Exit print mode Print Data A+ A- Undo all

Batman v Superman: Dawn of Justice (2016)

Who will win?
Batman v Superman: Dawn of Justice (2016)Batman v Superman: Dawn of Justice (2016)

Synopsis:

DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။

ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်…..DCEU ရုပ်ရှင်အားလုံးကို ဒီမှာ https://channelmyanmar.org/category/special-package/dceu/  ကြည့်လို့ရပါတယ်။ CM App မှာတော့ 4K Quality နဲ့ ကြည့်လို့ရပါတယ်။

DCEU အနေနဲ့ ရုပ်ရှင် (၁၆) ကား ထွက်ရှိခဲ့ပါတယ်။

– Man of Steel (2013)
– Batman vs Superman: Dawn of Justice (2016)
– Suicide Squad (2016)
– Wonder Woman (2017)
– Justice League (2017) (Theatrical Cut)
– Aquaman (2018)
– Shazam! (2019)
– Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020)
– Wonder Woman 1984 (2020)
– Zack Snyder’s Justice League (2021)
– The Suicide Squad (2021)
– Black Adam (2022)
– Shazam!: Fury of the Gods (2023)
– The Flash (2023)
– Blue Beetle (2023)
– Aquaman and the Lost Kingdom (2023)

+++++++++++++++++++++++++++++

Batman vs Superman: Dawn of Justice (2016) Ultimate Edition-Extended Cut Version

IMDb Rating (6.5) / Rotten Tomatoes (29%)

ကျွန်တော်တို့အားလုံး စောင့်စားနေတဲ့ BvS Ultimate Cut အကြည်ထွက်လာခဲ့ပါပြီ။

ဒီအကြည်မှာ မိနစ် ၃၀ စာခန့် အခန်းတွေ ပြန်ပါလာပြီ။

ဒီဇာတ်ကားကို ရုံတင်တုန်းက ကျေနပ်မှုမရခဲ့တဲ့ ပရိသတ်တွေ ရှိခဲ့သလို လူမှုကွန်ယက်တွေမှာ ဒါရိုက်တာ Zack Snyder ကို အပြစ်တင်တဲ့ စာတွေ အများအပြားထွက်လာခဲ့ဖူးပါတယ်။

ဒါပေမယ့် ခု ထွက်လာတာကို ကြည့်ပြီးနောက်မှာ အင်တာနာစာမျက်နှာ မှာ ဒါရိုက်တာကြီးကို ပြန်လည်တောင်းပန်မှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။

ကျွန်တော်အမြင်မှာလဲ တကယ်ကို အဲဒါ မှန်ကန်တယ်ထင်တာပါပဲ။

ဇာတ်လမ်းဟာ အများကြီးပိုချိတ်ဆက်မိပြီး လေးနက်သွားပါပြီ။

ကြည့်ပြီးသားဖြစ်စေ မကြည့်ဘဲစောင့်နေသည် ဖြစ်စေ ကြည့်ဖို့ သိပ်တန်တဲ့ ကားတစ်ကား ဖြစ်လာတာပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့….

သူသာ စိတ်ထဲမှာ လုပ်ချင်ရင် ကမ္ဘာဂြိုလ်တစ်ခုလုံးကို ရှင်းပစ်နိုင်တဲ့ ဂြိုလ်သားကို အန္တရာယ်ကောင်လို့ မြင်နေတဲ့ လင်းနို့လူသား….

ဥပဒေရဲ့အထက်မှာ တရားစီးရင်နေတဲ့လင်းနို့ကို မရှိသင့်ဘူးထင်တဲ့ သံမဏိလူသားတို့ ရဲ့ ရပ်တည်ချက်ထိပ်တိုက် တင်းမာနေချိန်မှာ….
စူပါမန်းသွားလေရာမှာ သံသယဖြစ်စရာ လူသေမှုတွေ ဆက်တိုက်ပေါ်နေလို့ သဲလွန်စလိုက်ရှာနေတဲ့ သတင်းထောက်မလေး လူးဝစ်လိန်း။

– စွမ်းအားအကြီးဆုံးလူမှန်ရင် လူကောင်းမဖြစ်နိုင်ဘူး

-လူကောင်းစစ်စစ်ဆိုရင်စွမ်းအားမပြည့်စုံတော့ဘူး ဆိုတော့ အတွေးနဲ့ ငယ်စဉ်ကတည်းက ဖန်ဆင်းရှင်အပေါ် နာကျည်းတဲ့ စိတ်ဒဏ်ရာကို God နဲ့ ဆင်တူလာတဲ့ စူပါမန်း အပေါ်မှာ ပုံချလိုက်တဲ့ လက်စ်လူသာတို့ရဲ့ စိတ်ဝင်စားစရာဇာတ်လမ်းနဲ့…..

နောက်နှစ်မှာ လာမယ့် Justice League ရဲ့ ကြိုတင် set up လှလှလေးကို ခံစားရမှာပါ။

File size…(16 GB)/(4 GB) / (1.9 GB)
Quality….BluRay Extended Cut 4K HEVC/1080p HEVC / 720p
Format…mkv/mp4
Duration….03:02:33
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Kaung Myat Thu



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Batman v Superman: Dawn of Justice
Release Date
25 Mar 2016 (USA)
Rated
PG-13
Runtime
2h 32min
Awards
14 wins & 33 nominations.
Country
USA
Budget
USD $250 000 000,00
Revenue
USD $873 637 528,00
Popularity
61.586
Status
Released
ID IMDb.com
tt2975590
IMDB Rating
6.4
IMDB votes
666K
ID Themoviedb.org
209112
TMDb Rating
5.965
TMDb votes
17511