Exit print mode Print Data A+ A- Undo all

Angels of Vengeance 2 (2023 )

Angels of Vengeance 2 (2023 )Angels of Vengeance 2 (2023 )

Synopsis:

နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်ကြီးအတွင်းမှာ ဘယ်အရာမဆို
အွန်လိုင်းကနေပြီး စီမံလုပ်ကိုင်လို့ ရနေခဲ့ပါတယ် ။
အဲဒီအထဲမှာ အွန်လိုင်းချေးငွေလုပ်ငန်းတွေကလဲ အပါအဝင်ပါပဲ ။
အာမခံချက် လုံလုံလောက်လောက်မရှိပဲနဲ့ ကိုယ်လိုချင်တဲ့
ငွေပမာဏကို ချေးယူနိုင်တဲ့ အွန်လိုင်းငွေချေးလုပ်ငန်းတွေဟာ
တရုတ်နိုင်ငံရဲ့ ဟန်ကျန်းမြို့ကြီးအတွင်းမှာ ပျံ့နှံ့လို့နေခဲ့ပါတယ် ။

ဒီလိုမျိုး လုပ်ငန်းတွေ ခေတ်စားလာခဲ့သလို မြို့အတွင်းမှာ
အမျိုးသမီးလူငယ်လေးတွေ အစုလိုက် အပြုံလိုက်ပျောက်ဆုံးမှုတွေဟာလဲ
ထူးထူးဆန်းဆန်း ဖြစ်ပေါ်ခဲ့ပြန်ပါတယ် ။ ဒီအမှုကို အထူးရဲတပ်ဖွဲ့
အဖွဲ့ခေါင်းဆောင် ရှိီးယွီ ဦးဆောင်တဲ့ အမျိုးသမီးငယ်လေးများဟာ
စတင် စုံစမ်းခဲ့ကြပါတော့တယ် ။ စုံစမ်းပြီးတဲ့နောက်မှာတော့
အမျိုးသမီးလူငယ်လေးတွေ အစုလိုက် အပြုံလိုက်ပျောက်ဆုံးမှုတွေဟာ
အွန်လိုင်းချေးငွေလုပ်ငန်းနဲ့ ပတ်သတ် ဆက်နွယ်နေတဲ့
အကြောင်းသိရှိသွားခဲ့တဲ့အပြင် ချေးငွေပြန်မဆပ်နိုင်တဲ့ မိန်းမပျိုလေးတွေဟာ
လိင်ကျွန်အဖြစ် သူများနိုင်ငံကို ရောင်းစားခံတယ်ဆိုတဲ့
ကြောက်မက်ဖွယ်ကောင်းတဲ့ သဲလွန်တစ်ခုကိုပါ ရလိုက်တဲ့အခါမှာ ….?

ရှီးယွီ ဦးဆောင်တဲ့ အမျိုးသမီးအထူးရဲတပ်ဖွဲ့ဟာ
အမှန်တရားနောက်ကို လိုက်ပြီး အမှောင်ထုထဲမှာ ပိတ်မိနေတဲ့
အမျိုးသမီးငယ်လေးတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကတော့ ?
သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင် ။
ဒီတော့ အထူးရဲတပ်ဖွဲ့ဝင် အမျိုးသမီးငယ်လေးများရဲ့
စွန့်စားခန်းကို အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် ။

[Reviewed By Chit Mya Mya Hmwe]

Quality : WEB-DL 1080p , 480p
Format : mp4
Genres : Action , Crime
Runtime : 1h 25 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Stars
Bai Yunfeng, Jessie, Li Ran, Zhao Jing
Release Date
2023
Runtime
1h 25 min
Country
China
Popularity
1.4
Status
Released
ID IMDb.com
1105208
IMDB Rating
5.9
IMDB votes
200
ID Themoviedb.org
1105208