Channel Myanmar

Baragaki: Unbroken Samurai (2021)

~ IMDb – 6.3/10, MyDramaList – 7.2/10 ~

ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။

အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ – ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ရုပ်ရှင်နှစ်ကားနဲ့ စီးရီးသုံးခုရှိပါတယ်။ ဒီ Baragaki: Unbroken Samurai ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ကားပါ။ Hell Dogs (2022) နဲ့ Sekigahara (2017) ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Masato Harada ရိုက်ကူးပြီး Jidaigeki (သမိုင်းဆိုင်ရာရုပ်ရှင်ဇာတ်လမ်းတွဲများ) မှာ သရုပ်ဆောင်လေ့ရှိတဲ့ Junichi Okada က ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Hijikata Toshizo (ဟီဂျိကာတာ တိုရှီဇိုး) အဖြစ် သရုပ်ဆောင်ထားပါတယ်။

Baragaki: Unbroken Samurai က ရှင်းဆန်းဂူမိအကြောင်းဆိုတာထက် ရှင်းဆန်းဂူမိရဲ့ ဒုခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဟီဂျိကာတာတိုရှီဇိုးကဘယ်လိုလူစားလဲ… သူကရှင်းဆန်းဂူမိကို ဘယ်လိုရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့သလဲ… ရှင်းဆန်းဂူမိကို သူ ဘယ်လောက်အထိ မျှော်လင့်ထားသလဲ… နောက်ဆုံးအချိန်အထိ ရှင်းဆန်းဂူမိအတွက် သူ ဘယ်လိုတိုက်ပွဲဝင်ခဲ့သလဲဆိုတာတွေကို အဓိကကြည့်ရှုခံစားရမှာဖြစ်သလို ရှင်းဆန်းဂူမိဘယ်လိုပေါ်ပေါက်လာသလဲ… ရှင်းဆန်းဂူမိဆိုတာဘာလဲ… ရှင်းဆန်းဂူမိရဲ့တစ်ခြားခေါင်းဆောင်တွေက ဘယ်လိုအကျင့်ရှိကြလဲ… ရှင်းဆန်းဂူမိရဲ့ နာမည်ကြီးတိုက်ပွဲတွေကဘာလဲ… ရှင်းဆန်းဂူမိဘယ်လိုအဆုံးသတ်သွားသလဲ ဆိုတာတွေကိုလည်း ဟီဂျိကာတာရဲ့အမြင်ကနေ သိရှိရမှာဖြစ်ပါတယ်။

၂ နာရီခွဲနီးပါးကြာတဲ့ ဒီဇာတ်ကားကို ဖြစ်ရပ်မှန်သမိုင်းကားကြီးဆိုပြီး ပျင်းစရာကောင်းတယ်လို့ ယူဆကြမှာပါ။ ဒါပေမဲ့ ရှင်းဆန်းဂူမိကဒီလိုကြီးပါလား ဒီခေတ်မှာ ဒီလိုတွေ ဖြစ်သွားခဲ့ပါလားဆိုတာကို ခပ်သွက်သွက်ဇာတ်ညွှန်းကြောင့် မပျင်းရိဘဲ သိရှိရမှာဖြစ်ပြီး အိုဗာတင်းမဟုတ်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ဟီဂျိကာတာတို့ရဲ့ဓားရေးယှဉ်ပြိုင်မှုတွေ၊ တိုက်ပွဲအချို့က ကြည့်နေရင်း ဒါမှမဟုတ် ကြည့်ပြီးတာနဲ့ Kenshin Live-Action ငါးကားစလုံးကို ပြန်ကြည့်ချင်စိတ်ဖြစ်ပေါ်စေမှာပါ။

(ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.3GB, 1.1GB
Quality – 1080p, 720p
IMDb Rating – 6.3/10
Format – mp4
Duration – 2H 28Min
Genre – Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by AK
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Baragaki: Unbroken Samurai (2021)
Baragaki: Unbroken Samurai (2021)


No downloads available

Genres



Related movies