ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်
ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .
သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်
ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်
မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .
ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး
ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်
သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်
လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .
အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .
လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်
သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။
သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့
မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲ
နေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ်
သူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . .
လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . .
ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ်
အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . .
တစ်နည်းပြောရရင်
သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်း ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . .
ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . .
မြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပာကြောင်း. . .
မကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . .
(ဇာတ်လမ်းအညွှန်းနဲ့စာတန်းထိုးဖိုင်ကိုတော့ MLMC Team မှ ကူညီပေးထားပါတယ်)
File Size : (1.2 GB)
Quality : HDRip 720p
Running Time : 2hr 53min
Format : Mp4
Genre : Action, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : Telugu v2 True HQ HDRip-720p-x264-AAC
Subtitle by MLMC Team
Encoded by Thanhtike Zaw
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။