Before Someone Gets Hurt (2018)
”ကျွန်မတို့က အက်မွန့်ဟေးက အမှတ် ၃၁၁ လီနော့ခြံမှာ Video
ရိုက်ခွင့်လာယူတာပါ …”
– ” မင်းတို့အဲအိမ်ကိုမသွားသင့်ဘူးနော်….ကြောက်ဖို့ကောင်းတယ်..”
”မီးတွေ ပိတ်သွားတာတောင် သီချင်းပွင့်နေသလိုမျိုး ကြောက်ဖို့ကောင်းတာလား ”
” မီးတွေမှောင်လိုက် လင်းလိုက် ပုံစံမျိုးလား”
-” လူတွေအပိုင်းပိုင်းခုတ်ခံရပြီး နံရံပေါ်မှာ လက်ဝါးကပ်ပုံစံမျိုးထားခံရတာ
အဲလိုကြောက်စရာကောင်းတာမျိုး”
”မင်းတစ်ယောက်တည်းနေတုန်းက ဘာမြင်ခဲ့တာလဲ”
– ”ငါပြောတာကိုယုံလိုက် မင်းမသိချင်ပါဘူး….”
”ဘေလီလုပ်ပါကွာ…”
– ”ငါ အလောင်းတွေအများကြီးတွေ့ခဲ့တယ်ကွာ… ”
” တကယ်လား…”
” ဘယ်သူတွေလဲကွ ”
– ” မင်းလည်းပါတယ်…..”
Horror ပရိတ်သတ်တွေအတွက်
“Before someone gets hurt”ဆိုတဲ့ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်…
သရဲရှာဖွေရေးခေါင်းစဉ်နဲ့ အင်တာနက်ပေါ် အထိုက်အလျောက်
နာမည်ရထားတဲ့ သူငယ်ချင်းအဖွဲ့တစ်ဖွဲ့…
စနောက်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေ..
တစ်နေ့ သူတို့သရဲရှာဖွေရေးအဖွဲ့ ရိုက်ကူးရေးလုပ်မဲ့ နေရာက
အရင်နေရာတွေနဲ့ မတူတဲ့ အိမ်တစ်အိမ်ဖြစ်ခဲ့ပါတယ်….
ဒီအိမ်မှာပဲ လူသတ်မှုပေါင်း အများအပြားဖြစ်ခဲ့ပါတယ်…
သေဆုံးတဲ့လူတွေကလဲ ထူးဆန်းတဲ့ပုံသဏ္ဍာန်တွေနဲ့ သေဆုံးခဲ့ကြတာပါ…
သူတို့အဖွဲ့ဟာ အရင်ကထက် နာမည်ပိုရချင်တာနဲ့ ဒီအိမ်ကို စွန့်စားရွေးချယ်ခဲ့ကြပါတယ်…
သူတို့ အဲ့အိမ်ကို ရောက်သွားတဲ့အချိန်မှာတော့….
သူတို့အတွက် နောက်ကျသွားခဲ့ပါပြီ….
ကံဆိုးစွာနဲ့ ဒီအဖွဲ့ဟာ အဲ့အိမ်မှာ ပိတ်မိခဲ့ကြပါတယ်…
သူတို့ဘယ်လို ကြောက်စရာတွေနဲ့ တွေ့ပြီး ဘယ်သူတွေ လွတ်မြောက်နိုင်မလဲဆိုတာ
ပရိတ်သတ်ကပဲ စိတ်လှုပ်ရှားစွာ ကြည့်ရှုပါဦးနော်…