Exit print mode Print Data A+ A- Undo all

Apocalypse Now (1979)

This is the end...
Apocalypse Now (1979)Apocalypse Now (1979)

Synopsis:

Apocalypse Now (1979)

=================

IMDb Rating – 8.4/10

#Unicode

ပြောကြတာတော့ Apocalypse Nowဟာ
အကောင်းဆုံးစစ်ကားတဲ့။ ကျွန်တော်တော့ စစ်ကား
တစ်ကားလို့ကိုမမြင်မိဘူး။သမိုင်းလည်းမှန်လှတယ်မဟုတ်ဘူး။
သမိုင်းဆိုတာ စစ်နိုင်တဲ့ဘက်က ရေးကြတာဆိုတော့
ရေးထားတဲ့သမိုင်းလည်း မှန်ချင်မှမှန်မှာဖြစ်တဲ့အတွက်
ဒါကလည်းအရေးမပါလှဘူး။

စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။
လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေ
အလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေ
အကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့
အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာ
ဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။
ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်း
စကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့
တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်း
မထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်း
ရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။
အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။
ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့
ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။

ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကို
အမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့
အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာက
ခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေက
ပုံမှန်မြင်‌နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော်Great
ကြီး‌တွေမဟုတ်ဘူး။ စစ်သားတွေရဲ့ ကြောက်စိတ်နဲ့
စစ်မှုထမ်းတွေရဲ့ တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။
မတော်လို့ကျွန်တော်တို့စစ်ထဲ၀င်ကြရင် ဖြစ်‌နေမယ့်ပုံစံမျိုး‌ပေါ့။
အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့သူပုန်တွေကြားက
အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို
ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီး
ပြသွားတယ်။

လူသားဆန်မှု စစ်ပွဲမှာ လူသားဆန်မှုက အရေးကြီးသလား
ဒီအဖြေကို ရုပ်ရှင်ထဲ မာလွန်ဘရန်ဒိုကြီးဖြေသွားတဲ့
အဖြေက ကြက်သီးထစရာကောင်းတယ်။ ဒီစစ်ကားက
စစ်တွင်းတိုက်ခိုက်မှုပါရုံထည့်ပြီး စစ်သားတစ်ယောက်ရဲ့
စိတ် ဒါမှမဟုတ် စစ်သားတစ်ယောက်မှာရှိရမယ့်စိတ်ကို
သူ့အမြင်အရကောင်းကောင်းသုံးသပ်ပြသွားတယ်။
အဲ့ဒီအမြင်ကို လူတိုင်းတော့ လက်ခံနိုင်မယ်မထင်ဘူး။
ဘာလို့ဆို မာလွန်ဘရန်ဒိုရဲ့ဇာတ်ကောင်
ကာလ်နယ်ကတ်ဇ်ရဲ့ အမြင်ဟာ ဘယ်လိုမှ လူမဆန်ဘူး။
အမေရိကန်ဟာ ဗီယက်နမ်လိုနေရာမျိုးမှာ စစ်နိုင်ဖို့
ဘာမှမခက်ပါဘူး။ ခက်နေတာက လုပ်ချင်သလိုလုပ်ရင်
ဖြစ်လာမယ့် ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ပါပဲ။ကမ္ဘာ့နိုင်င‌ံရေးမှာ
တစ်ခါတလေ စစ်ရေးတွေဟာ ထိုးကြွေးခံရတဲ့ နယ်ရုပ်တွေ
ပါပဲ။ကာလ်နယ်ကတ်ဇ်လို စစ်သားတစ်ယောက်ရဲ့
အမြင်မှာကျ ဒါတွေက မဖြစ်သင့်တဲ့အရာတွေပဲ။
သူ့အမြင်မှာ စစ်သားကောင်းဟာ လူကောင်းမဖြစ်နိုင်ဘူး
လို့ ယူဆတယ်။ စာနာမှုရှိတဲ့စစ်သားဟာ စစ်သားကောင်း
မဟုတ်ဘူးပေါ့။‌ဒီတော့ သူသူလျှိုလို့ယူဆတဲ့ လူလေးယောက်ကို
အထက်မိန့်မရဘဲ သတ်ပစ်လိုက်တယ်။ဒီ အမိန့်ဖီဆန်ပြီး
တောခိုသွားတဲ့ ကာလ်နယ်ကတ်ဇ်ကို လုပ်ကြံဖို့
အထူးတပ်သားတစ်ယောက်ကို ကမ္ဘောဒီးယား ဗီယက်နမ်
နယ်စပ်ကိုလွှတ်လိုက်တယ်။ သူ့ဇာတ်အိမ်က
ဒီလောက်ပါပဲ။တစ်ခုရှိတာက ခင်ဗျားသာ သေချာ
စီးမျောပြီးကြည့်မယ်ဆိုရင် အဲ့ဒီခရီးမှာ ခင်ဗျားလည်း
ပါသွားလိမ့်မယ်။ အပြန်လမ်းမှာတော့ ခင်ဗျားဟာ
အရင်က ခင်ဗျား ဟုတ်ချင်မှလည်းဟုတ်တော့မယ်။
ခင်ဗျားသာ ဒီရုပ်ရှင်အပြီး အမှန်နဲ့အမှားကြား
ဝေခွဲမရဖြစ်နေခဲ့ရင် ကိုယ့်ရွေးချယ်မှုကိုပဲ
ယုံလိုက်ဖို့ပြောချင်တယ်။ ဒီရုပ်ရှင်ထဲမှာမှမဟုတ်ဘူး။
တကယ့်ကမ္ဘာကြီးမှာလည်း အမှန်နဲ့အမှားကြားက
မျဉ်းကသိပ်ပါးတယ်။ အမှန်နဲ့အမှားထက် ပိုအရေးကြီးတာက
ကျွန်တော်တို့ရဲ့ ရွေးချယ်မှုပဲ။ ကာလ်နယ်ကတ်ဇ်က
ဒီအကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။
ဝီလ်လတ်ကလည်း သူသိတဲ့အမှန်ကို ကျောခိုင်းပြီး
သူလုပ်ရမယ့်အရာကိုလုပ်ခဲ့တယ်။
ဒိုင်ယာလော့ထဲမပါတဲ့ ဝီလ်လတ်ရဲ့စကားကိုတော့
ကျွန်တော်ကြားနေရတယ်။
အရူးတွေကြားမှာ သွားမှန်နေလို့မရဘူး။ သူတို့နဲ့မတူရင်
အရူးတွေအတွက် ခင်ဗျားက အရူးဖြစ်သွားလိမ့်မယ်တဲ့။

Apocalypse Nowကို God Fatherရုပ်ရှင်ရဲ့
ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာကရိုက်ထားတဲ့အပြင်
God Fatherကြီး မာလွန်ဘရန်ဒိုက Second leadနေရာက
သရုပ်ဆောင်ထားတယ်။ ရုပ်ရှင်ဓာတ်ပုံပညာနဲ့
အသံပိုင်းဆိုင်ရာမှာ အော်စကာနှစ်ဆုရထားတဲ့အပြင်
Greatest War Film of All Timeလို့
သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်ပါပဲ။

#Zawgyi

ေျပာၾကတာေတာ့ Apocalypse Nowဟာ
အေကာင္းဆုံးစစ္ကားတဲ့။ ကြၽန္ေတာ္ေတာ့ စစ္ကား
တစ္ကားလို႔ကိုမျမင္မိဘူး။သမိုင္းလည္းမွန္လွတယ္မဟုတ္ဘူး။
သမိုင္းဆိုတာ စစ္ႏိုင္တဲ့ဘက္က ေရးၾကတာဆိုေတာ့
ေရးထားတဲ့သမိုင္းလည္း မွန္ခ်င္မွမွန္မွာျဖစ္တဲ့အတြက္
ဒါကလည္းအေရးမပါလွဘူး။

စစ္ပြဲတစ္ပြဲမွာ ဘာေတြျမင္ရမလဲ။
လက္နက္ေတြ ေပါက္ကြဲမႈေတြ ေသေၾကမႈေတြ
အေလာင္းေတြ ေသြးေတြ။ ဒီအေပၚယံအျမင္ေတြ
အကုန္ ဖယ္ၾကည့္လိုက္ရင္ စစ္ပြဲမွာ ကြၽန္ေတာ္တို႔
အထင္ရွားဆုံးျမင္ရမယ့္ အရာက လူ႔စိတ္ပါပဲ။ ဒါ႐ိုက္တာ
ဖရန္စစ္ ေကာ္ပိုလာက ဒီအခ်က္ကို အရဖမ္းသြားတယ္။
ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ဟာ စစ္တိုက္ခန္းနည္းနည္း
စကားမ်ားေနတာမ်ားမ်ားနဲ႔ အေကာင္းဆုံးစစ္ကားျဖစ္သြားခဲ့
တယ္။ ဒီကားၾကည့္ၿပီး ခင္ဗ်ား႐ူးခ်င္သြားတယ္ဆိုရင္လည္း
မထူးဆန္းဘူး ဒါ႐ိုက္တာေရာ မင္းသားေရာ ဒီ႐ုပ္ရွင္႐ိုက္ေနတုန္း
႐ူးခ်င္ခ်င္ ေသမလိုလိုျဖစ္သြားခဲ့ၾကဖူးတယ္။
အဓိကျပခ်င္တာဘာလဲေတာ့ ကြၽန္ေတာ္လည္းမသိဘူး။
ယူသလိုပဲရလိမ့္မယ္။ အ႐ူးေတြ႐ိုက္ထားတဲ့ကားဆိုေတာ့
ၾကည့္ၿပီး႐ူးသြားလည္း သိပ္ေတာ့အံ့ဩစရာမရွိဘူး။

ဒီ႐ုပ္ရွင္ရဲ႕ တစ္ခ်ိဳ႕ဇာတ္ကြက္ေတြအရေတာ့ ဒါ႐ိုက္တာကို
အေမရိကန္မွဟုတ္ပါေလစလို႔ ျပန္ရွာၾကည့္လိုက္ရတယ္။ သူရဲေဘာေၾကာင္ အႏိုင္က်င့္တတ္တဲ့ တစ္စက္မွသုံးမရတဲ့
အေမရိကန္စစ္သားေတြအေၾကာင္းကို ဒါ႐ိုက္တာက
ခဏခဏကို ျပသြားတယ္။ ဒီထဲကအေမရိကန္စစ္သားေတြက
ပုံမွန္ျမင္‌ေနၾကေတြလို သနားစိတ္အျပည့္နဲ႔ လူေတာ္Great
ႀကီး‌ေတြမဟုတ္ဘူး။ စစ္သားေတြရဲ႕ ေၾကာက္စိတ္နဲ႔
စစ္မႈထမ္းေတြရဲ႕ တလြဲလုပ္ရပ္ေတြ အေတာ္ျမင္ရတယ္။
မေတာ္လို႔ကြၽန္ေတာ္တို႔စစ္ထဲ၀င္ၾကရင္ ျဖစ္‌ေနမယ့္ပုံစံမ်ိဳး‌ေပါ့။
အေမရိကန္ေတြနဲ႔ သူတို႔တိုက္ေနတဲ့သူပုန္ေတြၾကားက
အမွန္အမွားဆိုတာ ဆပ္ျပာပူေဖာင္းလႊာကေလးလို
ပါးလ်ေနတာကို ဒါ႐ိုက္တာက ေကာင္းေကာင္းႀကီး
ျပသြားတယ္။

လူသားဆန္မႈ စစ္ပြဲမွာ လူသားဆန္မႈက အေရးႀကီးသလား
ဒီအေျဖကို ႐ုပ္ရွင္ထဲ မာလြန္ဘရန္ဒိုႀကီးေျဖသြားတဲ့
အေျဖက ၾကက္သီးထစရာေကာင္းတယ္။ ဒီစစ္ကားက
စစ္တြင္းတိုက္ခိုက္မႈပါ႐ုံထည့္ၿပီး စစ္သားတစ္ေယာက္ရဲ႕
စိတ္ ဒါမွမဟုတ္ စစ္သားတစ္ေယာက္မွာရွိရမယ့္စိတ္ကို
သူ႔အျမင္အရေကာင္းေကာင္းသုံးသပ္ျပသြားတယ္။
အဲ့ဒီအျမင္ကို လူတိုင္းေတာ့ လက္ခံႏိုင္မယ္မထင္ဘူး။
ဘာလို႔ဆို မာလြန္ဘရန္ဒိုရဲ႕ဇာတ္ေကာင္
ကာလ္နယ္ကတ္ဇ္ရဲ႕ အျမင္ဟာ ဘယ္လိုမွ လူမဆန္ဘူး။
အေမရိကန္ဟာ ဗီယက္နမ္လိုေနရာမ်ိဳးမွာ စစ္ႏိုင္ဖို႔
ဘာမွမခက္ပါဘူး။ ခက္ေနတာက လုပ္ခ်င္သလိုလုပ္ရင္
ျဖစ္လာမယ့္ ကမာၻ႔ႏိုင္ငံေတြရဲ႕ အျမင္ပါပဲ။ကမာၻ႔ႏိုင္င‌ံေရးမွာ
တစ္ခါတေလ စစ္ေရးေတြဟာ ထိုးေႂကြးခံရတဲ့ နယ္႐ုပ္ေတြ
ပါပဲ။ကာလ္နယ္ကတ္ဇ္လို စစ္သားတစ္ေယာက္ရဲ႕
အျမင္မွာက် ဒါေတြက မျဖစ္သင့္တဲ့အရာေတြပဲ။
သူ႔အျမင္မွာ စစ္သားေကာင္းဟာ လူေကာင္းမျဖစ္ႏိုင္ဘူး
လို႔ ယူဆတယ္။ စာနာမႈရွိတဲ့စစ္သားဟာ စစ္သားေကာင္း
မဟုတ္ဘူးေပါ့။‌ဒီေတာ့ သူသူလွ်ိဳလို႔ယူဆတဲ့ လူေလးေယာက္ကို
အထက္မိန႔္မရဘဲ သတ္ပစ္လိုက္တယ္။ဒီ အမိန႔္ဖီဆန္ၿပီး
ေတာခိုသြားတဲ့ ကာလ္နယ္ကတ္ဇ္ကို လုပ္ႀကံဖို႔
အထူးတပ္သားတစ္ေယာက္ကို ကေမာၻဒီးယား ဗီယက္နမ္
နယ္စပ္ကိုလႊတ္လိုက္တယ္။ သူ႔ဇာတ္အိမ္က
ဒီေလာက္ပါပဲ။တစ္ခုရွိတာက ခင္ဗ်ားသာ ေသခ်ာ
စီးေမ်ာၿပီးၾကည့္မယ္ဆိုရင္ အဲ့ဒီခရီးမွာ ခင္ဗ်ားလည္း
ပါသြားလိမ့္မယ္။ အျပန္လမ္းမွာေတာ့ ခင္ဗ်ားဟာ
အရင္က ခင္ဗ်ား ဟုတ္ခ်င္မွလည္းဟုတ္ေတာ့မယ္။
ခင္ဗ်ားသာ ဒီ႐ုပ္ရွင္အၿပီး အမွန္နဲ႔အမွားၾကား
ေဝခြဲမရျဖစ္ေနခဲ့ရင္ ကိုယ့္ေ႐ြးခ်ယ္မႈကိုပဲ
ယုံလိုက္ဖို႔ေျပာခ်င္တယ္။ ဒီ႐ုပ္ရွင္ထဲမွာမွမဟုတ္ဘူး။
တကယ့္ကမာၻႀကီးမွာလည္း အမွန္နဲ႔အမွားၾကားက
မ်ဥ္းကသိပ္ပါးတယ္။ အမွန္နဲ႔အမွားထက္ ပိုအေရးႀကီးတာက
ကြၽန္ေတာ္တို႔ရဲ႕ ေ႐ြးခ်ယ္မႈပဲ။ ကာလ္နယ္ကတ္ဇ္က
ဒီအေၾကာင္းကို ေကာင္းေကာင္းႀကီး သေဘာေပါက္ခဲ့တယ္။
ဝီလ္လတ္ကလည္း သူသိတဲ့အမွန္ကို ေက်ာခိုင္းၿပီး
သူလုပ္ရမယ့္အရာကိုလုပ္ခဲ့တယ္။
ဒိုင္ယာေလာ့ထဲမပါတဲ့ ဝီလ္လတ္ရဲ႕စကားကိုေတာ့
ကြၽန္ေတာ္ၾကားေနရတယ္။
အ႐ူးေတြၾကားမွာ သြားမွန္ေနလို႔မရဘူး။ သူတို႔နဲ႔မတူရင္
အ႐ူးေတြအတြက္ ခင္ဗ်ားက အ႐ူးျဖစ္သြားလိမ့္မယ္တဲ့။

Apocalypse Nowကို God Father႐ုပ္ရွင္ရဲ႕
ဒါ႐ိုက္တာ ဖရန္စစ္ေကာ္ပိုလာက႐ိုက္ထားတဲ့အျပင္
God Fatherႀကီး မာလြန္ဘရန္ဒိုက Second leadေနရာက
သ႐ုပ္ေဆာင္ထားတယ္။ ႐ုပ္ရွင္ဓာတ္ပုံပညာနဲ႔
အသံပိုင္းဆိုင္ရာမွာ ေအာ္စကာႏွစ္ဆုရထားတဲ့အျပင္
Greatest War Film of All Timeလို႔
သတ္မွတ္ခံထားရတဲ့ ႐ုပ္ရွင္ပါပဲ။

 

Quality –  720p BluRay

Duration – 2hr 27 min

Subtitle – Myanmar Hardsub

Format – Mp4

Genre :  Drama, Mystery, War

Source : 1080p.BluRay

Translator – WiRa Aung

Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Francis Ford Coppola, Jerry Ziesmer, Larry J. Franco, Tony Brandt
Stars
Albert Hall, Dennis Hopper, Frederic Forrest, G. D. Spradlin, Harrison Ford, Laurence Fishburne, Marlon Brando, Martin Sheen, Robert Duvall, Sam Bottoms
Budget
USD $31 500 000,00
Revenue
USD $150 000 000,00
Popularity
28.454
Status
Released
ID IMDb.com
tt0078788
IMDB Rating
8.4
IMDB votes
593,449
ID Themoviedb.org
28
TMDb Rating
8.3
TMDb votes
5213