Exit print mode Print Data A+ A- Undo all

Beverly Hills Ninja (1997)

He puts the Mortal back in Kombat.
Beverly Hills Ninja (1997)Beverly Hills Ninja (1997)

Synopsis:

Beverly Hills Ninja (1997)

90s born တို့ရဲ့ တစ်ချိန်က အသည်းစွဲ သ​ဘောကျခဲ့ရတဲ့ နင်ဂျာဝတုတ်ကား​လေး CMကို ​ရောက်ရှိလာပါပြီ။

နင်ဂျာတွေ တစ်ခေတ်စား​စဉ်အခါက နင်ဂျာလို့ ​ပြောလိုက်တာနဲ့ သိုသိုသိပ်သိပ် ဖျတ်ဖျတ်လတ်လတ် ပိန်ပိန်ပါးပါး​လေး​တွေကိုပဲ မြင်​ယောင်မိကြမှာပါ။
ဒီဇာတ်ကား​လေးမှာ​တော့ ဂျပန် ဒဏ္ဍာရီပုံပြင်အရ တိုင်းတစ်ပါးသားက​လေးတစ်​ယောက်က ထူးမြတ်တဲ့ အဖြူ​ရောင်နင်ဂျာ​လေးအဖြစ် ကြီးပြင်းလာမယ်လို့ ဆိုထားပါတယ်။
နင်ဂျာမျိုးနွယ်စုဆီကို က​လေး​ပေါက်စ​လေး ​သောင်တင်လာချိန်မှာ​တော့ ​ခေါင်း​ဆောင်က သူပဲဖြစ်ရမယ်ဆိုပြီး ​သေချာပြုစုပျိုး​ထောင် သားတစ်​ယောက်လို ​စောင့်​ရှောက်ခဲ့​ပေမယ့် တက်တက်စင်အောင် တလွဲ​​တွေအမြဲလုပ်တဲ့ မင်းသား ဟာရု…
​နောက်တစ်​ယောက်က​တော့ ဆရာကြီးရဲ့ တပည့်​တွေထဲ အ​​တော်ဆုံး နင်ဂျာဖြစ်တဲ့ ဂို​ဘေး…

ဟာရုတစ်​ယောက် ဒိုဂျိုမှာ တစ်​ယောက်ထဲကျန်ခဲ့ချိန် အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို လက်ခံရရှိလိုက်ပါ​တော့တယ်…
အလုပ်လာအပ်တဲ့ မိန်းက​လေးကို သ​ဘောကျမိပြီး ​အ​မေရိကားအထိ လိုက်ကယ်တင်ဖို့ ဖြစ်လာတဲ့အခါမှာ ​တော့ ဟာရု ပေါက်ကရလုပ်လွန်းလို့ အမြင်ကတ်​ပေမယ့်လည်း ဆရာကြီး​ကောင်းမှုနဲ့ ဂို​ဘေးလည်း ဟာရုရဲ့ အရိပ်အဖြစ် လိုက်ပါရပါ​တော့တယ်…
ဟာရု တလွဲလုပ်သမျှကို ငယ်ငယ်ကထဲကခံလာရတဲ့ ဂို​ဘေးခမျာ အခုတစ်ကြိမ်မှာလည်း ဘယ်လို​တွေ ညီ​လေးကို ကာကွယ်​ပေးရမလဲ…
ဟာရု​က​ရော ​ဆရာကြီး ​မျှော်လင့်ထားသလို နင်ဂျာဝိဇ္ဇာဖြစ်လာမလား….
ဇာတ်လမ်း အစကထဲက​နေ အဆုံးထိ စိတ်၀င်စားစရာ​ကောင်းပြီး ​ပျော်ရွှင် ရယ်​မောရ​စေမှာမို့ ဒီပျက်ရှင် ရှိချင်​နေတဲ့ CM ပရိသတ်တို့လည်း ဒီကား​လေးနဲ့ ဘဝအ​မော​တွေ ​ဖြေကြပါဦးလို့…

(ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်)

Size – 1.5GB, 1GB
Quality – 1080p, 720p
IMDb Rating – 5.6/10
Format – mp4
Duration – 1H 29Min
Type – Action, Comedy
Subtitle – Myanmar Subtitle (Hardsub)
Translated by Mugiwara Ya
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Dennis Dugan
Release Date
1997
Rated
PG-13
Runtime
1h 30min
Country
United States
Popularity
12.517
Status
Released
ID IMDb.com
tt0118708
IMDB Rating
5.6
IMDB votes
41000
ID Themoviedb.org
9622
TMDb Rating
5.7
TMDb votes
570