Channel Myanmar

Big Eyes (2014)

Big Eyes    

PG-13 1h 46min BiographyCrimeDrama

7.0
IMDB: 7.0/10 82,831 votes

, , , ,

, , , , , , , , , , ,

Won 1 Golden Globe. Another 2 wins & 18 nominations.

USA, Canada

266101

Report error

Big Eyes (2014)
IMDb – 7.0/10_____Rotten – 72%

ဒီကားရိုက်ရဲ့ ဒါရိုက်တာ Tim Burton ရိုက်ထားတဲ့ Big Fish, Alice In Wonderland, Edward scissorhands တို့ Charlie and the chocolate Factoryတို့လို ဇာတ်ကားကောင်းတွေကို ကြည့်ဖူးကြမှာပါ။
Tim Burtonရဲ့ ကားတွေဟာ ရိုက်ဟန်ထူးခြားပြီး ပစ်ရတဲ့ကားလည်း မရှိသလောက်ပါပဲ။
အခု Big Eye ကလည်း သူရိုက်ခဲ့တဲ့ Biography ကားတစ်ကားပါပဲ။

အနုပညာဆိုတာ ကိုယ်ရေးကိုယ်တာ အရမ်းဆန်ပါတယ်။
ကိုယ်ပိုင်ခံစားချက်ကို စကားလုံး ရုပ်ပုံ နိမိတ်ပုံ သံစဉ် အစရှိသဖြင့်ကူးပြောင်းရတာမျိုးပါ။
နှလုံးသားထဲက ထွက်လာတယ်ဆိုလည်း မမှားဘူးပေါ့ဗျာ။

Margaretဆိုတဲ့ ပန်းချီဆရာမ တစ်ယောက်ဟာ သူ့ခံစားချက်တွေကို ပန်းချီဆွဲတဲ့ အခါတိုင်း မျက်လုံးကို အရှိတရားထက် ကြီးအောင် ရေးဆွဲပြီး ခံစားချက်ပေါ်လွင်အောင် ဆွဲလေ့ရှိတယ်။
သူ့စကားအတိုင်းဆို ” မျက်လုံးဆိုတာ စိတ်ဝိညာဉ်ရဲ့ တံခါးပေါက်တွေ” ပေါ့ဗျာ

အနုပညာသမားတစ်ယောက်အတွက် အဆိုးရွားဆုံး ခံစားချက်က ဘာများဖြစ်မလဲ။
သူ့ရဲ့အနုပညာကို ခိုးယူခံရပြီး တခြားသူတစ်ယောက်ရဲ့ နာမည် တပ်ခံရတာပါပဲ…

လူမသိ သူမသိ မြုံနေခဲ့ရတဲ့ သူ့ ရဲ့ ထူးခြားတဲ့ ပန်းချီဟန်တွေဟာ နာမည်ကြီးမဲ့ တစ်နေ့ကို ရောက်လာခဲ့တယ်။
ဒါပေမဲ့ပေါ့… သူဆွဲတဲ့ အနေနဲ့ မဟုတ်ပဲ အနုပညာဂုတ်သွေးစုပ်သူတစ်ယောက်ရဲ့ အမည်နာမ အောက်မှာ ကျော်ကြားသွားခဲ့ပါတယ်။
အဲ့ဒီ ဂုတ်သွေးစုပ်သူကလည်း အနုပညာရဲ့ တန်ဖိုးကို နားလည်ပေမဲ့ ကိုယ်တိုင်မဖန်ဆင်းနိုင်တဲ့ လူတစ်ယောက်ပါ။
ကြားဖူးတဲ့ စကားလေးလိုပေါ့ “အနုပညာဆိုတာ မှော်ဆရာတိုင်း ကလို့ရတဲ့ ဓားပညာမှ မဟုတ်ပဲ”

ဒီလိုဆိုးရွားလွန်းတဲ့ အနုပညာ ဂုတ်သွေးစုပ်ခံရတဲ့ အဖြစ်အပျက်ဟာ ဆယ်နှစ်တာ ကြာခဲ့ပါတယ်။
ဘာရယ် ဘယ်လိုတွေကြောင့် Margaret ဒီလောက် သည်းသီးခံခဲ့လည်းဆိုတာကိုတော့ Big Eye ဆိုတဲ့ ဖြစ်ရပ်မှန် ကားလေးကို ခံစားကြည့်ကြပါ။

Margaret အဖြစ်နဲ့တော့ Amy Aadam သရုပ်ဆောင်ထားပြီး အတော်လည်း ပီပြင်ခဲ့တဲ့အပြင် Imdb 7 နဲ့ ခရမ်းချဉ်သီး 72လုံးရထားပါတယ်။

(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)

 

ဒီကား႐ိုက္ရဲ႕ ဒါ႐ိုက္တာ Tim Burton ႐ိုက္ထားတဲ့ Big Fish, Alice In Wonderland, Edward scissorhands တို႔ Charlie and the chocolate Factoryတို႕လို ဇာတ္ကားေကာင္းေတြကို ျကည့္ဖူးၾကမွာပါ။
Tim Burtonရဲ႕ ကားေတြဟာ ႐ိုက္ဟန္ထူးျခားၿပီး ပစ္ရတဲ့ကားလည္း မ႐ွိသေလာက္ပါပဲ။
အခု Big Eye ကလည္း သူ႐ိုက္ခဲ့တဲ့ Biography ကားတစ္ကားပါပဲ။

အႏုပညာဆိုတာ ကိုယ္ေရးကိုယ္တာ အရမ္းဆန္ပါတယ္။
ကိုယ္ပိုင္ခံစားခ်က္ကို စကားလုံး ႐ုပ္ပုံ နိမိတ္ပုံ သံစဥ္ အစ႐ွိသျဖင့္ကူးေျပာင္းရတာမ်ိဳးပါ။
ႏွလုံးသားထဲက ထြက္လာတယ္ဆိုလည္း မမွားဘူးေပါ့ဗ်ာ။

Margaretဆိုတဲ့ ပန္းခ်ီဆရာမ တစ္ေယာက္ဟာ သူ႔ခံစားခ်က္ေတြကို ပန္းခ်ီဆဲြတဲ့ အခါတိုင္း မ်က္လုံးကို အ႐ွိတရားထက္ ႀကီးေအာင္ ေရးဆဲြၿပီး ခံစားခ်က္ေပၚလြင္ေအာင္ ဆဲြေလ့႐ွိတယ္။
သူ႔စကားအတိုင္းဆို ” မ်က္လုံးဆိုတာ စိတ္ဝိညာဥ္ရဲ႕ တံခါးေပါက္ေတြ” ေပါ့ဗ်ာ

အႏုပညာသမားတစ္ေယာက္အတြက္ အဆုိးရြားဆုံး ခံစားခ်က္က ဘာမ်ားျဖစ္မလဲ။
သူ႕ရဲ႕အႏုပညာကုိ ခုိးယူခံရျပီး တျခားသူတစ္ေယာက္ရဲ႕ နာမည္ တပ္ခံရတာပါပဲ…

လူမသိ သူမသိ ျမဳံေနခဲ့ရတဲ့ သူ႔ ရဲ႕ ထူးျခားတဲ့ ပန္းခ်ီဟန္ေတြဟာ နာမည္ႀကီးမဲ့ တစ္ေန႔ကို ေရာက္လာခဲ့တယ္။
ဒါေပမဲ့ေပါ့… သူဆဲြတဲ့ အေနနဲ႔ မဟုတ္ပဲ အႏုပညာဂုတ္ေသြးစုပ္သူတစ္ေယာက္ရဲ႕ အမည္နာမ ေအာက္မွာ ေက်ာ္ၾကားသြားခဲ့ပါတယ္။
အဲ့ဒီ ဂုတ္ေသြးစုပ္သူကလည္း အႏုပညာရဲ႕ တန္ဖိုးကို နားလည္ေပမဲ့ ကိုယ္တိုင္မဖန္ဆင္းႏိုင္တဲ့ လူတစ္ေယာက္ပါ။
ၾကားဖူးတဲ့ စကားေလးလိုေပါ့ “အႏုပညာဆိုတာ ေမွာ္ဆရာတိုင္း ကလို႔ရတဲ့ ဓားပညာမွ မဟုတ္ပဲ”

ဒီလိုဆိုးရြားလြန္းတဲ့ အႏုပညာ ဂုတ္ေသြးစုပ္ခံရတဲ့ အျဖစ္အပ်က္ဟာ ဆယ္ႏွစ္တာ ၾကာခဲ့ပါတယ္။
ဘာရယ္ ဘယ္လိုေတြေၾကာင့္ Margaret ဒီေလာက္ သည္းသီးခံခဲ့လည္းဆိုတာကိုေတာ့ Big Eye ဆိုတဲ့ ျဖစ္ရပ္မွန္ ကားေလးကို ခံစားၾကည့္ၾကပါ။

Margaret အျဖစ္နဲ႔ေတာ့ Amy Aadam သ႐ုပ္ေဆာင္ထားၿပီး အေတာ္လည္း ပီျပင္ခဲ့တဲ့အျပင္ Imdb 7 နဲ႔ ခရမ္းခ်ဥ္သီး 72လုံးရထားပါတယ္။

(အညႊန္းနဲ႔ဘာသာျပန္သူကေတာ့ WiRa Aung ျဖစ္ပါတယ္)

 

File size__(909 MB)
Quality__BR-Rip 720p
IMDb Rating__7.1/10
Rotten Tomatoes 72%
Format__mp4
Duration__01:46:00
Type__Biography, Crime , Drama
Subtitle__Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Naing Aung Latt


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Big Eyes (2014)


No downloads available

Genres



Related movies