Channel Myanmar

[Unicode]

ဒီတစ်ခေါက် ကျွန်တော်တို့မြွေကားကြည့်ရအောင်ဗျာ
မြွေကားဆိုလို့ ထိုင်းကားတွေဘာတွေတော့မထင်လိုက်နဲ့ဦးနော်
တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့လွန်းလို့ 4ကားအထိထွက်ခဲ့ပြီး Game တွေပါ ထွက်ခဲ့တဲ့ Anaconda ဇာတ်ကားပဲဖြစ်ပါတယ်
ဒီနေ့တင်ဆက်မှာက လေးကားမြောက် movie လေး Anacondas:Trail of Blood ဖြစ်ပါတယ်

Trail of Blood မှာ မြွေကြီးကဘယ်ကနေပေါ်ပေါက်ခဲ့မှာလဲဆိုတော့ ဆေးဘက်ဆိုင်ရာ ပညာရှင် Peter ရဲ့ စမ်းသပ်ခန်းထဲကပါ
Peter က အရမ်းချမ်းသာတဲ့လူတစ်ယောက်ရဲ့ အရိုးကင်ဆာကို ကုသပေးဖို့ပန်းတစ်မျိုးဆီကရတဲ့အရည်ကို ဗီဇအဆင့်မြှင့်ပြီး Serum ထုတ်နေတာပါ
သူ့ရဲ့serum အလုပ်ဖြစ်မဖြစ် ဒီမြွေနဲ့စမ်းသပ်ခဲ့ပါတယ်
ဒီလိုနဲ့ serum ကအရမ်းတွေ ထိန်းမရသိမ်းမရ အလုပ်ဖြစ်သွားတဲ့အခါ မြွေကြီးက anaconda ကြီးဖြစ်သွားတယ်ပေါ့ဗျာ

အဲ့ဒီအချိန် တောထဲကို မတူညီတဲ့ရယ်ရွယ်ချက်တွေနဲ့ လူတွေရောက်လာပါတယ်
မထင်မှတ်ဘဲဒီလူတွေ ပေါင်းစုမိသွားပြီး ဒီလိုမြွေကြီးက ဒီလူတွေကို ဘယ်လိုအန္တရာယ်ပေးမလဲ
လူတွေက ဘယ်လိုခြေမှုန်းမလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုရမှာပါ

2009 ခုနှစ်က ထွက်ထားတဲ့ကားဆိုတော့ CGI တွေက အဲ့ဒီခေတ်ရဲ့အကောင်းဆုံးစနစ်နဲ့လုပ်ထားတာပါ
ဆိုတော့ ကျွန်တော်တို့ 2009 ခုနှစ်ကခံစားချက်ကို ပြန်ရမှာနော်
အရင်တုန်းက အိမ်မှာ မိသားစုတွေဝိုင်းကြည့်ခဲ့ကြတဲ့ဧရာမမြွေကားပေါ့
ရုပ်ရှင်ကြည့်ပြီး အိပ်တာတောင် ဒီမြွေကြီး ငါ့ဆီရောက်လာရင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး ရင်တွေတုန်ခဲ့ရတဲ့ ငယ်ငယ်တုန်းကဇာတ်ကားလေးဆိုတော့ ကြည့်ရှူကြည့်ရအောင်ပါ

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Amelia ပါ )

 

[Zawgyi]

ဒီတစ္ေခါက္ ကြၽန္ေတာ္တို႔ေႁမြကားၾကည့္ရေအာင္ဗ်ာ
ေႁမြကားဆိုလို႔ ထိုင္းကားေတြဘာေတြေတာ့မထင္လိုက္နဲ႔ဦးေနာ္
တစ္ေခတ္တစ္ခါက နာမည္ႀကီးခဲ့လြန္းလို႔ 4ကားအထိထြက္ခဲ့ၿပီး Game ေတြပါ ထြက္ခဲ့တဲ့ Anaconda ဇာတ္ကားပဲျဖစ္ပါတယ္
ဒီေန႔တင္ဆက္မွာက ေလးကားေျမာက္ movie ေလး Anacondas:Trail of Blood ျဖစ္ပါတယ္

Trail of Blood မွာ ေႁမြႀကီးကဘယ္ကေနေပၚေပါက္ခဲ့မွာလဲဆိုေတာ့ ေဆးဘက္ဆိုင္ရာ ပညာရွင္ Peter ရဲ႕ စမ္းသပ္ခန္းထဲကပါ
Peter က အရမ္းခ်မ္းသာတဲ့လူတစ္ေယာက္ရဲ႕ အ႐ိုးကင္ဆာကို ကုသေပးဖို႔​ပန္းတစ္မ်ိဳးဆီကရတဲ့အရည္ကို ဗီဇအဆင့္ျမႇင့္ၿပီး Serum ထုတ္ေနတာပါ
သူ႔ရဲ႕serum အလုပ္ျဖစ္မျဖစ္ ဒီေႁမြနဲ႔စမ္းသပ္ခဲ့ပါတယ္
ဒီလိုနဲ႔ serum ကအရမ္းေတြ ထိန္းမရသိမ္းမရ အလုပ္ျဖစ္သြားတဲ့အခါ ေႁမြႀကီးက anaconda ႀကီးျဖစ္သြားတယ္ေပါ့ဗ်ာ

အဲ့ဒီအခ်ိန္ ေတာထဲကို မတူညီတဲ့ရယ္႐ြယ္ခ်က္ေတြနဲ႔ လူေတြေရာက္လာပါတယ္
မထင္မွတ္ဘဲဒီလူေတြ ေပါင္းစုမိသြားၿပီး ဒီလိုေႁမြႀကီးက ဒီလူေတြကို ဘယ္လိုအႏၲရာယ္ေပးမလဲ
လူေတြက ဘယ္လိုေျခမႈန္းမလဲဆိုတာကို စိတ္ဝင္စားဖို႔ေကာင္းစြာနဲ႔ ၾကည့္ရႈရမွာပါ

2009 ခုႏွစ္က ထြက္ထားတဲ့ကားဆိုေတာ့ CGI ေတြက အဲ့ဒီေခတ္ရဲ႕အေကာင္းဆုံးစနစ္နဲ႔လုပ္ထားတာပါ
ဆိုေတာ့ ကြၽန္ေတာ္တို႔ 2009 ခုႏွစ္ကခံစားခ်က္ကို ျပန္ရမွာေနာ္
အရင္တုန္းက အိမ္မွာ မိသားစုေတြဝိုင္းၾကည့္ခဲ့ၾကတဲ့​ဧရာမေႁမြကားေပါ့
႐ုပ္ရွင္ၾကည့္ၿပီး အိပ္တာေတာင္ ဒီေႁမြႀကီး ငါ့ဆီေရာက္လာရင္ ဘယ္လိုလုပ္ရပါ့မလဲဆိုၿပီး ရင္ေတြတုန္ခဲ့ရတဲ့ ငယ္ငယ္တုန္းကဇာတ္ကားေလးဆိုေတာ့ ၾကည့္ရႉၾကည့္ရေအာင္ပါ

( ဘာသာျပန္ျပီး အညႊန္းေရးသားထားသူကေတာ့ Amelia ပါ )


Quality__HEVC 1080p ,720p
IMDb Rating__/10
Format__mp4
Duration__01:40:00
Type__Action , Adventure , Horror
Subtitle__Myanmar Subtitle (Hardsub)
Translated by Amelia
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Anacondas 4: Trail of Blood (2009)
Anacondas 4: Trail of Blood (2009)
Anacondas 4: Trail of Blood (2009)


No downloads available

Genres



Related movies