Exit print mode Print Data A+ A- Undo all

Archive (2020)

Death is not the end
Archive (2020)Archive (2020)

Synopsis:

Archive (2020)

===========

IMDb Rating – 6.3/10

#Unicode

သေပြီးတဲ့နောက်မှာ ဘ၀ကြီးက ချက်ချင်းပြီးသွားတာ မဟုတ်ဘူးဆို ဘယ်လိုလုပ်မလဲ။

ကိုယ့်ရဲ့ အသိစိတ်ကို ခဏသိမ်းထားလို့ရပြီး နောက်မှာ ကျန်ခဲ့မယ့်လူတွေကို နှုတ်ဆက်

စကားပြောခွင့်ရမယ်ဆိုရဂ်ရော။ Artificial intelligence(ညဏ်ရည်တု)နည်းပညာနဲ့

ပက်သက်တဲ့ နယ်ပယ်မှာ ပညာရှင်တိုင်းဖြေဖို့ကြိုးစားနေတဲ့မေးခွန်းတစ်ခုရှိတယ်။ “အသိ

စိတ်ကို ဖန်တီးလို့ရလား”ဆိုတဲ့မေးခွန်းပါ။ ဒီဇာတ်ကားထဲမှာတော့ ဒီမေးခွန်းကိုရိုးရိုးလေး

ဖြေပြသွားတာကိုတွေ့ရမှာပါ။ 1238ခုနှစ်မှာ စက်ရုပ်ပညာရှင်တစ်ယောက်က ဂျပန်နိုင်ငံရဲ့

နှင်းတောထဲက အလုပ်ရုံတစ်ခုမှာ လူလိုအသိညဏ်ရှိတဲ့စက်ရုပ်တွေကို ကြိုးစားပြီးဖန်တီး

နေတယ်။ သူ့ရဲ့အသိစိတ်ရှာပုံတော်က တော်တော်တောင်ခရီးရောက်နေပြီပြောရမယ်။

လိုအပ်နေတာလေးတွေတော့ရှိသေးတာပေါ့။ ဒါပေမယ့် သူကတိကျတဲ့ရည်ရွယ်ချက်တစ်ခု

အတွက် လူသားတစ်ယောက်နဲ့ထပ်တူကျတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။ တိတိကျကျပြော

ရရင် သေသွားတဲ့သူ့မိန်းမနဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။တဖြည်းဖြည်းနဲ့ သူ့ရဲ့အလုပ်

က အန္တရာယ်များလာပြီး စွန့်စားရမှာတွေရှိလာတယ်။ သူအောင်မြင်ပါ့မလား။ ဘယ်လိုပြဿ

နာတွေကိုကြုံရဦးမလဲဆိုတာသိချင်ရင်တော့ ဇာတ်ကားလေးကို ကြည့်လိုက်ပါ။

————–
ဇာတ်ကားက IMDB Rating 6.3/10  ရရှိထားပြီး si-fi ဇာတ်ကားတစ်ကားအနေနဲ့ဆို မဆိုးဘူး

လို့ပြောရမှာပါ။ ခပ်အေးအေးဇာတ်လမ်းနဲ့ မထင်မှတ်ထားတဲ့ အဆုံးသတ်နဲ့ ပရိတ်သတ်ကို ဪ

ဒီလိုလားဆိုပြီးဖြစ်သွားစေပါလိမ့်မယ်။ ညဏ်ရည်တုနည်းပညာနဲ့ပတ်သက်ပြီး  ညဏ်ရည်တုနဲ့

လူသားတွေရဲ့ကြားထဲမှာရှိလာနိုင်တဲ့ သံယောဇဉ်တွေကိုပါချပြထားပါတယ်။

စိတ်ကူးယဉ်သိပ္ပံဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါ။

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nay Myo Thu ပဲဖြစ်ပါတယ်။)

#Zawgyi

ေသၿပီးတဲ့ေနာက္မွာ ဘ၀ႀကီးက ခ်က္ခ်င္းၿပီးသြားတာ မဟုတ္ဘူးဆို ဘယ္လိုလုပ္မလဲ။

ကိုယ့္ရဲ႕ အသိစိတ္ကို ခဏသိမ္းထားလို႔ရၿပီး ေနာက္မွာ က်န္ခဲ့မယ့္လူေတြကို ႏႈတ္ဆက္

စကားေျပာခြင့္ရမယ္ဆိုရဂ္ေရာ။ Artificial intelligence(ညဏ္ရည္တု)နည္းပညာနဲ႔

ပက္သက္တဲ့ နယ္ပယ္မွာ ပညာရွင္တိုင္းေျဖဖို႔ႀကိဳးစားေနတဲ့ေမးခြန္းတစ္ခုရွိတယ္။ “အသိ

စိတ္ကို ဖန္တီးလို႔ရလား”ဆိုတဲ့ေမးခြန္းပါ။ ဒီဇာတ္ကားထဲမွာေတာ့ ဒီေမးခြန္းကို႐ိုး႐ိုးေလး

ေျဖျပသြားတာကိုေတြ႕ရမွာပါ။ 1238ခုႏွစ္မွာ စက္႐ုပ္ပညာရွင္တစ္ေယာက္က ဂ်ပန္ႏိုင္ငံရဲ႕

ႏွင္းေတာထဲက အလုပ္႐ုံတစ္ခုမွာ လူလိုအသိညဏ္ရွိတဲ့စက္႐ုပ္ေတြကို ႀကိဳးစားၿပီးဖန္တီး

ေနတယ္။ သူ႔ရဲ႕အသိစိတ္ရွာပုံေတာ္က ေတာ္ေတာ္ေတာင္ခရီးေရာက္ေနၿပီေျပာရမယ္။

လိုအပ္ေနတာေလးေတြေတာ့ရွိေသးတာေပါ့။ ဒါေပမယ့္ သူကတိက်တဲ့ရည္႐ြယ္ခ်က္တစ္ခု

အတြက္ လူသားတစ္ေယာက္နဲ႔ထပ္တူက်တဲ့ စက္႐ုပ္တစ္႐ုပ္ကိုလိုခ်င္တာ။ တိတိက်က်ေျပာ

ရရင္ ေသသြားတဲ့သူ႔မိန္းမနဲ႔တူတဲ့ စက္႐ုပ္တစ္႐ုပ္ကိုလိုခ်င္တာ။တျဖည္းျဖည္းနဲ႔ သူ႔ရဲ႕အလုပ္

က အႏၲရာယ္မ်ားလာၿပီး စြန႔္စားရမွာေတြရွိလာတယ္။ သူေအာင္ျမင္ပါ့မလား။ ဘယ္လိုျပႆ

နာေတြကိုႀကဳံရဦးမလဲဆိုတာသိခ်င္ရင္ေတာ့ ဇာတ္ကားေလးကို ၾကည့္လိုက္ပါ။

————–
ဇာတ္ကားက IMDB Rating 6.3/10 ရရွိထားၿပီး si-fi ဇာတ္ကားတစ္ကားအေနနဲ႔ဆို မဆိုးဘူး

လို႔ေျပာရမွာပါ။ ခပ္ေအးေအးဇာတ္လမ္းနဲ႔ မထင္မွတ္ထားတဲ့ အဆုံးသတ္နဲ႔ ပရိတ္သတ္ကို ဪ

ဒီလိုလားဆိုၿပီးျဖစ္သြားေစပါလိမ့္မယ္။ ညဏ္ရည္တုနည္းပညာနဲ႔ပတ္သက္ၿပီး ညဏ္ရည္တုနဲ႔

လူသားေတြရဲ႕ၾကားထဲမွာရွိလာႏိုင္တဲ့ သံေယာဇဥ္ေတြကိုပါခ်ျပထားပါတယ္။

စိတ္ကူးယဥ္သိပၸံဇာတ္ကားေတြကိုႀကိဳက္ႏွစ္သက္သူေတြအေနနဲ႔ လက္မလႊတ္သင့္တဲ့ဇာတ္ကားတစ္ကားပါ။

(ဒီဇာတ္လမ္းရဲ႕ အၫႊန္းနဲ႔ ဘာသာျပန္ေရးသားေပးသူကေတာ့ Nay Myo Thu ပဲျဖစ္ပါတယ္။)

 

 

Quality – 720p WebRip

Duration – 1 hr 49 min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Sci-Fi

Source : 1080p.WebRip

Translator – Nay Myo Thu

Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Gavin Rothery
Stars
Hans Peterson, Jeremy Wheeler, Peter Ferdinando, Rhona Mitra, Richard Glover, Stacy Martin, Theo James, Timea Maday Kinga, Toby Jones
Popularity
53.994
Status
Released
ID IMDb.com
tt6882604
IMDB Rating
6.3
IMDB votes
1,200
ID Themoviedb.org
606234
TMDb Rating
7.5
TMDb votes
8