Channel Myanmar

Report error

ဒီကားလေးကိုထွေလာကြည့်ပြီးထင်သလောက်မကောင်းဘူးလို့ထင်ထားခဲ့ပေမယ့်

ပျင်းနေတာနဲ့ ဇာတ်ကားစစ်ရင်းကြည့်လိုက်မိတဲ့အခါ

သေချာကြည့်မိလာတဲ့အထိ အဆုံးထိဆွဲဆောင်မှု့ရှိသွားခဲ့တဲ့

ကားကောင်းလေးတစ်ကားဖြစ်နေခဲ့ပါတယ်…

Netflix  ကနေပြသပြီးတော့

ဇာတ်လမ်းဇာတ်အိမ်ကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ..

ချမ်းသာကြွယ်ဝတဲ့သူဌေးသမီးလေး အမာလျာတစ်ယောက်

ကံအကောင်းမလှလို့ဆင်းရဲသွားတဲ့အခါမှာ

သူရဲ့ပတ်ဝန်းကျင်ပါ ပြောင်းလဲသွားခဲ့ရပါတယ်..

သူမဟာ အက၀ါသနာပါတဲ့ကောင်မလေးတစ်ယောက်ဖြစ်သလို

နာမည်ကြီးဖို့လည်း အရမ်းကိုစိတ်အားထက်သန်နေတဲ့ကောင်မလေးပေါ့….

သူမဘ၀ပြောင်းလဲသွားတဲ့အခါမှာတော့ ရပ်ကွက်ထဲမှာ

အပျော်တမ်း Battle Dance ကတဲ့ မီကာအဲဆိုတဲ့ကောင်လေးတစ်ယောက်နဲ့

တွေ့ဆုံမိပါသွားပါတယ်…

ထူးခြားတာက သူမတို့နှစ်ယောက်ရဲ့အကတွေဟာ

မတူညီကြပါဘူး…သူမရဲ့အကပုံစံက နူးညံ့သိမ်မွေ့သလောက်

အဲဒီကောင်လေးရဲ့အကကတော့ Battle ဆန်ဆန်ကရတဲ့

မြူးကြွတဲ့ကကွက်တွေဖြစ်ပါတယ်….

သူမတို့နှစ်ယောက်အတွက်ညှိယူဖို့ဖြစ်လာတဲ့အရာကတော့

ကကွက်တွေပဲဖြစ်ပါတယ်…

မီကာအဲရဲ့ကကွက်တွေ နဲ့လိုက်ညှိယူနေရာကနေပြီးတော့ 

Battle Dance ကိုစပြီးသူ့ဆီကနေသင်ယူခဲ့ပါတယ်..

အနေနီးလာတဲ့ သူမတို့နှစ်ယောက်ကြားသံယောဇဉ်တွေများလာခဲ့ပြီးတော့

နောက်ဆုံး သူမချမ်းသာစဉ်က ချစ်သူကောင်လေး အက်ဆဲလ်နဲ့

ပြသနာဖြစ်ဖို့အကြောင်းဖန်လာပါတော့တယ်…

ဒီကားလေးဟာ ချမ်းသာတဲ့ကောင်လေး နဲ့ ရိုးရိုးသာမာန်

Underground Battle Dancer ကောင်လေး နှစ်ယောက်ကြား

ဗျာများနေရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ဇာတ်လမ်းလေးကို

အလန်းစား Battle Dance ကကွက်တွေနဲ့ ဖော်ကြူးထားပါတယ်…

ဒရမ်မာကြိုက်တဲ့လူတွေအတွက် အစပ်တည့်မှာဖြစ်သလို 

အရမ်းကိုရိုချင်ပါတယ်ဆိုတဲ့လူတွေအတွက် အကိုက်ပါပဲ….

မြူးကြွတဲ့ Beat တွေနားထောင်ရင်းကကွက်တွေကိုကြည့်မယ်ဆိုရင်လည်း

ဒီကားလေးက သင်တို့အတွက် အံဝင်ခွင်ကျဖြစ်နေဦးမှာပါပဲ…

ဒါကြောင့် အခုပဲကြည့်ဖို့ပြင်လိုက်ရအောင်လား…..

 

File Size : (858 MB) and (313 MB)
Quality : 720p WebDL
Running Time :1hr 35min
Format : Mp4
Genre : Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by MiKi
Encoded by Moe Myint Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Battle (2018)


No downloads available

Genres



Related movies