Channel Myanmar

Behind Enemy Lines (2001)

Behind Enemy Lines    

PG-13 1h 46min ActionDramaThriller

6.4
IMDB: 6.4/10 97,018 votes

, , , , , ,

, , , , , , , , ,

1 win & 2 nominations

USA

440979

Report error

အရမ်းကြိုက်ပြီး ခဏခဏပြန်ကြည့်မိတဲ့ဇာတ်ကားမို့ CM ပရိသတ်အတွက် တင်ပေးလိုက်ပါတယ်။

ဒီကားက IMDb  Rating 6.4 ရထားပြီး Box office မှာ 92 million ဝင်ခဲ့ပြီး

အဲဒီအချိန်က ဟယ်ရီပေါ်တာရဲ့မှော်ကျောက်တုံးဇာတ်ကားပြီးရင်

ဒီကားက လူကြည့်အများဆုံးဒုတိယနေရာကိုယူခဲ့ပါတယ်။

ဆုအနေနဲ့ကတော့ World Stunt award-2002 မှာ Best Aerial Award ဆုရခဲ့ပါတယ်။

ဒီဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ထားတာပါ။

၁၉၉၅ ခုနှစ် ဘော့စနီးယားမှာလေယာဉ်ပစ်ချခံခဲ့ရပြီး ၆ ရက်တာ ရန်သူ့နယ်မြေမှာပြေးလွှားခဲ့ရတဲ့

အမေရိကန်ပိုင်းလော့ဒ်တစ်ဦးအကြောင်းပါ။

ဇာတ်လမ်းအကျဉ်းအနေနဲ့

၁၉၉၅ မှာ ဘော့စနီးယားမှာပြည်တွင်းစစ်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။

ဒီစစ်မီးငြိမ်းဖို့ နေရာတကာပါတဲ့ NATO တပ်ဖွဲ့ကလည်း ပါလာရပါပြီ။

စစ်ပြေငြိမ်းရေးသဘောတူညီချက်တွေ ချုပ်ဆိုပြီးလို့ NATO တပ်တွေလည်း ဆုတ်ခွာခါနီးနေပါပြီ။

NATO အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန် Navy ကလည်းလေယာဉ်တင်သင်္ဘောတွေနဲ့

ပင်လယ်ပြင်က စောင့်ကြည့်နေပါတယ်။

သူတို့ရဲ့တာဝန်ကတော့ ဘော့စနီးယားပေါ်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ

ပြည်တွင်းအခြေအနေကို ဝေဟင်ကနေမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးဖို့ဖြစ်ပါတယ်။

ခရစ္စမတ်နေ့ အားလပ်ရက်တာဝန်အနေနဲ့ ပိုင်းလော့ဒ်စတက်ဟောက် နဲ့

သူရဲ့လေကြောင်းလမ်းပြဗိုလ် ဘားနက်တို့ ဒစ်ဂျစ်တယ်ကင်မရာအသစ်စက်စက်တပ်ဆင်ထားတဲ့

F-18 တိုက်လေယာဉ်နဲ့ဘော့စနီးယားဝေဟင်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း လိုက်လံစစ်ဆေးနေခဲ့တယ်။

မောင်းနှင်နေရင်း ဘော့စနီးယားတို့ သတ်မှတ်ပေးထားတဲ့ မပျံသန်းရတဲ့နယ်မြေစစ်မဲ့ကင်းမဲ့ဇုံဆိုတဲ့နေရာမှာ

မသင်္ကာစရာကို ရေဒါကနေတွေ့ရှိလိုက်လို့ သတ်မှတ်လမ်းကြောင်းအတိုင်း မဟုတ်ဘဲ

မှတ်တမ်းတင်ဖို့ ပျံသန်းခဲ့မိပါတယ်။ ဒီအချိန်မှာ  သူတို့ မထင်မှတ်တာကို မြင်တွေ့မှတ်တမ်းတင်လိုက်ပေမယ့်

သူတို့တိုက်လေယာဉ်ပျံကိုလည်း လေယာဉ်ပစ်အမြှောက်တွေနဲ့ ပစ်ချခံလိုက်ရပါတယ်။

အချိန်မီထိုင်ခုံကို တွန်းကန်ပြီး ခုန်ထွက်နိုင်ပေမယ့် ဘော့စနီးယားနယ်မြေထဲမှာပဲပိုင်းလော့ဒ်က

ခြေထောက်ဒဏ်ရာနဲ့မို့ ပစ်သတ်ခံလိုက်ရပြီး ဗိုလ်ဘားနက် တစ်ယောက်တည်း ကျန်ခဲ့ပါတယ်။

သူတို့ ဘာကို မှတ်တမ်းတင်မိလို့ ပစ်ချခံခဲ့ရတာလဲ

ရန်သူ့နယ်မြေကနေ လွတ်အောင် ဘယ်လိုကြိုးပမ်းခဲ့ရသလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုလိုက်ပါ။

အမေရိကန်ကို လူတိုင်းက စစ်အင်အားကြီးတဲ့နိုင်ငံလို့ လက်ခံထားကြတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအမေရိကန်စစ်ကားတွေတော်တော်များများမှာ သူတို့ရဲ့နည်းပညာ

လက်နက်အင်အား ခေတ်မှီလက်နက်တွေကို သူတို့ကထုတ်ပြထားတယ်။

မီဒီယာကနေ အများကြီး ထိုးဖောက်လွှမ်းမိုးနိုင်တယ်ဆိုတာ  တကယ်တမ်းအပြင်မှာ

ဒီလောက်ကောင်းတဲ့လက်နက်မျိုး ရှိမရှိ လုပ်နိုင်မလုပ်နိုင် ဘယ်သူမှ သေချာမပြောနိုင်ဘူး

ဒီကားထဲမှာဆိုလည်း ဂြိုဟ်တုကနေ တိုက်ရိုက် လူ့ခန္ဓာကိုယ်အပူချိန်ကို ရိုက်ကူးနိုင်တဲ့ကင်မရာနဲ့ လူကိုရှာပြသွားတယ်။

တကယ်အပြင်မှာလုပ်နိုင်လား မလုပ်နိုင်လားတော့ မသိဘူး

ဒါပေမယ့် အားလုံးကတော့ အမေရိကန်ကိုဒီလိုမျိုးတွေလုပ်နေနိုင်လောက်ပြီလို့ လက်ခံကြပါတယ်။

နောက်ဒီဇာတ်ကားထဲမှာ တခြားအတုယူမြင်နိုင်တဲ့ အချက်တွေလည်း အများကြီးပါတယ်။

မီဒီယာရဲ့အခန်းကဏ္ဍပါပဲ။

ဗိုလ်ချုပ်ကြီးတွေ မစွမ်းနိုင်တဲ့ကိစ္စကို မလုပ်နိုင်တဲ့အခြေအနေမှာ မီဒီယာကို ကောင်းကောင်းအသုံးချနိုင်လို့

ချက်ချင်းကိုပြေလည်သွားတဲ့ကိစ္စမျိုးတွေ။

နှစ်နိုင်ငံဆက်ဆံရေးမှာ အပေါ်ယံပြောတိုင်းလည်း ယုံကြည်လို့မရနိုင်တွေ

ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလုပ်တတ်တာတွေပေါ့။

ဗဟုသုတအနေနဲ့ ဒီကားရုံတင်တော့ တကယ့်ဖြစ်ရပ်မှန်ထဲက ပိုင်းလော့ဒ်က ရုပ်ရှင်ထုတ်လုပ်ရေးကို တရားစွဲပါတယ်။

သူ့ဇာတ်ကောင်ကို ဖျက်ဆီးမှုနဲ့ပါ။

တကယ့်အပြင်မှာ ပိုင်းလော့ဒ်က ဒီဇာတ်ကားထဲကလို ဂျစ်ကန်ကန် ဆဲတတ်တဲ့လူမဟုတ်ပါဘူးတဲ့။

အပြင်ဖြစ်ရပ်မှန်နဲ့အနည်းငယ်ကွာခြားမှုရှိပါတယ်တဲ့ အပြင်မှာ အရပ်သားတွေနဲ့ဆုံတွေ့ခဲ့ခြင်းမရှိသလို

ရန်သူတပ်တွေနဲ့ နောက်ဆုံးခန်းကလိုအပြန်အလှန် တိုက်ခိုက်ခဲ့ခြင်းမရှိပါဘူးတဲ့

သူမောင်းနှင်ခဲ့တဲ့ တိုက်လေယာဉ်က F-18 မဟုတ်ဘဲ F-16 တိုက်လေယာဉ်သာဖြစ်ပါတယ်။

တရားရုံးမှာတော့ ပြေလည်အောင်ညှိုနိုှုင်းနိုင်လိုက်ပါတယ်….

အရမ္းၾကိဳက္ျပီး ခဏခဏျပန္ၾကည့္မိတဲ့ဇာတ္ကားမို႔ CM ပရိသတ္အတြက္ တင္္ေပးလိုက္ပါတယ္။

ဒီကားက IMDb  Rating 6.4 ရထားျပီး Box office မွာ 92 million ၀င္ခဲ့ျပီး

အဲဒီအခ်ိန္က ဟယ္ရီေပၚတာရဲ့ေမွာ္ေက်ာက္တံုးဇာတ္ကားျပီးရင္

ဒီကားက လူၾကည့္အမ်ားဆံုးဒုတိယေနရာကုိယူခဲ့ပါတယ္။

ဆုအေနနဲ႔ကေတာ့ World Stunt award-2002 မွာ Best Aerial Award ဆုရခဲ့ပါတယ္။

ဒီဇာတ္လမ္းေလးက တကယ့္ျဖစ္ရပ္မွန္အေပၚ အေျခခံျပီး ရိုက္ထားတာပါ။

၁၉၉၅ ခုနွစ္ ေဘာ့စနီးယားမွာေလယာဥ္ပစ္ခ်ခံခဲ့ရျပီး ၆ ရက္တာ ရန္သူ႔နယ္ေျမမွာေျပးလႊားခဲ့ရတဲ့

အေမရိကန္ပိုင္းေလာ့ဒ္တစ္ဦးအေၾကာင္းပါ။

ဇာတ္လမ္းအက်ဥ္းအေနနဲ႔

၁၉၉၅ မွာ ေဘာ့စနီးယားမွာျပည္တြင္းစစ္ပြဲေတြျဖစ္ပြားေနခဲ့ပါတယ္။

ဒီစစ္မီးျငိမ္းဖုိ႔ ေနရာတကာပါတဲ့ NATO တပ္ဖြဲ႔ကလည္း ပါလာရပါျပီ။

စစ္ေျပျငိမ္းေရးသေဘာတူညီခ်က္ေတြ ခ်ဳပ္ဆုိျပီးလို႔ NATO တပ္ေတြလည္း ဆုတ္ခြာခါနီးေနပါျပီ။

NATO အဖြဲ႔၀င္ျဖစ္တဲ့ အေမရိကန္ Navy ကလည္းေလယာဥ္တင္သေဘၤာေတြနဲ႔

ပင္လယ္ျပင္က ေစာင့္ၾကည့္ေနပါတယ္။

သူတုိ႔ရဲ့တာ၀န္ကေတာ့ ေဘာ့စနီးယားေပၚကို သတ္မွတ္ထားတဲ့လမ္းေၾကာင္းကေန

ျပည္တြင္းအေျခအေနကို ေ၀ဟင္ကေနမွတ္တမ္းတင္ ဓါတ္ပံုရုိက္ကူးဖုိ႔ျဖစ္ပါတယ္။

ခရစၥမတ္ေန႔ အားလပ္ရက္တာ၀န္အေနနဲ႔ ပိုင္းေလာ့ဒ္စတက္ေဟာက္ နဲ႔

သူရဲ့ေလေၾကာင္းလမ္းျပဗိုလ္ ဘားနက္တို႔ ဒစ္ဂ်စ္တယ္ကင္မရာအသစ္စက္စက္တပ္ဆင္ထားတဲ့

F-18 တုိက္ေလယာဥ္နဲ႔ေဘာ့စနီးယားေ၀ဟင္ကုိ သတ္မွတ္ထားတဲ့လမ္းေၾကာင္းအတိုင္း လိုက္လံစစ္ေဆးေနခဲ့တယ္။

ေမာင္းနွင္ေနရင္း ေဘာ့စနီးယားတို႔ သတ္မွတ္ေပးထားတဲ့ မပ်ံသန္းရတဲ့နယ္ေျမစစ္မဲ့ကင္းမဲ့ဇံုဆိုတဲ့ေနရာမွာ

မသကၤာစရာကို ေရဒါကေနေတြ႔ရွိလိုက္လို႔ သတ္မွတ္လမ္းေၾကာင္းအတိုင္း မဟုတ္ဘဲ

မွတ္တမ္းတင္ဖုိ႔ ပ်ံသန္းခဲ့မိပါတယ္။ ဒီအခ်ိန္မွာ  သူတို႔ မထင္မွတ္တာကို ျမင္ေတြ႔မွတ္တမ္းတင္လိုက္ေပမယ့္

သူတို႔တိုက္ေလယာဥ္ပ်ံကုိလည္း ေလယာဥ္ပစ္အေျမွာက္ေတြနဲ႔ ပစ္ခ်ခံလိုက္ရပါတယ္။

အခ်ိန္မီထုိင္ခံုကို တြန္းကန္ျပီး ခုန္ထြက္နုိင္ေပမယ့္ ေဘာ့စနီးယားနယ္ေျမထဲမွာပဲပိုင္းေလာ့ဒ္က

ေျခေထာက္ဒဏ္ရာနဲ႔မို႔ ပစ္သတ္ခံလိုက္ရျပီး ဗိုလ္ဘားနက္ တစ္ေယာက္တည္း က်န္ခဲ့ပါတယ္။

​ သူတို႔ ဘာကို မွတ္တမ္းတင္မိလို႔ ပစ္ခ်ခံခဲ့ရတာလဲ

ရန္သူ႔နယ္ေျမကေန လြတ္ေအာင္ ဘယ္လိုၾကိဳးပမ္းခဲ့ရသလဲဆုိတာ ဇာတ္ကားထဲမွာၾကည့္ရွဳလုိက္ပါ။

အေမရိကန္ကို လူတိုင္းက စစ္အင္အားၾကီးတဲ့နုိင္ငံလို႔ လက္ခံထားၾကတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ ဒီလိုအေမရိကန္စစ္ကားေတြေတာ္ေတာ္မ်ားမ်ားမွာ သူတို႔ရဲ့နည္းပညာ

လက္နက္အင္အား ေခတ္မွီလက္နက္ေတြကို သူတို႔ကထုတ္ျပထားတယ္။

မီဒီယာကေန အမ်ားၾကီး ထိုးေဖာက္လႊမ္းမိုးနုိင္တယ္ဆိုတာ  တကယ္တမ္းအျပင္မွာ

ဒီေလာက္ေကာင္းတဲ့လက္နက္မ်ိဳး ရွိမရွိ လုပ္နုိင္မလုပ္နုိင္ ဘယ္သူမွ ေသခ်ာမေျပာနုိင္ဘူး

ဒီကားထဲမွာဆုိလည္း ၿဂိဳဟ္တုကေန တိုက္ရုိက္ လူ႔ခႏၶာကုိယ္အပူခ်ိန္ကို ရုိက္ကူးနုိင္တဲ့ကင္မရာနဲ႔ လူကိုရွာျပသြားတယ္။

တကယ္အျပင္မွာလုပ္နုိင္လား မလုပ္နုိင္လားေတာ့ မသိဘူး

ဒါေပမယ့္ အားလံုးကေတာ့ အေမရိကန္ကိုဒီလိုမ်ိဳးေတြလုပ္ေနနုိင္ေလာက္ျပီလုိ႔ လက္ခံၾကပါတယ္။

ေနာက္ဒီဇာတ္ကားထဲမွာ တျခားအတုယူျမင္နုိင္တဲ့ အခ်က္ေတြလည္း အမ်ားၾကီးပါတယ္။

မီဒီယာရဲ့အခန္းက႑ပါပဲ။

ဗိုလ္ခ်ဳပ္ၾကီးေတြ မစြမ္းနိုင္တဲ့ကိစၥကို မလုပ္နုိင္တဲ့အေျခအေနမွာ မီဒီယာကို ေကာင္းေကာင္းအသံုးခ်နိုင္လို႔

ခ်က္ခ်င္းကိုေျပလည္သြားတဲ့ကိစၥမ်ိဳးေတြ။

နွစ္နုိင္ငံဆက္ဆံေရးမွာ အေပၚယံေျပာတုိင္းလည္း ယံုၾကည္လုိ႔မရနိုင္ေတြ

ေရွ႔တစ္မ်ိဳး ကြယ္ရာတစ္မ်ိဳးလုပ္တတ္တာေတြေပါ့။

ဗဟုသုတအေနနဲ႔ ဒီကားရံုတင္ေတာ့ တကယ့္ျဖစ္ရပ္မွန္ထဲက ပိုင္းေလာ့ဒ္က ရုပ္ရွင္ထုတ္လုပ္ေရးကုိ တရားစြဲပါတယ္။

သူ႔ဇာတ္ေကာင္ကို ဖ်က္ဆီးမွဳနဲ႔ပါ။

တကယ့္အျပင္မွာ ပိုင္းေလာ့ဒ္က ဒီဇာတ္ကားထဲကလို ဂ်စ္ကန္ကန္ ဆဲတတ္တဲ့လူမဟုတ္ပါဘူးတဲ့။

အျပင္ျဖစ္ရပ္မွန္နဲ႔အနည္းငယ္ကြာျခားမွဳရွိပါတယ္တဲ့ အျပင္မွာ အရပ္သားေတြနဲ႔ဆံုေတြ႔ခဲ့ျခင္းမရွိသလို

ရန္သူတပ္ေတြနဲ႔ ေနာက္ဆံုးခန္းကလိုအျပန္အလွန္ တိုက္ခိုက္ခဲ့ျခင္းမရွိပါဘူးတဲ့

သူေမာင္းနွင္ခဲ့တဲ့ တိုက္ေလယာဥ္က F-18 မဟုတ္ဘဲ F-16 တိုက္ေလယာဥ္သာျဖစ္ပါတယ္။

တရားရံုးမွာေတာ့ ေျပလည္ေအာင္ညိွဳနိုွဳင္းနိုင္လိုက္ပါတယ္….

Quality…..BluRay 720p

Duration…..01:46:00

Format…Mp4

File Size…(758 MB)

Translator…..Little Twinlay

Encoder…..Moe Myint Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Behind Enemy Lines (2001)
Behind Enemy Lines (2001)
Behind Enemy Lines (2001)
Behind Enemy Lines (2001)
Behind Enemy Lines (2001)
Behind Enemy Lines (2001)
Behind Enemy Lines (2001)
Behind Enemy Lines (2001)
Behind Enemy Lines (2001)
Behind Enemy Lines (2001)
Behind Enemy Lines (2001)
Behind Enemy Lines (2001)
Behind Enemy Lines (2001)


No downloads available

Genres



Related movies