Channel Myanmar

Adopt a Highway (2019)

Adopt a Highway    

Not Rated 78 min Drama

5.6
IMDB: 5.6/10 125 votes

, , , , , , , ,

N/A

USA

354453

Report error

အားလုံးနဲ့ရင်းနှီးနေလောက်မယ့် မင်းသားကြီး Ethan Hawkeရဲ့

Dramaကားသစ်တစ်ကားပါ။

အမေရိကားမှာ 1994ကပြဌာန်းလိုက်ပြီး

အဲ့အချိန်ကပြည်နယ်တစ်ချို့မှာ

လက်ခံကျင့်သုံးခဲ့တဲ့ ဥပဒေတစ်ခုရှိတယ်ပေါ့။

အဲ့တာကတော့ Three Strike Lawလို့ခေါ်ပါတယ်။

လူတစ်ယောက်က အဲ့ဥပဒေကိုကျင့်သုံးတဲ့ပြည်နယ်တစ်ခုမှာ

ပြစ်မှုနှစ်ကြိမ်ကျူးလွန်ပြီး

တတိယမြောက်ပြစ်မှုကိုကျူးလွန်လိုက်မယ်ဆိုရင်

အဲ့အမှုကဘယ်လောက်ပဲသေးငယ်ပါစေ

နှစ်ရှည်ထောင်ဒဏ်ကျခံရမှာပါ။

ဒီလိုနဲ့ဇာတ်ကားထဲကဇာတ်ကောင်က

မူးယစ်ဆေးလေးတစ်အောင်စ လက်ဝယ်တွေ့ရှိပြီး

ထောင်အနှစ်နှစ်ဆယ်ကျသွားပါတယ်။

ထောင်ထဲဝင်သွားတုန်းက လူငယ်တစ်ယောက်ပေါ့

ပြန်ထွက်လာတဲ့အချိန်မှာ သူသိပ်လိုက်မမှီနိုင်တော့ဘူး။

သူ့ကိုဖေးမပြီးတွယ်တာမယ့်သူလည်း တစ်ယောက်မှမရှိတော့ဘူး။

ဘဝမှာဘာလုပ်လို့လုပ်ရမှန်းမသိ၊

ဘာအတွက်ရှင်သန်နေမှန်းမသိတာကမှ

တကယ်လမ်းပျောက်တာဆိုတာကို ခံစားမိစေတယ်။

The Shawshank Redemptionထဲက

“Brooks was here”ဆိုတာလေးကိုတောင်သတိရသွားမိတယ်။

ဒီလိုနဲ့ တစ်ညမှာ သူအလုပ်လုပ်တဲ့ဆိုင်ရဲ့

နောက်ဖက် အမှိုက်ပုံးထဲမှာ စွန့်ပစ်ခံထားရတဲ့

ကလေးလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။

တွယ်တာစရာမရှိတဲ့လူတစ်ယောက်

စွန့်ပစ်ခံကလေးတစ်ယောက်ကိုတွေ့လိုက်တဲ့အချိန်မှာတော့……

ဇာတ်လမ်းကအရှိန်တက်နေရင်းနဲ့ ကြည့်ရှုသူတွေအတွက်

မျှော်လင့်ထားသလိုထိချက်ပြင်းပြင်းနဲ့

ဇာတ်သိမ်းတစ်ခုမဟုတ်ခဲ့လို့လားတော့မသိ

ratingတွေ အရမ်းကြီးမကောင်းခဲ့ပေမယ့်

တကယ်မြောပြီးခံစားနိုင်မယ့် ဒရမ်မာကားတစ်ကားပါ။

 

File Size : ( 762 MB , 248 MB)

Quality :  WEB-DL 720p

Running Time : 1 hr 18 min

Format : Mp4

Genre : Drama

Subtitle : Myanmar Subtitle (Hard Sub)

Translated by Moe Lay

Encoded by Moe Myint Lwin

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Adopt a Highway (2019)
Adopt a Highway (2019)


No downloads available

Genres



Related movies