Exit print mode Print Data A+ A- Undo all

Batman and Superman: Battle of the Super Sons (2022)

Batman and Superman: Battle of the Super Sons (2022)Batman and Superman: Battle of the Super Sons (2022)

Synopsis:

Batman and Superman : The Battle of the Super Sons (2022)

DCAUရဲ့ ​နောက်ထပ် Animationဇာတ်ကားသစ်တစ်ကား ထပ်ထွက်လာပါပြီ။
ဒီတစ်​ခေါက်မှာ​တော့ ပုံမှန် Justice Leagueအဖွဲ့ဝင်​တွေအ​ကြောင်း မဟုတ်ဘဲ
စူပါမန်းရဲ့သား ဂျော်နသန်ကန့်တ်နဲ့ ဘတ်မန်းရဲ့သား ​ရော်ဘင်တဖြစ်လဲ ဒေမီယန်​တို့အ​​ကြောင်း အဓိကတင်ဆက်ထားတာပါ။

ဖခင်ဖြစ်သူ ကလာ့ခ်ကန့်တ်ဟာ စူပါမန်းဆိုတာမသိတဲ့ ဂျော်နသန်က ဖခင်ရဲ့လှစ်ဟင်းမှု​တွေ​ကြောင့် စိတ်ပျက်​နေရာက​နေ
တစ်​နေ့မှာ​တော့ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခု​ကြောင့် သူကိုယ်တိုင်မှာလည်း စွမ်းအား​တွေရှိမှန်း သိသွားပါ​တယ်။
ဒီလိုသိရမှာတ​ဆင့် ဖခင်ရဲ့ဘဝမှန်အ​ကြောင်းလည်း သိသွားသလို ​
ဂေါ့သမ်စီးတီးက ဘတ်မန်းနဲ့ သူ့ရဲ့သား ​ဒေမီယန်​တို့ကိုပါ သိသွားပါတယ်။
လူရိုး​လေးဂျော်နသန်နဲ့ လူကြမ်း​လေး ဒေမီယန်​တို့ဟာ စ​​တွေ့ကတည်းက ဘုနဲ့​ဘောက်ဖြစ်​​နေခဲ့တာပါ။

အဲဒီအချိန်မှာပဲ ကမ္ဘာဂြိုဟ်ပြင်ပ အာကာသထဲမှာရှိတဲ့ ဂျက်စတစ်လိဂ်​ စောင့်ကြည့်တာဝါကို တိုက်ခိုက်ခံလိုက်ရပြီး
မသင်္ကာစရာကိစ္စ​တွေ ဖြစ်လာတာ​ကြောင့် စူပါမန်းနဲ့ ဘတ်မန်းတို့ ကိုယ်တိုင်လိုက်သွားရင်း
သူတို့ကိုယ်တိုင် ​ထောင်​ချောက်ထဲ ကျဆင်းသွားပါတယ်။

ဂျက်စတစ်လိဂ်​ရော တင်းတိုက်တန်စ်အဖွဲ့ပါ အန္တရာယ်ကျ​ရောက်သွားတဲ့​နောက်
ထိုထူးဆန်းတဲ့အန္တရာယ်ကို ​ဖြေရှင်းဖို့က ဂျိုနသန်နဲ့ ဒေမီယန်​တို့​ခေါင်း​​ပေါ် ကျလာပါတယ်။

ထိုအန္တရာယ်က ကမ္ဘာဂြိုဟ်သာမက ကြယ်စင်စုတစ်ခုလုံးကို ဒုက္ခ​ပေးမယ့်အရာ ဖြစ်​နေတဲ့အခါ
စ​တွေ့ကတည်းက မ​တည့်ကြတဲ့ ဟီးရိုး​လေး၂​ယောက် ရင်ဆိုင်ရမှာ ဘယ်လိုဗီလိန်ဖြစ်​နေမလဲ၊
အဲဒီအရာ​တွေကို သူတို့တက်ညီလက်ညီ တားဆီးနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။

Genre….. Action, Animnation
Quality…. 1080p | 720p | 480p
File size…1.3GB | 744MB | 398MB
Format… mp4
Duration….1h 19min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. JimX
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Date
15 September 2022
Rated
PG-13
Runtime
1h 19min
Popularity
110.891
Status
In Production
ID IMDb.com
tt21197740
ID Themoviedb.org
886396