Blackwood (2022)
==============
ပိုက်ဆံရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်တတ်တဲ့ဝရမ်းပြေး ဝိုင်လ်ဒါနဲ့
သူ့အဖွဲ့က Blackwood။ တောအုပ်ထဲမှာရွှေရှာသမားတွေနောက်လိုက်ပြီး
ရွှေတွင်းတွေကိုတစ်ဖက်လှည့်နဲ့လုယူဖို့ ခိုင်းစေခြင်းခံခဲ့ရပါတယ်။
သူ့လူတစ်ယောက်ကိုသတ်သွားပြီးမြင်းကိုပါယူသွားတဲ့ အင်ဒီယန်းမလေး
နောက်လိုက်ရင်း ဝိုင်လ်ဒါတို့အဖွဲ့ အိပ်ယာဝင်ပုံပြင်လိုဒဏ္ဍာရီဇာတ်လမ်းရှိတဲ့
Blackwood တောထဲရောက်လာရာကနေ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို
ကိုယ်တွေ့ကြုံဖို့ဖြစ်လာခဲ့ကြတဲ့အခါမှာတော့။
၂၀၂၂ထွက် ကောင်းဘွိုင်းဇာတ်လမ်းဇာတ်သွားမျိုးနဲ့ ထိတ်လန့်သည်းဖို
ဇာတ်ကားလေးတစ်ကားကို ကြည့်ရှူခံစားသွားရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)