Exit print mode Print Data A+ A- Undo all

Bad Times at the El Royale (2018)

All Roads Lead Here.
Bad Times at the El Royale (2018)Bad Times at the El Royale (2018)

Synopsis:

Bad Times at the El Royale (2018)
IMDb – 7.1/10_____Rotten – 75%

အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2018 မှာ ထွက်လာတဲ့ အသစ်စက်စက်ရုံတင်ကား Bad Times At The El Royale ဆိုတဲ့ ဇာတ်ကားလေးပါ

El Royale ဆိုတဲ့ ဟိုတယ်ရှေ့မှာ ဖာသာဒန်နီယယ်ဖလင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးနဲ့ အဆိုတော်ပေါက်စခါလင်းဆွိတို့ တွေ့ဆုံတဲ့နေရာကနေ ဇာတ်လမ်းလေးကို စတင်ထားပါတယ်

ဒါလင်းကတော့ ကယ်လီဖိုးနီးယားကနေ သီချင်းဆိုဖို့ လာခဲ့တာဖြစ်ပါတယ်

ဒါပေမဲ့ ငွေကြေးသိပ်မပြည့်စုံလို့ ဒီဟိုတယ်မှာလာတည်းတာပါ

ဖာသာဖလင်းကတော့ သူ့ညီဖြစ်သူ ဖွက်ထားခဲ့တဲ့ ငွေတွေကို ပြန်ယူဖို့ ဟိုတယ်ကို ရောက်လာခဲ့တာပါ

သူတို့အရင် ဟိုတယ်မှာ ရောက်နေနှင့်တဲ့သူကတော့ ဖုန်စုပ်စက်အရောင်းဝန်ထမ်းဟန်ဆောင်ထားတဲ့ အေးဂျင့်ဘရော့ဘက်ပါ သူ့မှာလည်း လူတွေသိပ်မတည်းကြတော့တဲ့ El Royale ကို လာတည်းရတဲ့ အကြောင်းတစ်ခုရှိနေပါတယ်

ဟိုတယ်တစ်ခုလုံးမှာ ဝန်ထမ်းဆိုလို့ မိုင်စ်မီလာဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ ရှိပါတယ်

သူကလဲ ဆေးကြောင်နေတာလိုလို တစ်ခုခုကိုပဲ လန့်နေတာလိုလိုနဲ့ လျှို့ဝှက်ချက်တွေနဲ့ပါ နောက်ဆုံးမှ ရောက်လာတာကတော့ အမ်မလီဆိုတဲ့ ဟစ်ပီလေးပါ

သူကတော့ ဟိုတယ်မှာ ဘယ်လိုအခန်းပဲတည်းရတည်းရဆိုပီး အခန်းတစ်ခန်းကို ငှားလိုက်ပါတယ်

သူကရော ဘာတွေ လျှို့ဝှက်ထားတာလဲ အကြောင်းကိုယ်စီ လျှို့ဝှက်ချက်ကိုယ်စီနဲ့ ရောက်လာကြတဲ့ သူစိမ်းတွေအားလုံး ဒီဟိုတယ်ထဲမှာ ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမှာလဲဆိုတာတော့ သည်းထိပ်ရင်ဖိုနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးပါ

IMDB rating က 7.1 ထိရထားနဲ့ ထိုက်တန်သလို ကြည့်ရအတော်ကောင်းတဲ့ ဒရမ်မာကားလေးပါ

ဒါ့အပြင် ဒီထဲမှာ အော်စကာဆုရမင်းသားကြီး Jeff Bridges, Thor မင်းသား Chris Hemsworth နဲ့ Fifty Shades Of Grey မင်းသမီး Dakota Johnson တိုနဲ့အတူ တခြားနာမည်ကြီးသရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ပေးထားပါတယ်

လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေ

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ)

————————————————————–














 


 

File Size : (900 MB)
Quality : WEB-DL 720p
Running Time : 2h 21min
Format : Mp4
Genre : Crime, Drama, Mystery
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.WEB-DL.H264.AC3-EVO
Translated by May Tharaphi Lwin
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Bad Times at the El Royale
Director
Drew Goddard
Stars
Cailee Spaeny, Chris Hemsworth, Cynthia Erivo, Dakota Johnson, Jeff Bridges, Jon Hamm, Lewis Pullman, Nick Offerman, Shea Whigham, Xavier Dolan
Release Date
12 Oct 2018
Rated
R
Runtime
2h 21min
Awards
2 wins & 9 nominations
Country
USA
Budget
USD $32 000 000,00
Popularity
37.611
Status
Released
ID IMDb.com
tt6628394
IMDB Rating
7.1
IMDB votes
119,448
ID Themoviedb.org
446021
TMDb Rating
6.8
TMDb votes
338