Exit print mode Print Data A+ A- Undo all

Babylon (2022)

Always make a scene.
Babylon (2022)Babylon (2022)

Synopsis:

Babylon (2022)

~ IMDb – 7.6/10, RT – 56%, Meta – 60% ~

La La Land ဒါရိုက်တာ Damien Chazelle ရဲ့ Feature Film အသစ်ပါ။ Brad Pitt, Margot Robbie, Tobey Maguire တို့လို နာမည်ကျော် cast တွေကိုသုံးထားသလို Diego Calva လို နာမည်မရှိသေးတဲ့ မင်းသားကိုပါ တွဲဖက်သုံးပေးထားပါတယ်။ လာမယ့်အော်စကာအတွက် Best Original Score, Best Production Design နဲ့ Best Costume Design ဆုတို့အတွက် ၃နေရာ ဆန်ခါတင် ဝင်ထားပါတယ်။

ဇာတ်လမ်းကတော့ ၁၉၂၀နှောင်းပိုင်းက ဟောလိဝုဒ်ရဲ့ အသံတိတ်ရုပ်ရှင်တွေကနေ အသံထွက်ရုပ်ရှင်တွေဆီ အကူးအပြောင်းကာလမှာ ဟောလိဝုဒ်ရဲ့ ရွှေခေတ်တုန်းဆီမှာ ဇာတ်အိမ်တည်ထားပါတယ်။ အကြောင်းအရာကတော့ အဲဒီဟောလိဝုဒ်ရွှေခေတ်တုန်းက အသံတိတ်ကနေ အသံထွက်အကူးအပြောင်းမှာရော လောကကြီးရဲ့တခြားဖြစ်မြဲ အကူးအပြောင်းတွေမှာပါ အောင်မြင်ခဲ့ ကျရှုံးခဲ့ကြတဲ့ ရုပ်ရှင်လောကသားတွေ သရုပ်ဆောင်တွေ သူတို့အိပ်မက်တွေအကြောင်းပါ။ ဇာတ်ကတော့ ဘတ်ဂျက်နိုင်နိုင်နဲ့ ဟောလိဝုဒ်ရွှေခေတ်တစ်ခါကို Epic Film တစ်ကားလို ခင်းကျင်းထားတယ်။ ဒါပေမဲ့ သူ့ ဟောလိဝုဒ်ရွှေခေတ်ကို ပြပုံက တာရန်တီနိုရဲ့ Once Upon A Time In Hollywood ပုံစံမျိုးသွားတယ်။ နည်းနည်းတောင် ပိုဂကြောင်နိုင်မလားပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ဒရာမာတွေမှာ လွှမ်းမိုးမှုကြီးတဲ့ အထင်ကရရုပ်ရှင် Citizen Kane ဆန်ဆန် အငွေ့အသက်မျိုး ပြန်လွှမ်းထားတယ်။ ပြောရရင် ဒီကားက ကြောင်လည်းကြောင်တယ် ဒရာမာလည်းအားကောင်းတယ်။

ဘရက်ပစ်ကတော့ ဘရက်ပစ်နဲ့တူအောင်ပဲ သရုပ်ဆောင်သွားသလို မားဂေါ့ကလည်း မားဂေါ့နဲ့ပဲ တူအောင် သရုပ်ဆောင်သွားတယ်။ ကျွန်တော်တို့မြင်နေကျ သူတို့ပုံစံတွေပဲ အများကြီး ထူးကဲသွားခြင်းမျိုးတော့ မရှိဘူး။ ဒါပေမဲ့လည်း အရင်လိုပဲ ကြည့်တော့ကောင်းဆဲပါပဲ။ မားဂေါ့ဟာလည်း ဆက်စီကျကျနဲ့ လှဆဲပါပဲ။ ထူးတာက Tobey Maguire… ဒီထဲကလို ဇာတ်ရုပ်မျိုး သိသလောက် သူသရုပ်မဆောင်ဖူးဘူး။ သူ့ကို ဒီကားရဲ့ မထင်မှတ်ထားဆုံးနေရာမှာ တွေ့လိုက်ရတယ်လို့တောင်ပြောရမယ်။ နောက် ဒီကားရဲ့ တကယ့်မင်းသားလို့ပြောရမယ့် Diego Calva, သူလည်း သူ့ဇာတ်ရုပ်နဲ့လိုက်ဖက်တယ်ပြောရမှာပဲ။ စတားတွေကြား စတားမဟုတ်ပေမဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ဘဲပေါ့။ Jean Smart လို ဝါရင့် မင်းသမီးကြီးလည်း အဆစ်ပါသေးတယ်။

Epic Film ပီသစွာပဲ ခမ်းခမ်းနားနား ပုံဖော်သွားတာကြောင့်ရော အပုပ်အစပ်တွေရောနေတဲ့ ဟောလိဝုဒ်ရဲ့လှပတဲ့ရွှေခေတ်ကို ပုံဖော်ထားတာကြောင့်ရော ဒီရုပ်ရှင်ဟာ ခမ်းနားတယ်။ ရုပ်ရှင်သမိုင်းရဲ့ နာမည်အကြီးဆုံး ကားမှန်သမျှနီးပါးကို Homage ပေးသွားတယ်။ ကူးဘရစ် အင်ဂမာဘာ့ခ်မန်း ချာလီချက်ပလင် Singing in the Rain, The Wizard of Oz, A Trip to the Moon, ဘူတာရုံမှာ ရထားဆိုက်တဲ့ ပထမဆုံးရုပ်ရှင် စစသဖြင့် အစုံပါပဲ။ ဒါပေမဲ့ ဒီဇာတ်အိမ်ကာလကတော့ ဒီရုပ်ရှင်တွေထဲကအများစုထက်ရှေးကျပါတယ်။ ရုပ်ရှင်ရဲ့ပြောင်းလဲမှု အဆင့်ဆင့်ကို ပြသွားခဲ့တယ်လို့ ပြောလည်းရတာပါပဲ။ ဇာတ်ကောင်တွေဟာ တကယ့်လူတွေမဟုတ်ပေမဲ့ တကယ်ရှိခဲ့တဲ့လူတွေကနေပဲ အခြေခံပြီး ဖန်တီးထားတာပါ။ ဘရက်ပစ်ရဲ့ဇာတ်ကောင်ဆို John Gilbert လို့ခေါ်တဲ့ အဲဒီခေတ်ကာလက မင်းသားကြီးကိုပဲ အခြေခံပြီး တည်ဆောက်ထားတာဖြစ်သလို တကယ့်သမိုင်းထဲမှာပဲ အခြေတည်ပြီး ဖန်တီးထားတဲ့ ဇာတ်အိမ်လည်းဟုတ်တယ်။ မားဂေါ့နေရာမှာ အစက အမ်မာစတုန်းကို မင်းသမီးကြီး Clara Bow ကို အခြေခံထားတဲ့ ဇာတ်ကောင်နဲ့ထည့်ဖို့လုပ်ထားပေမဲ့ မားဂေါ့နဲ့ လူစားလဲလိုက်တဲ့အခါမှာတော့ ဒီဇာတ်ကောင်ဟာ ဖစ်ရှင်ဇာတ်ကောင်ဘက်ကိုပဲ ပိုရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း နယ်လီဇာတ်ကောင်ကတော့ Clara Bow ကို အခြေခံထားတဲ့ဇာတ်ကောင်ပါပဲ။

ဒီဇာတ်ဟာ ၃နာရီလောက် တမေ့တမောကြည့်ရမယ့် ဇာတ်ပေမဲ့ လေးကန်ခြင်းအလျဉ်းမရှိဘဲ သွက်သွက်လက်လက်နဲ့ကို တင်ဆက်သွားပါတယ်။ ဆိုတော့ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရယ်လည်းရယ်ရ၊ ဒရာမာတွေလည်း ခံစားရ၊ မိသားစုနဲ့လည်း အတူမကြည့်ရမယ့် ဟောလိဝုဒ်ရဲ့ ရွှေခေတ်အကြောင်း နောက်ထပ်ကားကောင်းတစ်ကား ထွက်လာတယ်လို့ ဆိုလို့ရပါတယ်။

(ဒီဇာတ်ကားကို Pyi Ti Nyein, Thiha Yan Naing နဲ့ X တို့မှ ပြန်ဆို‌ပေးထားကြပါတယ်)

Size – 2.7GB, 1.3GB, 810MB
Quality – 1080p, 720p, 480p
IMDb Rating – 7.6/10
Format – mp4
Duration – 3H 9Min
Genre – Comedy, Drama, History
Subtitle – Myanmar Subtitle (Hardsub)
Translated by Pyi Ti Nyein, Thiha Yan Naing and X
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Damien Chazelle
Stars
Albert Hammond Jr., Alex Reznik, Alexandre Chen, Andrew Hawtrey, Anthony Burkhalter, Anton Hedayat, Arely Vianet, Ariel Flores, Armando Cosio, Aurielle Simmons, Bob Clendenin, Brad Pitt, Bregje Heinen, Brenna Power, Bryan Scott Johnson, Carlos Nunez, Carson Higgins, Chloe Fineman, Chris Doubek, Christopher Allen, Cici Lau, Circus-Szalewski, Cutty Cuthbert, Cyrus Hobbi, Dana Marcolina, Danny Jolles, David Abed, David Ury, Diego Calva, Dorian Martin, Douglas Fruchey, E.E. Bell, Eamon Hunt, Eric Roberts, Ethan Suplee, Flea, Frederick Koehler, Freya Parker, Gene Kelly, Hansford Prince, Hayley Huntley, Ireland Sexton, J.C. Currais, James Crittenden, James Vincent, James Wellington, Jean Smart, Jeff Garlin, Jennifer Grant, Jeremy Roberts, Jim Allen Jackson, Jim O'Brien, Jimmy Ortega, Joe Dallesandro, John Kerry, John Macey, John Mariano, Johnny Hoops, Jonathan Ohye, Jonathan Thomson, Jovan Adepo, Judy Garland, Julian Lefevre, Kaia Gerber, Karen Bethzabe, Karina Fontes, Karolina Szymczak, Katherine Waterston, Katia Gomez, Kelly Meyer, Kenajuan Bentley, Kevin Symons, Laura Steinel, Lewis Tan, Li Jun Li, Lukas Haas, Manny Liotta, Marc Platt, Marcos A. Ferraez, Margot Robbie, Mather Zickel, Max Minghella, Mike Fletcher, Miraj Grbić, Nana Ghana, Noah Reilly, Olivia Hamilton, Olivia Wilde, Oscar Balderrama, P. J. Byrne, Pat Skipper, Patrick Fugit, Pete Ploszek, Phoebe Tonkin, Ric Sarabia, Richard Clarke Larsen, Robert Beitzel, Robert Morgan, Robert Patrick, Rory Scovel, Samara Weaving, Sarah Ramos, Sean O'Bryan, Sol Landerman, Sophia Magaña, Spencer Morgan, Spike Jonze, Stephen Thomas, Tal Seder, Taylor Hill, Taylor Nichols, Telvin Griffin, Terry Walters, Tobey Maguire, Todd Giebenhain, Trisha Simmons, Troy Metcalf, Tyler Seiple, Vanessa Bednar, Walker Hare, Yissendy Trinidad, Zack Newick
Release Date
2022
Rated
R
Runtime
3h 9m
Awards
Nominated for 3 Oscars, 29 wins & 139 nominations total
Country
United States
Budget
USD $78 000 000,00
Revenue
USD $15 233 321,00
Popularity
327.521
Status
Released
ID IMDb.com
tt10640346
IMDB Rating
7.6
IMDB votes
35000
ID Themoviedb.org
615777
TMDb Rating
7.792
TMDb votes
590