Exit print mode Print Data A+ A- Undo all

As We Know It (2023)

As We Know It (2023)As We Know It (2023)

Synopsis:

As We Know It (2023)

Zombie တွေပါတဲ့ Horror အမျိုးအစားကိုမှ ကြောက်စရာမကောင်းဘဲ ဟာသဆန်ဆန် ရသစုံခံစားရမယ့် ဇာတ်ကားသစ်ဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်ကြားက နွေးထွေးတဲ့ Friendship နဲ့ Relationship တွေအကြောင်းကို မတူညီတဲ့ရှုထောင့်ကနေ ပေါ့ပေါ့ပါးပါးပုံဖော်ထားတာပါ။

ဇာတ်လမ်းအစက LA မှာ ပဲနို့ထုတ်တဲ့ ကုမ္ပဏီက ပဲနို့တွေ ပြသာနာပေါ်ပြီး ဗိုင်းရပ်စ်အဖြစ်ပြောင်းသွားကာ သောက်တဲ့လူတိုင်း ဖုတ်ကောင်တွေဖြစ်ကုန်ကြပါတယ်။ တစ်ကောင်နဲ့တစ်ကောင်လိုက်ကိုက်ပြီး ဗိုင်းရပ်စ်အနှံ့အပြား ကူးစက်နေတဲ့အချိန်မှာ ရည်းစားနဲ့ ပြတ်သွားပြီး ဘာမှမသိဘဲ အိမ်ထဲမှာ ဆွေးကောင်းနေတဲ့ ၀တ္ထုရေးဆရာ ဂျိမ်းစ်…
ဂျိမ်းစ်ကို ခေါ်ပြီး ဆီရက်တယ်ကို ပြေးဖို့ ဂျိမ်းစ်အိမ်ကို အပြေးအလွှားလာတဲ့ အချစ်ဆုံးသူငယ်ချင်း ဘရုစ်…

သူတို့နှစ်ယောက် ကားနဲ့သွားမလို့ပြင်ပြီးကာမှ ကားဆီမရှိတော့လို့ အိမ်မှာသောင်တင်နေပါလေရော။ အဲဒီအချိန်မှာပဲ ဂျိမ်းစ်ရဲ့ရည်းစားဟောင်း အမ်မလီက သူ့သူငယ်ချင်းတွေနဲ့ မပြေးခင် အဆင်ပြေလား လာမေးရင်း ဖုတ်ကောင်တွေသောင်းကျန်းလို့ သူပါ ဂျိမ်းစ်တို့နဲ့ ပိတ်မိနေတဲ့အခါ… သူတို့ရဲ့တွဲခဲ့တုန်းက မပွင့်လင်းခဲ့တာတွေ ပြန်လည် ဖြေရှင်းရင်း ဘရုစ်နဲ့ အမ်မလီတို့ရဲ့ အတိတ်ကိုပါ သိလိုက်ရတဲ့ ဂျိမ်းစ်တစ်ယောက် အသည်းနှစ်ထပ်ကွမ်း ကွဲသလိုဖြစ်သွားပါတယ်။

ဒီကြားထဲ ဖုတ်ကောင်ကပ်ဆိုးကြီးကလည်း မပြီးသေးတော့ အိမ်ထဲမှာ သူတို့၃ယောက်သား ပိတ်မိနေပြီး အရင်က အမှားတွေ မကျေလည်တာ‌တွေကို ပြန်လည်‌ဖြေရှင်းတာကို တွေ့ရမှာပါ။ ကံကောင်းတာက ဘရုစ်က မထင်မှတ်ဘဲ ဗိုင်းရပ်စ်အတွက် ဖြေဆေးရှာတွေ့သွားပြီး ဘယ်လိုအလှည့်အပြောင်းတွေ ဆက်ဖြစ်ဦးမလဲဆိုတာ… ဆက်လက်ပြီး ရှုစားပေးကြပါ။

(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.7GB, 780MB
Quality – 1080p, 720p
IMDb Rating – 5.6/10
Format – mp4
Duration – 1H 24Min
Genre – Comedy, Horror, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by Shune Lai KK
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Josh Monkarsh
Stars
Chris Parnell, Mike Castle, Oliver Cooper, Pam Grier, Taylor Blackwell
Release Date
2023
Rated
Unrated
Runtime
1h 24m
Country
United States
Popularity
10.84
Status
Released
ID IMDb.com
tt21426848
IMDB Rating
5.6
IMDB votes
67
ID Themoviedb.org
1194019