Channel Myanmar


Report error

spree

ကမ္ဘာကြီးမှာ ဒုက္ခတွေ အလိုရမက်လောဘ
သားတွေ ထူပြောလာတာနဲ့အမျှ

ဆေးကြောသုတ်သင်မယ့်သူတွေပေါ်
လာစမြဲပါပဲ Kingmans:The Secret Service

ထဲက ဗယ်လတိုင်းလိုမျိုး ဒါမှမဟုတ်
Avengers:Age of Ultron ထဲက Ultron

ကြီးလိုမျိုးပေါ့ ဒါပေမယ့်အခုဇာတ်ကားမှာ
တော့ နတ်ဆိုးလိုလိုဘာလိုလိုအမျိုးအမည်

မသိတဲ့ ကောင်ကြီးအနေနဲ့မြင်ရမှာပါ
သူတို့ကို မမြင်ရဘူး မြင်ရ ရင်လဲအဲ့လူက

အသက်မရှင်ဘူး ကိုယ့်ကိုကိုယ်သတ်
သေမိတော့တာပဲ ဇာတ်လမ်းအကျဉ်းက

တော့ အဲ့သဘာဝလွန်ကောင်ကြီးထွက်လာ
တယ်ပေါ့ လူတွေလဲ အစကမသိတော့ကြည့်

မိကြပြီး ရူးကုန်တယ် ကိုယ့်ကိုကိုယ်သတ်သေ
တယ် စိတ်တွေ လွတ်ထွက်ကုန်တယ်

တစ်ရက် မယ်လိုရီဆိုတဲ့ ကျွန်တော်တို့
မင်းသမီးချောကြီး Sandra Bullock တစ်

ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြ
တာပေါ့ လမ်းမှာ အဲ့ကမ္ဘာပျက်မယ့်အဖြစ်

အပျက်နဲ့ ကြုံတွေ့မိတာပဲ ကံကောင်းချင်
တော့ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်

ထဲရောက်ခဲ့တယ် အဲ့အိမ်မှာလဲအခြားသူ
တွေရှိတာပေါ့ ဒီတော့ဇာတ်လမ်းက survival

ဇာတ်လမ်း အဲ့အိမ်ထဲမှာပိတ်မိနေတဲ့သူတို့
Medusa လိုမျိုးအကြည့်တစ်ချက်နဲ့ရူးစေတဲ့

နတ်ဆိုးကြီးဘေးက ကမ္ဘာပျက်ကပ်ဆိုက်
နေတဲ့ဘေးကဘယ်လိုရှင်သန်အောင်လုပ်ကြ

မလဲ ဇာတ်သိမ်းလေးဘယ်လိုဖြစ်သွားမလဲ
ကတော့ ကိုယ့်ဖာသာပဲကြည့်ရှုခံစားကြည့်ပါ

ဆိုတော့တာ ဒီကားလေးက rating သိပ်
မများပေမယ့် အတော်လေးသပ်ရပ်လှပတဲ့

ကားလို့မြင်မိပါတယ် နာမည်လေးကလဲ
Bird Box ငှက်အိမ်လေးတဲ့ ဒီနာမည်ပေး

ထားတာလေးကိုချီးကျူးမိတယ် ဇာတ်လမ်း
နဲ့လဲဆက်စပ်နေတာကိုး ဆိုတော့ကာ plot

ကကျွန်တော်ပြောခဲ့သလိုပဲဘာမှ သိပ်
ထူးထူးခြားခြားကြီးမရှိဘူး ဒါပေမယ့်ကြည့်

ရတာတော့သိပ်ကိုထူးခြားမှာပါ အဲ့လိုထူးခြား
အောင်လဲ မင်းသမီးကြီး Sandra Bullock

ကဆွဲခေါ်ပေးသွားတာပါ ကလေးသရုပ်
ဆောင်နှစ်ယောက်ကလဲလျှမ်းလျှမ်းတောက်ပဲ

မင်းသမီးကြီးကို The Blind Side တို့
Gravity တို့မှာကတည်းကကြွေတာ အခုဒီ

ကားမှာလဲ သူတစ်ယောက်တည်းနဲ့တင်
ဇာတ်အိမ်တစ်ခုလုံးစလယ်ဆုံး survival

ဆိုတဲ့အခြေနေကိုပေါ်လွင်အောင်ဖမ်း
စားပေးနိုင်တယ် ဒီကားက thriller နဲ့ drama

type လို့ပြောထားပေမယ့် thriller ကိုတော့
သိပ်မခံစားရဘူး drama ဘက်ပိုအလေး

သာတယ်လို့ ထင်မိတယ်အဲ့ဒါကလဲ ဒါရိုက်တာ Susanne Bier ကြောင့်နေမယ်

သူက drama တွေအရိုက်များတယ်ဆိုတော့
thriller ဖြစ်စေမယ့် scene တွေမှာသမားရိုး
ကျဆန်နေတယ်

ဒီ Bird Box လေးဟာ 2014 က

အမေရီကန်စာရေးဆရာ Josh Malerman

ရဲ့ ဝတ္ထုကိုပြန်အသက်သွင်းထားတာမို့လို့
movie ရဲ့ပေးချင်တဲ့ message က စာအုပ်

နဲ့ထပ်တူထပ်မျှပါပဲ demon ကောင်တွေ
ဘာညာတွေက အဓိကမဟုတ်ဘူးပေါ့

သင်သာ survival အခြေနေရောက်ရင်
ဘယ်သွားသွားမျက်လုံးအဝတ်စည်းပြီး

သွားရ မယ်ဆိုရင်ဘယ်လိုခံစားရမလဲ
ဘယ်လောက်ထိ ရဲဆေးတင်ဖို့လိုမလဲဆိုတာ

ကို မိန်းမတစ်ယောက်ရဲ့ ခွန်အားဆုံးဖြတ်နိုင်
စွမ်းနဲ့ Sandra Bullock ရဲ့ အနုပညာ
အရောနှောလေးပေါင်းပြီး

End of the World
ဖီလင်လေးကို ခံစားကြည့်ရတာ သင့်အတွက်

တွေးစရာလေးတစ်ခုရသွားမယ်ဆိုရင်တော့
မမှားပါဘူး

ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင်က ဘာသာပြန်ပေးထားပြီး

အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်

Rating
IMDb-6.6
Rotten Tomatoes-64%

Bird Box (2018)
Bird Box (2018)


No downloads available

Genres

Related movies