Exit print mode Print Data A+ A- Undo all

Alita: Battle Angel (2019)

An angel falls. A warrior rises.
Alita: Battle Angel (2019)Alita: Battle Angel (2019)

Synopsis:

အနာဂတ်ကာလမှာပါ။ တစ်စစီဖြစ်နေတဲ့ စက်ရုပ်မလေးတစ်ယောက်ဟာCyber-doctor တစ်ယောက်ကယ်တင်ခဲ့လို့ ပြန်လည်နိုးထလာခဲ့တယ်။

သူ့ကိုယ်သူ ဘယ်သူမှန်းမျသိ၊ အပြင်လောကအကြောင်းလည်းဘာမှမသိတဲ့ Alita ဟာ တိုက်ရည်ခိုက်ရည်ကျွမ်းလှတဲ့အတွက် သူ့မိသားစုကို

ကာကွယ်ရင်းနဲ့မှ သူ့ရဲ့အတိတ်၊ သူနေထိုင်တဲ့မြို့နဲ့ သူ့ရဲ့ရည်မှန်းချက်တို့ကို ပြန်လည်သိရှိလာခဲ့ပါတယ်။

Review

နာမည်ကျော် Japan Anime series တို့ကို ရုပ်ရှပ်အဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။

Manga/anime adaptation တွေထဲမှာ ရှားရှားပါးပါး source material အရသာမပျောက်အောင် အကောင်းဆုံးဖန်တီးထားနိုင်တယ်လို့fan တွေကပြောပါတယ်။

Creator ကြီး Yukito Kishiro ကိုယ်တိုင်ကဒီကားကို ၅ ခေါက်တိတိကြည့်ပြီးပြီဖြစ်ပြီးသူ့အတွက်တော့ “Greatest movie in the world” ပါပဲလို့ပြောပါတယ်။

ကျွန်တော် anime/manga တစ်ခုမှမသိပါဘူး။ဆိုတော့ ရုပ်ရှင်တစ်ကားအနေနဲ့ပဲ မြင်သလောက် ပြောကြည့်ပါမယ်။

Avatar ဖန်တီးရှင်ကြီး James Cameron ကိုယ်တိုင်producer အဖြစ်ပါဝင်ပြီး Robert Rodriguez ရိုက်ကူးထားတဲ့

Alita: Battle Angel ရုပ်ရှင်ဟာ တကယ့် visual spectacle ကြီးတစ်ခုပါပဲ။

အရာအားလုံးက ရှင်းလင်း မြင်သာတယ်။

Ready Player One တုန်းကတောင် နည်းနည်းခပ်မှောင်မှောင် ဖြစ်သေးတယ်။

Mo-cap လက်ရာကတော့ အစစ်နဲ့ အတု ခွဲလို့မရလောက်အောင်ကိုလက်ရာမြောက်လွန်းတယ်။

ချကြဗြင်းကြတဲ့အခန်းတွေမှာဆိုလည်း မည်ကဲ့သို့လုပ်လိုက်သည်မသိ ဆိုပြီးဝုန်းဒိုင်းနဲ့ ပြီးမသွားဘူး။

ရှင်းရှင်းလင်းလင်း လှလှပပ အားရပါးရကိုမြင်ရတယ်။Motorball game အခန်းတွေဆို လုံးဝလန်ထွက်။ သတ်တာဖြတ်တာဆိုလည်းတကယ့် brutal ပဲ။

ထင်မထားတာတွေ အကြမ်းကြီးတွေ လုပ်ပြတယ်။Character design တွေလည်း လန်ထွက်။

မြင်ကွင်းပိုင်းမှာ အရောင်အသွေးအကုန် ပြီးပြည့်စုံလှပါတယ်ဆိုပေမဲ့Alita ဟာ ဇာတ်ညွှန်းပိုင်းမှာ နည်းနည်းလေး ပေါ့နေပါတယ်။

ဇာတ်လမ်းက ဒီထက်အများကြီး ချောမွေ့လို့ရပါတယ်။အခုက တချို့နေရာတွေ scene တစ်ခုနဲ့တစ်ခုကူးတာမှာ ထောက်နေတာတွေရှိတယ်။

ဇာတ်လမ်းစကတည်းက ဖြစ်ပျက်နေတာတွေ များလွန်းနေသလိုဖြစ်နေတယ်။

ဒီလိုဖြစ်ပျက်နေတာတွေ များလွန်းလို့ ကြားထဲမှာပျောက်နေခဲ့တာတွေအများကြီးပဲလို့ မြင်မိတယ်။

မိုက်လှပါတယ်ဆိုတဲ့ ဇာတ်ကောင်တွေကိုဒီထက် character ပိုပြနိုင်ရင်လည်းပိုကောင်းပါမယ်။

အခုက character arc လည်းသိပ်မပါခဲ့သလိုတချို့ဇာတ်ကောင်တွေဆို သေသွားလည်း

ရင်ထဲဘာမှမဖြစ်သလို ပေါ့ပေါ့ပဲ။ဟိုမိန်းမကြီးကလည်း ဘယ်ကနေ ပေါ်ပေါ်လာမှန်းမသိ။

ဇာတ်လမ်းပိုင်း နည်းနည်းလေး လိုနေတာကလွဲရင် Battle Angel ဟာလုံးဝ ကြည့်ရတန်တဲ့ ကားတစ်ကားပါပဲ။

သေလောက်အောင် လှပ ပြင်းထန်လှတဲ့ မြင်ကွင်းတွေကတစ်ကားလုံး မပျင်းရအောင် လုံးဝဆွဲဆောင်သွားပါလိမ့်မယ်။

(ရုပ်ရှင်အညွှန်းအား DatShin Page မှ ကူးယူဖော်ပြပါသည်)
Admin KPK
DatShin: 3/5
IMDB: 7.6/10
Tomatometer: 60%
ရုပ်ရှင်ကားကိုတော့ Little Neo မှ ဘာသာပြန်ပေးထားပါတယ်

File Size : (5.4 GB)/(4.3 GB)/ (950 MB)
Quality :OpenMatte 4K HEVC/ BluRay 1080p HEVC/720p
Running Time : 2hr 02min
Format : Mp4
Genre : Action, Adventure, Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Translated by Littleneo
Encoded by THZ,Nyeinsaeya Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Alita: Battle Angel
Director
Brian Bettwy, Robert Rodriguez
Stars
Christoph Waltz, Ed Skrein, Eiza González, Jackie Earle Haley, Jennifer Connelly, Jorge Lendeborg Jr., Keean Johnson, Lana Condor, Mahershala Ali, Rosa Salazar
Release Date
14 Feb 2019
Rated
PG-13
Runtime
122 min
Awards
N/A
Country
USA
Budget
USD $170 000 000,00
Revenue
USD $404 852 543,00
Popularity
63.506
Status
Released
ID IMDb.com
tt0437086
IMDB Rating
7.5
IMDB votes
87,694
ID Themoviedb.org
399579
TMDb Rating
7.2
TMDb votes
7065