Channel Myanmar

HEVC 1080p 5.1 Austin Powers in Goldmember (2002)
Report error

Austin Powers in Goldmember (2002)

N/A    

N/A 1h 34m ActionAdventureComedy

6.2
IMDB: 6.2/10 203k votes

, , , ,

5 wins & 22 nominations

USA

356763

Report error

James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)

အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။

ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့

Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ ကစ်တာဘယ်လောက်အထိလဲဆိုရင်

Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီး ကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း

Dr.Evilကလိုက်ဝတ်တာမျိုး၊ ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်း

Random Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ

ရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံး

မျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။

အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။

ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကို

ထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာ အရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို

ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီး ပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း

ပိုDarkတဲ့ ဂျိန်းဘွန်းဇာတ်ကားတွေအဖြစ် ပုံစံပြောင်းခဲ့ရကြောင်း ဖြေခဲ့ပါတယ်။

ပြီးတော့ ဂျိန်းဘွန်းဇာတ်ကောင်ကိုင်တဲ့ Walther PPK/s .380ပစ္စတိုသေနတ်အတိုင်းလည်း Austin Powersဇာတ်ကောင်ဟာ Walther PPK/s .380ကို ကိုင်ဆောင်ပါတယ်။

Austin Powersကားတွေဟာ ဂျိန်းဘွန်းကားတွေကိုပဲ ပြောင်ထားတာမဟုတ်ပဲ Star Warsဇာတ်ကားတွေ၊ အဲ့ဒီခေတ်က ဗြိတိန်မှာနာမည်ကြီးခဲ့တဲ့

ကြော်ညာတွေ၊ showတွေကိုပါ ပြောင်ထားတာအပြင် တရုတ်ရှင်ရှင်(ဟောင်ကောင်ကားဟောင်း)တွေမှာ မှုန်ဝါးဝါးစာတန်းထိုးတာတွေကိုရော၊

ဗြိတိန်နိုင်ငံရဲ့အိမ်ရှေ ့စံဟောင်းကြီး ချားလ်စ်မင်းသားကိုပါ ပြောင်ထားတဲ့အတွက် ဇာတ်ကားတွေထွက်လာတဲ့အချိန်မှာ

ဗြိတိန်နဲ့အမေရိကဘက်မှာဝက်ဝက်ကွဲပေါက်ခဲ့ပြီး American Film Institueရဲ့ဟာသကား၂၀၀၀ကနေ အရယ်ရဆုံးကားငါးရာရွေးတဲ့အထဲမှာ

ထိပ်ဆုံးကား၁၀၀ထဲမှာပါတဲ့အရမ်းရီရတဲ့ကားတွေအဖြစ်ကိုသတ်မှတ်ခံခဲ့ရပါတယ်။

(ဒါ့အပြင် ဒီကားဟာ ဘာသာပြန်ရခက်တဲ့ကားတွေထဲပါ ပါတယ်။ တချို ့ဟာသတွေက ဗြိတိန်နိုင်ငံထဲမှာပဲနေတဲ့လူတွေပဲ

နားလည်တဲ့ဟာသတွေဖြစ်နေတာတို့၊ စကားပြောတွေကလည်း အဓိပ္ပါယ်နှစ်ခွထွက်တဲ့စကားတွေဖြစ်နေတာတို့ကြောင့်

ပြန်ရတော်တော်ကိုခက်ပါတယ်။ တချို ့စာသားတွေဆိုရင် ဘိုလိုကြည့်မှရယ်ရပြီး ဘာသာပြန်လိုက်ရင်

မရယ်ရတာမျိုးတွေပါတဲ့အတွက် ပြန်ရတော်တော်ကိုလက်ပေါက်ကပ်ပါတယ်။ အတတ်နိုင်ဆုံးတော့ ဟာသအာဘော်ကိုထိမိအောင်ကြိုးစားထားပါတယ်)။

ဒါပေမယ့် ဒီကားထွက်လာခါနီးမှာ အိမ်ရှေ ့စံဟောင်းကြီးရဲ့ကြင်ယာတော်ဟောင်း မင်းသမီးဒိုင်ယာနာကွယ်လွန်သွားခဲ့လို့

သူတို့အိမ်ထောင်ရေးကိုဟာသလုပ်ထားတာပါတဲ့ ဒီကားကိုဗြိတိန်နိုင်ငံမှာ ရုံတင်ပြသတာကိုမလုပ်ခဲ့ရပါဘူး။

နောက်ပိုင်းအခွေထွက်လာမှပဲ ဗြိတိန်နိုင်ငံက လူတွေကြည့်ခွင့်ရကြတာပါ။

ဟာသကားဆိုပြီး ငပေါကားပါကွာဆိုပြီး ပေါ့သေးသေး မထင်ကြနဲ့ဦး

ဒီTrilogyမှာ ဟောလီးဝုဒ်အနုပညာလောကရဲ့တကယ့်ဂရိတ်၊ ဂရိတ်ကြီးဖြစ်တဲ့ ဒါရိုက်တာကြီး

Steven Spielberg၊ မင်းသားကြီး Michael Caine၊ Tom Cruise၊ Larry Thomas၊ Brian George၊ Tom Arnoldတို့အပြင်

Former Bond Girl Lois Chiles၊ Britney Spearsတို့ဟာ အဓိကဇာတ်ဆောင်နေရာမှာရော၊ ဧည့်သည်သရုပ်ဆောင်နေရာမှာပါ အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒါ့အပြင် အလန်းဆုံးဆုံးကတော့ အဆိုတော် Beyonceဟာ တတိယကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားတာပါ။

ပြီးတော့ ပထမကားရဲ့ဇာတ်လမ်းဟာလည်း Marvel hero Captain Americaကိုပြောင်ထားတာဖြစ်ပါတယ်။

ပထမကားမှာ မင်းသားဟာ အေးခဲခံလိုက်တဲ့အတွက် ပြန်နိုးလာချိန်မှာ Captain Americaလိုပဲ ပြောင်းလဲသွားတဲ့ခေတ်နဲ့အံဝင်ခွင်ကျဖြစ်မနေတာ ပါ ပါတယ်။

ဒါ့အပြင် ဟာသမင်းသားကြီး Jim Carreyကို မူလက Dr.Evilနေရာမှာ သရုပ်ဆောင်ဖို့လုပ်ထားပေမယ့် မင်းသားကြီးဟာ

Liar Liarဇာတ်ကားနဲ့ရိုက်ရက်တိုက်နေတဲ့အတွက် မပါဖြစ်ခဲ့တာပါ။

Austin Powersနေရာကသရုပ်ဆောင်ထားတဲ့မင်းသားကြီး Mike Meyersဟာ ဒီကားရဲ့ဇာတ်ကောင်ကိုဖန်တီးရာမှာ ပိုအာရုံစိုက်ချင်တဲ့အတွက်

A third Wayne’s World (1992)ရုပ်ရှင်ကိုမရိုက်တော့ပဲ Austin Powersဇာတ်ကောင်ကိုပဲ ဇောက်ချပြီးဖန်တီးခဲ့တဲ့အတွက် ဒဏ္ဍာရီဆန်တဲ့

Austin Powersဇာတ်ကောင်ဟာ အသက်ဝင်လာခဲ့တာပါ။

ပြီးတော့ ဒီကားထဲကဇာတ်ကောင်တွေဟာ Deadpoolလိုပဲ 4th wallခနခနဖောက်တတ်ပါသေးတယ်

ကဲ…ပြောတာလေအရမ်းရှည်နေပြီဆိုတော့ ပထမကားရဲ့ဇာတ်လမ်းအကျဉ်းကိုပြောပြကြတာပေါ့

တတိယကားရဲ့ဇာတ်လမ်းအကျဉ်းကတော့…..

ဒီကားမှာလည်း ဒေါက်တာကြီးရဲ့သောက်ကျိုးနည်းအစီအစဉ်တွေကို ထပ်မြင်ရဦးမှာပါ

ဒေါက်တာကြီးဟာ အော်စတင်ကိုမနိုင်ပဲဖြစ်နေတာကြောင့် နောက်ထပ်လူဆိုးကြီးတစ်ယောက်နဲ့ပူးပေါင်းလိုက်ပါတော့တယ်

အော်စတင်ကြီး အဲ့ဒီလူဆိုးကြီးနှစ်ယောက်နဲ့ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို ကိုယ်တိုင်ပဲကြည့်လိုက်ပါ

အရယ်သန်သူများ သေးပေါက်ပြီးမှကြည့်ကြဖို့သတိပေးပါရစေ

ဒီကားဟာ ဟာသကားပေမယ့် အောက်လုံးဟာသတွေအများကြီးပါလို့ အသက်၁၅နှစ်အောက်မကြည့်ရတဲ့ထဲမှာပါကြောင်းလည်း အသိပေးပါရစေ

IMDb 6.2/10

 

File size…1.68GB / 909MB
Quality…1080p HEVC AAC 5.1CH / 720p
Format…Mp4
Duration….1h 34mins
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Dr.Nyan



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director

Cast

Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)
Austin Powers in Goldmember (2002)


No downloads available

Genres



Related movies