Channel Myanmar

Badrinath 2011
—————————–

ဘောလိဝုဒ် ဇာတ်ကားကောင်းတွေပဲကြည့်ရှုတတ်တဲ့ ပရိသတ်များအတွက်
မင်းသားချော Allu Arjun ရဲ့ 2011ကထွက်ရှိထားတဲ့ Romance, Action ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။

အရည်အချင်းရှိပြီးထက်မြတ်လှတဲ့စစ်သည်တော်တစ်ယောက်အဖြစ် ဘုန်းတော်ကြီးတစ်ပါးမှ
လေ့ကျင့်ပေးထားတဲ့ ဘဒ်ဒရီတစ်ယောက်ဟာ တိုက်ရေးခိုက်ရေးမှာ ရန်သူ ၁၀၀ကို
မျက်စိမှိတ်တိုက်ခိုက်နိုင်တဲ့အထိ နှလုံးရေပြည့်ဝလှပါတယ်။ “ဘဒ်ဒရီနတ်” ဘုရားကျောင်းကို
စောင့်ရှောက်ပေးဖို့ တာဝန်ရရှိခဲ့ပြီး တစ်နေ့မှာ ဘုရားတွေကိုအယုံအကြည်မရှိတဲ့
ဘာသာမဲ့သူဌေးမလေး အလက္ကန်နန္ဒာရောက်လာပြီးတဲ့နောက်မှာ မတည့်ကြတဲ့သူတို့တွေ
ချစ်ကြိုးသွယ်သွားမလား။ ဘယ်လိုရန်သူအနှောင့်အယှက်တွေပေါ်လာမလဲဆိုတာ
ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်စွာကြည့်ရှုရမှာပါ။ US$ 5.3 million အကုန်ကျခံရိုက်ထားပြီး
အဲဒီခေတ်အခါတုန်းက ကုန်ကျစရိတ်အများဆုံး ဇာတ်ကားများထဲက တစ်ကားဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင်ချက်၊ တိုက်ခိုက်ခန်း၊ ကခန်းတွေလည်း မြိုင်ဆိုင်လှတဲ့အပြင် မင်းသားချော
Allu Arjun ရဲ့ ဆံပင်ပုံစံကလည်း တမျိုးလေးဆန်းနေပြီး အတော်လေးလိုက်ဖက်နေတဲ့အတွက်
အမာခံပရိသတ်များအဖို့ သဘောတွေ့စေမဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းပေးပါရစေ။

File size…4.26GB / 1.98GB
Quality…1080p BluRay / 720p
Format…mp4
Duration….2h 20m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Taylor 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Badrinath (2011)


No downloads available

Genres



Related movies