Channel Myanmar

At Eternity’s Gate (2019)

At Eternity's Gate    

N/A 111 min BiographyDrama

7.0
IMDB: 7.0/10 1,885 votes

, , , , , , , , ,

N/A

Switzerland, UK, France, USA, Ireland

388311

Report error

အချိန်​မှားပြီးမွေးဖွားခဲ့တဲ့……….. ခေတ်​အဆက်​ဆက်​…တည်​မြဲနေဦးမယ့်…………

ပန်းချီကားတို့ရဲ့ ဖန်​တီးရှင်​…ဗင်းဆင့်​ဗန်​ဂိုး…………

ဗန်​ဂိုးဟာ ဒတ်​ခ်ျ​လူမျိုးပန်းချီဆရာတစ်​ယောက်​ပါ……

သူ့ရဲ့စိတ်​ခံစားချက်​ကို အရောင်​များနဲ့ဖော်​ပြတတ်​သူဖြစ်​ပြီး……

သူ့ရဲ့ပန်းချီကားတွေမှာ ပြင်းပြတဲ့စိတ်​ဆန္ဒကို ကြက်​သီးထဖွယ်​တွေ့မြင်​ရတတ်​ပါတယ်​…….

သူဟာပန်းချီကို အလွန်​ရူးသွပ်​သူတစ်​ယောက်​ဖြစ်​ပြီး

အသက်​ ၂၇နှစ်​မှစတင်​ပြီး ပန်းချီဆွဲခဲ့တာပါ…..

လောကမှ နာမည်​အကျော်​ကြားဆုံးနဲ့ ကံအဆိုးဆုံး

ပန်းချီဆရာတစ်​ယောက်​ဆိုရင်​လည်း မမှားပါဘူး

ဘာလို့လဲဆိုတော့ သူဟာ အချိန်​မှားပြီးမွေးဖွားလာခဲ့လို့ပါပဲ……

သူ့ခေတ်​က ပန်းချီပညာရှင်​အများစုက သူ့ကို အသိအမှတ်​မပြုခဲ့ကြပေမယ့်

ခေတ်​သစ်​ပန်းချီဆရာတွေကတော့ သူ့ပန်းချီကားတွေရဲ့ထူးခြားချက်​ကို

အသိအမှတ်​မပြုဘဲ မနေနိုင်​ကြပါဘူး သူ့ပန်းချီကားတွေဟာ သူသေဆုံးပြီး

နှစ်​၃၀ဆယ်​ခန့်​ကြာမှ စတင်​နာမည်​ကျော်​ကြားလာခဲ့တာဖြစ်​ပါတယ်

ဘဝတစ်​လျှောက်​လုံး ဆင်းရဲနွမ်းပါးစွာနေလာခဲ့ရပြီး သေသွားသည့်​တိုင်​အောင်

သူ့ကို ဘယ်​သူကမှ အသိအမှတ်​မပြုခဲ့ပါဘူး

ဒါပေမယ့်​ ၁၀နှစ်​လုံးလုံး ပန်းချီဆွဲတဲ့အလုပ်​ကို စိတ်​ဓာတ်​ကြံ့ခိုင်​စွာနဲ့

ဇောက်​ချလုပ်​ခဲ့ပါတယ်​ အသက်​ ၃၇နှစ်​မှာသေဆုံးခဲ့ပြီး ………

ပန်းချီဆွဲခဲ့တဲ့ ၁၀နှစ်​တာ ကာလတစ်​လျှောက်​မှာ

ပန်းချီကားချပ်​ပေါင်း ၁၆၀၀ခန့်​ရေးဆွဲခဲ့ပါတယ်

ပန်းချီကားတိုင်းဟာ သူပြောပြချင်​တဲ့ အကြောင်းအရာတွေ

သူဖော်​ပြချင်​တဲ့ စိတ်​ခံစားမှုအခြေအနေတွေ ပြည့်​နှက်​နေပါတယ်

သူအသက်​ရှင်​စဉ်​ကာလတစ်​လျှောက်​မှာ ပန်းချီကားက ၁ချပ်​ပဲရောင်းခဲ့ရပါတယ်

 အဲ့ဒါတောင်​မှ သူ့မိတ်​ဆွေနာမည်​ကြီး ပန်းချီဆရာတစ်​ယောက်​က

ခင်​မင်​မှုသဘောနဲ့ဝယ်​ယူခဲ့တာပါ အစမှာပြောခဲ့သလိုပဲ

သူဟာ အချိန်​မှားပြီး မွေးဖွားလာခဲ့တာပါ

အခုချိန်​မှာဆိုရင်​တော့ သူ မသေခင်​ကရေးဆွဲခဲ့တဲ့

“Portrait of Dr Gachet” ဆိုတဲ့ ပန်းချီကားဟာ ဒေါ်လာ ၁၀၀ မီလီယံကျော်​တန်​ကြေးရှိပါတယ်

ဒါတွေကတော့ ဇာတ်​ကားလေးမကြည့်​ခင်​ သိထားသင့်​တဲ့

သူ့ရဲ့သနားစဖွယ်​ ဇာတ်​ကြောင်းလေးတစ်​ခုပါ…….

ဒီဇာတ်​ကားလေးထဲမှာတော့ အနုပညာကိုရူးသွပ်​ပြီး

သိပ်​ကိုသံယောဇဉ်​ကြီးမားတဲ့ ဗင်​ဆင့်​ကိုဂရုဏာသက်​ဖွယ်​ တွေ့ရှိရမှာပါ

ဒီဇာတ်​ကားလေးဟာ အနုပညာရှင်​ကြီး ဗင်​ဆင့်​ဗန်​ဂိုးရဲ့ အတ္ထုပ္ပတ္တိဆိုရင်​လည်း မမှားပါဘူး…

ဒါ့အပြင်​ ကမ္ဘာကျော်​ ပန်းချီဆရာကြီး ဗင်​ဆင့်​ဗန်​ဂိုးရဲ့ အနုပညာအပေါ်သဘောထားနဲ့

ခိုင်​မာတဲ့စိတ်​ဓာတ်​ကို ဒီဇာတ်​ကားထဲမှာ လေးစားဖွယ်​တွေ့ရှိရမှာပဲဖြစ်​ပါတယ်​….

 

File Size : ( 957 MB) & ( 231 MB)

Quality : Web-DL 720p

Running Time :1hr 34 min

Format : Mp4

Genre : Biography , Drama

Subtitle : Myanmar Subtitle (Hard Sub)

Translated by Mg King

Encoded by Moe Myint Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

At Eternity’s Gate (2019)
At Eternity’s Gate (2019)
At Eternity’s Gate (2019)
At Eternity’s Gate (2019)


No downloads available

Genres



Related movies