Exit print mode Print Data A+ A- Undo all

Adam Resurrected (2008)

Adam Resurrected (2008)Adam Resurrected (2008)

Synopsis:

Adam Resurrected (2008)

===================

IMDb Rating – 6.1/10

ဒုတိယကမ္ဘာစစ်အတွင်း နာဇီစစ်သုံ့ပန်းစခန်း​တွေနဲ့ နာဇီ​တွေရဲ့
စစ်သုံ့ပန်း​တွေအ​ပေါ်ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့စမ်းသပ်မှု​တွေ၊
ဖိနှိပ်ဆက်ဆံမှု​တွေဟာ အ​တော်​​လေး အရုပ်ဆိုးအကျည်းတန်
ခဲ့သလို နာမည်ဆိုးလည်း တွင်ခဲ့ပါတယ်၊ သူတို့ဒဏ်ကို များစွာ
ခံစားခဲ့ရတာက​တော့ ဂျူးလူမျိုး​တွေပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားက​တော့ နာဇီစစ်စခန်း​တွေက​နေ အသက်ရှင်လျက်
လွတ်​မြောက်လာသူ​တွေနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာ​တွေအ​ကြောင်း
အဒမ်စတိုင်းဆိုတဲ့ ဂျူးလူမျိုးတစ်​ယောက်နေရာက​နေ ရိုက်ကူး
ပြမှာဖြစ်ပါတယ်၊ Main Cast၂​ယောက်က​တော့ old school
မင်းသားကြီး​တွေဖြစ်တဲ့ Jeff Goldblum နဲ့ William Dafoe
တို့ပဲဖြစ်ပါတယ်။

အဒမ်စတိုင်းဟာ စစ်ကြီးမတိုင်ခင်က ဆပ်ကပ်တစ်ခုပိုင်သလို
ဂျာမနီရဲ့လူသိအများဆုံး လူပြက်clownတစ်​ယောက်ဆိုလည်း
မမှားပါဘူး၊ ဒါ​ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး နာဇီ​အင်အားစုကြီး
တန်ခိုးထွားလာချိန်မှာ​တော့ ဂျူးလူမျိုးဖြစ်​နေတဲ့ အဒမ်လည်း
နာဇီ​တွေလက်က​နေ မလွတ်နိုင်ခဲ့ပါဘူး၊ သူ့ကို ဖမ်းဆီးသွားသူ
က​တော့ ကွန်မန်ဒါကလိုင်းဆိုတဲ့ ဂျာမန်ဗိုလ်ချုပ်တစ်ဦးပါ။

ကွန်မန်ဒါကလိုင်းက သူ့ကို တခြားဂျူး​တွေလို နှိပ်စက်စမ်းသပ်
တာမျိုးမလုပ်ဘဲ တစ်မူထူးတဲ့အရာတစ်ခုကို လုပ်ခိုင်းခဲ့ပါတယ်၊
အဲဒါက​တော့ သူ့ရဲ့လက်စွဲ​တော်​ခွေးရက်ဇ်အတိုင်း ​ခွေးလို​နေပြီး
​ခွေးလို ကျင့်ကြံခိုင်းတာပါ၊နှစ်​ပေါင်းများစွာ ​ခွေးတစ်​ကောင်လို
ပုံစံသွင်းခံလာရတဲ့ အဒမ်ဟာ စစ်ပြီး​​ခေတ်မှာ​တော့ အပြင်ပိုင်း
လူစိတ်ဆို​ပေမယ့် မသိစိတ်ထဲမှာ ​ခွေးဗီဇစွဲကပ်​နေခဲ့ပါပြီ။

အဆိုပါဗီဇကို စစ်ပြီး​ခေတ် နာဇီသုံ့ပန်းစခန်းရှင်ကျန်သူ​တွေကို
​ကုသ​ပေး​နေတဲ့ ဆိုက်ဇလင်း​ဆေးရုံက သိသွားပြီး အဒမ်စတိုင်း
ကို ​​ခေါ်ယူထားလိုက်ပါတယ်၊ ဒါ​ပေမဲ့ အဆိုပါ​ ဆေးရုံကလည်း
​​သွေးရိုးသားရိုးဟုတ်ဟန်မတူဘဲ စစ်သုံ့ပန်း​တွေကို အသုံးချပြီး
သု​တေသန​နဲ့ စမ်းသပ်မှု​တွေကို လျှို့ဝှက်လုပ်ကိုင်​​နေတာ ဖြစ်
နိုင်​ကြောင်း အဒမ်စတိုင်းတစ်​ယောက် ရိပ်မိသွားတဲ့အခါ သူနဲ့
ဘဝတူ survivors​တွေကို အဆိုပါ​ဆေးရုံက​​နေ ကယ်ထုတ်နိုင်
ပါ့မလား၊ သူ့ရဲ့မသိစိတ်ထဲက ​ခွေးဗီဇကို​ရော သူဘယ်လိုပုံစံနဲ့
ပြန်တိုက်ထုတ်မလဲ၊ နာဇီ​တွေသာမကပဲ တစ်ဘို့တည်းကြည့်တဲ့
လူတန်းစားတိုင်းဟာ ဘယ်​​လောက်ထိ ရက်စက်ယုတ်မာနိုင်လဲ
ဆိုတာကို ကြည့်ရှူရမှာပါ။

(ဒီဇာတ်လမ်းရဲ့အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ JimX, Chit Tee တို့ဖြစ်ပါတယ်။)

File Size – (1.7 GB) / (716 MB) / (479 MB)
Quality – Blu-Ray 1080p / 720p / 480P
Duration – 1Hr 46Mins (@Episode)
Subtitle – Myanmar Hardsub
Format – MP4
Genre : Drama, War
Translator – JimX, Chit Tee
Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Paul Schrader
Stars
Cristian Motiu, Jeff Goldblum, Willem Dafoe
Budget
USD $10 000 000,00
Popularity
9.433
Status
Released
ID IMDb.com
tt0479341
IMDB Rating
6.1
IMDB votes
4300
ID Themoviedb.org
18516
TMDb Rating
6.2
TMDb votes
73