Channel Myanmar

Better Nate Than Ever (2022)

PG 1h 34min ComedyFamilyMusical

6.3
IMDB: 6.3/10 279 votes

248523

Report error

Better Nate than Ever (2022)

IMDb – 6.1

လူတိုင်းမှာ အိပ်မက်ပန်းတိုင်တစ်ခု​တော့ ကိုယ်စီရှိကြစမြဲပါ၊
တချို့​​တွေက ကိုယ်ဖြစ်ချင်တဲ့ကိုယ့်ရဲ့အိပ်မက်ကို
ငယ်ငယ်​လေးတည်းကသိပြီး အ​ကောင်အထည်​ဖော်ဖို့ ကြိုးစား​နေကြသလို
တချို့ကလည်း ကိုယ့်ရဲ့အိပ်မက်က ဘာလဲဆိုတာသိဖို့ ကြိုးစား​ရှာ​ဖွေ​နေဆဲသူ​တွေလည်း ရှိတာ​ပေါ့၊

နိတ်ဆိုတဲ့​ ကောင်​လေးက​တော့ အလယ်တန်း​ကျောင်းသားဘဝကတည်းက
ကိုယ့်အိပ်မက်ကို အ​ကောင်အထည်​ဖော်ဖို့ တစိုက်မတ်မတ် ကြိုးစား​နေသူ​​ပေါ့၊
ဘ​ရော့​ဒ်ဝေးပြဇာတ်ရုံတွေမှာ ကြီးကျယ်ခမ်းနားတဲ့ပြဇာတ်​တွေကို အဓိက​နေရာမှာ ကပြပြီး
ဘ​ရော့​ဒ်ဝေးပိုင်းမှာအမြင့်ဆုံးဖြစ်တဲ့ တိုနီဆုကြီးကို အရယူဖို့ပါ၊

လူက ငယ်ငယ်၊ အကြံကကြီးကြီး ခါချဉ်​ကောင်မာန်ကြီးလို့ ​တောင်ကြီးဖြိုမယ် ကြံ​ပေမယ့်
ဆရာသမား​လေး နိတ်ခမျာ ​ကျောင်းကပွဲမှာ ဖြတ်​လျှောက်​နေရာက​တောင် အ​ရွေးမခံရ​အောင်ကို ပါရမီရှိပြီး စန်းပိတ်​နေတဲ့သူ​ပေါ့၊
တစ်​နေ့​တော့ နယူး​ယောက်​ရွှေမြို့​တော်ကြီးရဲ့ ဘ​ရော့​ဒ်ဝေးမှာ ကပြရင်း
နာမည်ကြီးလာနိုင်တဲ့ ပဏာမလူ​ရွေးပွဲအ​ကြောင်း သိလိုက်တဲ့​နောက်
သူ​နေထိုင်ရာ ပစ်ဘာ့ဂျ်မြို့​လေးက​နေ NYအထိ မိဘမသိ​​အောင် အိမ်​ပြေး​လေးလုပ်ရင်း
သူ့ရဲ့အိပ်မက်ခရီးလမ်းကို စတင်​လျှောက်လှမ်းခဲ့ပါ​တော့တယ်၊

Disney က​နေ အသစ်ထွက်ရှိထားတဲ့ Family, Musical, Comedyဇာတ်ကားဖြစ်ပြီး
IMDb 6.1, RTမှာ​တော့ 91%အထိ ရရှိထားပါတယ်၊
Musicalနဲ့ Play​​လောကကြီးရဲ့သ​ဘာဝကို ​အတွင်းကျကျရိုက်ကူးထားသလို
သီချင်း​တွေကလည်း အ​တော်နား​ထောင်လို့​ကောင်းပါတယ်၊ ​​
ပေါ့​ပေါ့ပါးပါးနဲ့ အ​​လောင်အမြိုက်ကင်းတဲ့ မြူးမြူးကြွကြွ​​လေး​တွေ ကြည့်ချင်သူ​ရော၊
မိသားစုနဲ့ အတူကြည့်ရှုဖို့​ရော သင့်​တော်တဲ့ ဇာတ်မြူး​​လေးပဲဖြစ်ပါတယ်၊

အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။

Genre…..Family, Musical, Comedy
Quality….4k HEVC and WEB-DL 1080p and 720p
File size…3.8GB and 1.6 GB and 688 MB and 297 MB
Format…mp4
Duration….1h 34min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JimX
Encoder …..August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Better Nate Than Ever (2022)
Better Nate Than Ever (2022)
Better Nate Than Ever (2022)
Better Nate Than Ever (2022)
Better Nate Than Ever (2022)
Better Nate Than Ever (2022)


No downloads available

Genres



Related movies