ drama ရုပ်ရှင် ဖြစ်ပြီး 2013 တုန်းက ထွက်ရှိခဲ့တဲ့ ABCD ရဲ့ နောက်ဆက်ကားဖြစ်ပါတယ်
ရုံတင်ငွေ ရူပီး 1.6 ဘီလျံပြန်ရခဲ့တဲ့ ကားပါ
ABCD (2013) က မင်းသား Prabhu Deva က ဗစ်ရှနူ အဖြစ် ပြန်လည်ပါဝင်ထားပါတယ်
အရင်ကားကိုလည်း တင်ပေးထားပါတယ် ဒါပေမယ့်
ဒီကားက သီးခြားဇာတ်လမ်းဖြစ်တာမို့ အရင်ကားမကြည့်ထားလည်း ကြည့်လို့ရပါတယ်

ဇာတ်လမ်းအကျဥ်းကတော့ စားပွဲထိုး ဆူရက်ရှ်ဆိုတဲ့ ကောင်လေးက သေသွားတဲ့ သူ့အမေရဲ့ ဆန္ဒအတိုင်း နာမည်ကြီး dancer တစ်ယောက်အဖြစ် အိပ်မက်မက်သူပါ
သူငယ်ချင်းဖြစ်သူ ပီဇာပို့တဲ့ ဗာနွန်နဲ့ ဆံပင်ညှပ်တဲ့ ဗင်နီတို့နဲ့ပေါင်းပြီး “Mumbai Stunners” ဆိုတဲ့ အကအဖွဲ့နဲ့ အိန္ဒိယ ဒိတ်ဒိတ်ကြဲအကပြိုင်ပွဲမှာ ယှဥ်ပြိုင်ကြပါတယ်

အိန္ဒိယပရိသတ်ကြိုက်အဖွဲ့ဖြစ်နေပြီး တခဲနက် အားပေးမှုကို ရပေမယ့်လည်း ဒိုင်လူကြီးက “ဖိလစ်ပိုင်စတားများ” ဆိုတဲ့ အဖွဲ့ကို ကူးချတယ်ဆိုပြီး
ထောက်ပြလိုက်ချိန်မှာတော့ အရှက်တကွဲအကျိုးနည်းဖြစ်သွားပါတော့တယ်
နောက်ဆက်တွဲအနေနဲ့ အလုပ်နဲ့ ပတ်ဝန်းကျင်မှာပါ ရှုံ့ချလှောင်ပြောင်ခံရတဲ့ သူတို့တွေ နောက်တစ်ကြိမ် ကြိုးစားဖို့ ကြံပါတော့တယ်
ဒီတစ်ခါကတော့ အမေရိကန်နိုင်ငံ Las Vegas က နိုင်ငံတကာ ဟစ်ဟော့ပြိုင်ပွဲကို သွားရောက်ယှဥ်ပြိုင်ဖို့ဖြစ်ပြီး အရက်သမားဖြစ်နေတဲ့
ပထမကားက ပြန်ပါတဲ့ အကဆရာကြီး ဗစ်ရှနူကို အပူကပ်ပါတော့တယ်

သူတို့တွေရဲ့ အိပ်မက်မြို့ Las Vegas ကို အရောက်သွားနိုင်မလား ဇာတ်လိုက်ကျော် ဗစ်ရှနူနဲ့ ဘယ်လို ညှိကျမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး
Production design နဲ့ Choreography အသားပေး ဇာတ်ကားဖြစ်လို့ ကြည့်ပျော်မှာပါ

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က Thaik San ~ Aditi ~ KKKZ ~ Dee ~ Cherry တို့ပဲ ဖြစ်ပါတယ်

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

File size…5GB / 2GB 
Quality…1080p BluRay  /720p
Format…mp4
Duration….2h 34m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Thaik San ~ Aditi ~ KKKZ ~ Dee ~ Cherry



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Any Body Can Dance 2
Director
Remo D'Souza
Stars
Dharmesh Yelande, Kapil Sharma, Lauren Gottlieb, Pooja Batra, Prabhu Deva, Punit Pathak, Raghav Juyal, Shraddha Kapoor, Tisca Chopra, Varun Dhawan
Release Date
19 June 2015 (USA)
Runtime
2h 34min
Awards
5 wins & 2 nominations
Country
India
Revenue
USD $892 000,00
Popularity
4.911
Status
Released
ID IMDb.com
tt3679000
IMDB Rating
5.4
IMDB votes
5,079
ID Themoviedb.org
336790
TMDb Rating
5.6
TMDb votes
46