Art Of Devil 1 (2004)
Synopsis:
အမှားတစ်ခုကျူးလွန်မိပြီးဆိုရင်တာဝန်မယူရဲတဲ့စိတ်ဓာတ်ကသင့်နောက်ကိုအရိပ်ဆိုးတစ်ခုအဖြစ်နဲ့လိုက်နေမယ်ဆိုတာသိရဲ့လား ကိုယ်ပြုသည့်ကံကိုယ်သာခံဆိုပေမဲ့ တစ်ချို့အမှားတွေက..ကိုယ့်အပေါင်းအသင်းဆွေမျိုးမိသားစုတွေကိုတောင်..ဒုက္ခတွေရောင်ပြန်ဟပ်တတ်ပါတယ် လေရှည်နေမိပြန်ပြီး… ဇတ်ညွန်းဆီကိုသွားရအောင်ပါ…
သူဌေးကြီးpratanဟာBoomဆိုတဲ့ကောင်မလေးနဲ့မှောက်မှားပြီးတဲ့နောက်မှာတာဝန်ယူစိတ်မရှိတဲ့အပြင်…သူမဘဝအညွန့်ကိုပါချိုးပစ်လိုက်ပါတယ်…
အဲဒီလိုလုပ်လိုက်လို့သူ့ဆီဒုက္ခတွေဝေဆာလာတော့မယ်ဆိုတာသူမသိရှာခဲ့ပါဘူး…အဲဒီလိုသူ့ရဲ့အမှားတစ်ခုကြောင့် ခဏကပြောသလိုသူ့မိသားစုဆီကိုပါ
တစ်ညမှာPratanအသတ်ခံရပြီးတဲ့နောက်မှာသူ့ဇနီးဟောင်းရဲ့သမီး..နန်းကိုအမွေတွေလွှဲခဲ့ပေးကြောင်းသိရှိရပါတယ်…ဒီတော့Boomဟာ..သူ့ကိုလုပ်ခဲ့တဲ့အဖိုးကြီးရဲ့မိသားစုကိုသတ်ချင်တာကတစ်ကြောင်းအမွေကလိုချင်တာကတစ်ကြောင်း..ကိုင်း…
သူဘယ်လိုလုပ်ပြီးဒါတွေကိုလက်စသတ်မလဲဆိုတာကိုဖန်းသားပြင်ပေါ်မှာဆက်လက်ကြည့်ရှု့ရအောင်ပါ…
အပေါ်ကိုအညွန်းကိုဖတ်ပြီးရင်ဇတ်လမ်းကရိုးရှင်းနေတယ်လို့မထင်ပါနဲ့..ကျွန်တော်တို့တွေဟာလောကကြီးထဲအကောင်းအဆိုးဒွန်တွဲပြီးဝင်လာတာပါ..
ဒါပေမဲ့သူတို့နှစ်ခုကတော့ဆန့်ကျင်ဘက်ပါ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် အဲ့လိုမှမဟုတ်ပဲ အဆိုးတွေကိုသာရွေးချယ်နေရင်တော့..မလှသောသေခြင်းတရားတွေဟာသင့်ကိုလက်ကမ်းကြိုဆိုနေကြပါလိမ့်မယ်
ဘာသာပြန် နဲ့ အညွန်းကိုတော့ မျိုးဇင်က ရေးသားပေးခဲ့တာပါ
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။