Exit print mode Print Data A+ A- Undo all

Anjaam (1994)

Anjaam (1994)Anjaam (1994)

Synopsis:

 

” တကြိမ်လောက်ပဲ ဖြစ်ဖြစ် မင်းလည်း ကိုယ့်ကို ချစ်ပါတယ်လို့ ပြောလိုက်”

ဒီစကားက ဘယ်သူမဆိုပေါ့ ကိုယ်သိပ်ချစ်တဲ့ သူဆီက အလိုချင်ဆုံးစကားပဲ
ချစ်တယ်လို့ အပြောခံရဖို့ နှစ်တွေ အလီလီ အချိန်တွေ အကြာကြီးရင်းနှီးပေးဆပ်ကြရတယ့့်

အချစ်ဆိုတာ လွယ်မယောင်နဲ့ ခက်သလို ခက်ခဲမယ် ထင်ရပေမယ့် လွယ်သွားတာတွေလည်း အများသား
ဘယ်လိုကြိုးစားရင်ဖြင့် ချစ်လာပ်လိမ့်မယ်
ဘယ်လိုနည်းလမ်းသုံး
ဘယ်လို ချည်းကပ် ဆရာများစွာ သင်ကြားပေးနေပေမယ့် ဒီကိစ္စက မေးခွန်းမသိနိုင်တဲ့ စာမေးပွဲလိုပဲတဲ့

ဒါကြောင့်လည်း လူတွေပြောကြတာ အချစ်ကိစ္စမှာတော့ ဟိုလူ့ကို အတုယူ
ဟိုလူ့လို မလုပ်နဲ့ဆိုပြီး သင်ကြားပေးလို့မှမရပဲ
တကယ်လို သင်ကြားပေးလို့ရတောင် အချစ်သင်ရိုးညွှန်းတန်းက အမြဲပြောင်းလဲနေမှာပဲ့

တကယ်တော့ အချစ်ဆိုတာ အချစ်ပါပဲ နည်းလမ်း မှန်မှန် ချစ်တတ်ဖို့ပါပဲ့
အခုပြောပြချင်တာကတော့ မိန်းကလေးတစ်ယောက် နည်းလမ်း ကျကျပဲ ချစ်မိတာလား
သူချစ်ပုံချစ်နည်း မှားတာလား ဒါပေမဲ့ ချစ်တာတော့ ချစ်တာပဲ့
အဲ့ဒီ အချစ်တွေရဲ့ အကျိုးဆက်တွေပဲပေါ့

=======================================================

ဇာတ်လမ်းအကြောင်းမပြောခင် SRK ဟာ ၁၉၉၃ မှာ Darr နှင့် ၁၉၉၄ မှာ Anjaam ဆိုပြီး ဗီလိန် ကာရိုက်တာနဲ့ နှစ်ကား ထွက်ရှိခဲ့တယ်
နှစ်ကားလုံး ကောင်းမကောင်း ပြောမနေတော့ဘူး Daar မှာ အကောင်းဆုံး ဗီလိန် ဇာတ်ရုပ်နဲ့ စကာတင် စာရင်းဝင်တယ်
Anjaam နဲ့ အကောင်းဆုံး ဗီလိန် ဇာတ်ဆောင်ဆု ရတယ်။

SRK ရဲ့ သရုပ်ဆောင်မှုက ပြောစရာမရှိအောင်ပဲ
အရာရာကို ငွေနဲ့ဝယ် သိမ်းပိုက် ဘာပြသနာ ဖြစ်ဖြစ် ငွေနဲ့ပဲ ဖြေရှင်းပြီး မျိုးရိုးစဉ်ဆက် ချမ်းသာလာတဲ့
စက်မှု လုပ်ငန်းစုကြီးရဲ့ ပိုင်ရှင် ဗီဂျေးအဂူနီးဟိုသရီ့
အရာရာကို အထက်စီးကပဲ ဆက်ဆံတတ်ပြီး ကိုယ့်စိတ်ဝင်စားတဲ့ မိန်းကလေးကို စကားသွားပြောတာတောင်

“ဒီကလပ်ထဲက မိန်းကလေးတွေ အကုန်လုံးက ကိုယ်သူတို့နဲ့ တွဲကကြပါစေဆိုပြီး မျှော်လင့်နေကြတာ ဒါပေမဲ့ ဒီအခွှင့်ရေး မင်းကို ပေးမယ်”

အဲ့ဒီလို လူစားမျိုး နတ်ပြည်သွားမယ်ဆိုရင်တောင် ကောင်းမှု ကုသိုလ်နဲ့သွားမှာ မဟုတ်ဘူး ပိုက်ဆံနဲ့ လမ်းခင်းပြီး သွားမယ့် လူစား

အရာရာကို အနိုင်ပိုင်း စိတ်ကြိုက် လုပ်ချင်သလို ဖြစ်နေတဲ့ သူကို

သွားသေလိုက်လေ ဆိုပြီး ငြင်းလွှတ်လိုက်တဲ့ မိန်းကလေး တစ်ယောက်နဲ့ ကလပ်တစ်ခုမှာ ပထမဆုံး အကြိမ် စတွေ့ဖူးတာပဲ

သူမ နာမည်က ရှီဗာနီ့း့

နေရာတကာ မောက်မာပြီး ငါတကောကောနေတဲ့ ဗီဂျေး တစ်ယောက် သူမနဲ့ကျမှ နူးညံ့မှုဆိုတာသိလာတယ်
ကဗျာတွေ စာတွေကို ခံစားတတ်လာပြီ သီချင်းတွေတောင် ညည်းတတ်နေပြီပဲ
သူ့ကို ချစ်မိနေပြီကို့း့

=======================================================

ရှီဗာနီ့း့ ရှီဗာနီးကတော့ အဲးအိန္ဒိယ လေကြောင်းလိုင်းရဲ့ လေယာဉ်မယ် တစ်ယောက်
အစ်မလင်မယားနဲ့ အတူနေပေမယ့် ရောဂါသည် မိန်းမဖြစ်သူကို ဂရုမစိုက်ပဲ
အချိန်ပြည့် အလောင်ကစားပဲ သိတဲ့ ခဲအိုဖြစ်သူနဲ့ လုံးဝ မတည့်ဘူး
မိန်းကလေး တစ်ယောက် ဖြစ်ပေမယ့် မဟုတ်မခံ ဆက်ဆက်ထိ မခံတဲ့ လူစားမျိုး
ဒါကြောင့်လည်း ဆရာဆိုဒ်နဲ့ လာလုံးတဲ့ ဗီဂျေးကို သွားသေလိုက်လို့ ပြတ်ပြတ်ပဲ ငြင်းလွှတ်လိုက်တာ့

=======================================================

ဗီဂျေး တစ်ယောက် ရှီဗာနီးကို အသည်းအသန် ချစ်မိနေပြီ့
အမေဖြစ်သူကို ဖွင့်ပြောပြီး မိသားဖသား ပီပီ တောင်းရမ်းပေးဖို့ ပူစာပါတော့တယ်

အမေကလည်း ဒီသားလေး စိတ်တိုင်းကျ သွားတောင်းပေးပေါ့ သွားတဲ့ အချိန်မှာတော့

ရှီဗာနီးရဲ့ အိမ်မှာ မင်္ဂလာဧည့်ခံပွဲ တစ်ခုကို မြင်လိုက်ရပါတော့တယ်

သတို့သမီး ဖြစ်သူမှာ ရှီဗာနီး ဖြစ်နေတဲ့ အခါမှာတော့

=======================================================

” ဟိုး ကောင်ကင်ယံက ကြယ်ကလေးတစ်ပွင့်
သူ ကျွန်တော့်ကို ချစ်နေမယ်လို့ ထင်ခဲ့မိတယ်(တဖက်သတ်)

ချစ်ရပါသော ကြယ်ကလေး ကျွန်တော့်ကို ပေးလှည့်ပါဗျာ

မေမေက ဒီကြယ်လေးကို ကျွန်တော့် အတွက်ပေးခဲ့တာ “

=======================================================

နူးညံ့တဲ့ နှလုံးသားနဲ့ ပထမဆုံး အကြိမ် ချစ်ခဲ့မိတဲ့ မိန်းကလေးကို ဆုံးရှုံးလိုက်ရတဲ့ ဗီဂျေး တစ်ယောက် အရင်ထက်ပို ကြမ်းတမ်းသွားပါပြှီ
သူ့ဘဝသူ တွယ်တာရမှန်းတောင် မသိတော့ဘူး
အချိန်ရှိသ၍ အမဲလိုက်နေတတ်တယ်

” အပြစ်မဲ့တဲ့ တိရစ္ဆာန် လေးတွေကို ဘာကြောင့် လိုက်သတ်နေရတာလဲ သားရယ်
ကျွန်တော် ကြိုက်လို့ အဲ့လို လုပ်ရတာကိုက အားရလို့ “

” ငါပြောဖူးတယ် မဟုတ်လား ငါမရနိုင်တဲ့ အရာတစ်ခုကို ဖျက်စီးပစ်လိုက်တယ်လို့ “

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

 

File Size : (1.2 GB)
Quality : DVDRip 720p
Running Time : 2hr 50min
Format : Mp4
Genre :Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zaw Htoo
Encode by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Anjaam
Director
Rahul Rawail
Stars
Deepak Tijori, Himani Shivpuri, Johnny Lever, Madhuri Dixit, Shah Rukh Khan
Release Date
22 April 1994
Runtime
170 min
Awards
1 win 1 nomination
Country
India
Popularity
0.802086
Status
Released
ID IMDb.com
tt0109134
IMDB Rating
7.0
IMDB votes
4,699
ID Themoviedb.org
114436
TMDb Rating
7.5
TMDb votes
7